4.17.2010

ဘုရားဖူးမြန်မာရဟန်းတော်၂ပါးနှင့် ဒကာ၅ဦးတို့ အားထိုင်းရဲကဖမ်းဆီးပြန်လွှတ်

ဧပြီ ၁၇

ရန်ကုန်နှင့် တင်္နသာရီတိုင်း ပလောမြို့ တို့ က အလည်ကြွလာသည့် မြန်မာရဟန်းတော်၂ပါးနှင့် ဆွမ်းတကာ ၅ဦင်္း တို့  ဘန်ကောက်မြို့ အနီး နကပထုန်ဘုရားကြီး အားဖူးမျှော်ပြီး တက္ကစီ(အငှါးကား) ငှားရမ်းနေစဉ် ထိုင်းရဲများက ဖမ်းဆီးပြီးတစ်ဦလျှင် ဘတ်တစ်ထောင်စီပေးရန် တောင်းခံခဲ့သည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ အကူအညီတောင်းခံခဲ့သဖြင့် ဖုန်းဖြင့် မေတ္တာရပ်ခံခဲ့သည်။ အထူးသဖြင့် ဆွမ်းတကာကိုစူးငယ်တို့ အလုပ်လုပ်သည့် သူဌေးမက လာရောက်ပြီး အကျိုးအကြောင်းပြောခဲ့ခြင်းကြောင့် ဖမ်းဆီးပြီး၁နာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက် သည်။
တနင်္သာရီတိုင်း ပလောမှ ဦးခန္တီစာရ နှင့်ရန်ကုန်မြို့ မှ ဦးအာစရတို့ နှစ်ပါး ပြီးခဲ့သည့် အပတ်က မဟာချိုင်မြို့ ရှိ ဆေးပေါင်းကျောင်းတွင် ခေတ္တတည်းခို သီတင်းသုံးနေတော်မူခဲ့သည်။ နကပထုန်တွင် နေထိုင် အလုပ်လုပ်ကိုင်သည့် ထားဝယ်နယ်သား ကိုစူးငယ်တို့ က ဆွမ်းစားပင့်ဆောင်ခဲ့သည်။
ရပ်ဆွေရပ်မျိုး အသိမိတ်ဆွေများ ဆွမ်းဆက်ကပ်ပြီးနောက် နကပထုန်ဘုရားကို တက်ရောက် ဖူးမျှော်ခဲ့ကြ သည်။

ဖမ်းဆီးခံရသည့် မြန်မာသံဃာတော် ၂ပါးလုံးတွင် နိုင်ငံကူးလက်မှတ်ပတ်စပို့များ ကိုင်ဆောင်ထားသည်။ ဒေသခံ ဆွမ်းတကာ ၅ဦးတို့ မှာလည်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရှိသူများဖြစ်ကြသည်။

အရှင်ဦးအာစရက “ဘုရားဖူးပြီး ပြန်ဆင်းလာပြီ။ ကားငှါးတဲ့အခါ ထိုင်းပုလိပ်၎ယောက်လိုက်လာပြီး ဘတ်တွေ၊ စာအုပ်တွေကိုသိမ်းယူသွားတယ်၊ တစ်ယောက်ကို ဘတ်တစ်ထောင်စီပေးရမယ်လို့ ပြောတယ်၊ မပေးရင် အချုပ်ထဲသွင်းမယ်လို့ ပြောတယ်။ တကာကြီးတို့ကို ကျေးဇူးတင်ပါတယ်၊ ဦးဇင်းတို့ မရောက်ဖူးလို့  အလည်လာတာပါ၊ မကြာခင်ပြန်ကြွမှာပါ”ဟု မိန့်တော်မူသည်။

အလုပ်သမားအဖွဲ့ က ကိုစိုင်းအေးက “ကျနော်ဦးဇင်းဖုန်းက တစ်ဆင့် ပုလိပ်ကို စကားပြောတယ်၊ ကျနော့်ကို ဘတ်ရှိလို့လားတဲ့ဗျာ၊ ခက်လိုက်တဲ့ပုလိပ်တွေ၊ ကျနော်ကပြောတယ်၊ ဘုန်းကြီးတွေက အလည်လာတာ၊ ဘုရားလာဖူးတာ၊ လူတွေကလည်း အဲဒီမှာအလုပ်လုပ်တဲ့လူတွေ၊ဘတ်လည်းရှိတယ်၊ ဘာဖြစ်လို့ဖမ်းလဲ၊ ရဲစခန်းကို ခေါ်သွားမယ်ဆိုရင် ဖုန်းနံပတ်ပေး ဘာညာပေါ့ဗျာ၊ တောင်းတောင်းပန်ပန်လေး ပြောလိုက် ပါတယ်၊ ကျနော်ပြောလို့ လွတ်လာတာတော့ မဟုတ်တန်ရာပါဘူး။ ကံကောင်းလို့ ငွေမကုန်ခဲ့တာပဲ ပြောကြပါစို့” ဟု ပြောသည်။

ဆွမ်းတကာ ကိုစူးငယ်က “ ကိုယ့်ရပ်ရွာက ကိုယ်တော်တွေနိုင်ငံခြားကို ကြွလာလို့ လှူချင်တန်းချင်ရင် နယ်မြေပုလိပ်ကို ခွင့်ပြုချက်ယူရမလို ဖြစ်နေတယ်၊ ဘန်ကောက်က အကိုတို့ ဖုန်းနဲ့စကားပြောတာကို ဆုံးအောင် ပုလိပ်က မပြောဘူး ။ အမူအယာတော့ ချက်ခြင်းပြောင်းသွားတယ်၊ ပုလိပ် ၄ယောက် ချက်ခြင်း ပြန်သွားတယ်၊ တစ်ယောက်စောင့်နေခဲ့တယ်။ ကျနော့်သူဌေးမ ရောက်လာတော့ ပိုက်ဆံတော့ မပေးရပါဘူး၊ ၁နာရီလောက် စိတ်ဆင်းရဲလိုက်ရတယ်ဗျာ”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ ဘတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုင်းရဲများဖမ်းဆီး ငွေတောင်းလျှင် ပေးရလေ့ရှိသည်။ မဟာချိုင်တွင် အလုပ်သမား အတော်များများ ယာယီပတ်စပို့နှင့် ဘတ်များလုပ်ကိုင်ထားသဖြင့် ၊အလုပ်သမားများ နေထိုင်သည့် အခန်းများသို့ ရှောင်တခင်ဝင်ရောက်ပြီး စားစရိတ်များမှတ်ထားသည့် ဗလာစာအုပ်မှ စာရင်းများကို ချဲထီ အလောင်းအစားလုပ်ကြောင်း စွပ်စွဲပြောဆို၊ ခြိမ်းခြောက်လျှက် ဖမ်းဆီးငွေတောင်းခံလျှက် ရှိကြောင်း အလုပ်သမားများ ပြောပြ၍ သိရှိရသည်။

No comments:

Post a Comment