4.23.2010

ရခိုင်မိသားစုပေါင်း(၂၀) ကျော် မီးဘေးကြုံ

Photobucket
ဧပြီ၂၃
၂၀၁၀-ခုဧပြီလ-၁-ရက်နေ့ သန်းခေါင်ကျော်အချိန်၊ ဘင်္ဂလားဒေခ်ျနိုင်ငံ ၊ ရွာတော်ခရိုင်၊ အလယ်ခေါ်တောင် ဈေးကြီးကို မီးလောင်ရာ ဆိုင်ခန်းပေါင်း-၂၄၆-ခန်း ပြာကျသွားခဲ့ပြီး ၄င်းနိုင်ငံသုံးငွေ၊ တာကာ သိန်းပေါင်း -၂၀၀-ကျော်ဖိုး ဆုံးရှုံးသွားခဲ့သည်၊

၎င်းတို့အနက် ဒေသခံရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံမှ ရခိုင်လူမျိုး-၂၀-ကျော်တို့၏ အိမ်နှင့် ဆိုင်ခန်းများလည်း ဆုံးရှုံးခဲ့သည်။ ၄င်းတို့ကို အာဏာပိုင်မျာက တာကာ-၁၅၀၀၀-နှင့် ဆန်-၂၀-ကီလိုဂရမ်စီ ထိုနေ့မှာပင် ထုတ် ပေးပြီး ဆိုင်ခန်းဆောက်ရန် တာကာ ၂-သိန်းစီ အစိုးရကထုတ်ချေးမည်ဟု သိရသည်။

လောလောဆယ်တွင် ၀ါးဖြင့် ယာယီဆိုင်ခမ်းများ ဆောက်လုပ် ရောင်းချနေကြဆဲဖြစ်ပြီး အစိုးရထံမှ ထုတ်ချေးငွေရမှ တိုက်ခန်းများ ဆောက်လုပ်ကြမည်ဟု သိရသည်။ မြန်မာနိုင်ငံသား မီးဘေးခံခဲ့ရသူတစ်ဦးက “အာဏာပိုင်တွေဆီက ခုလိုစောစောစီးစီး အကူအညီရမယ် မထင်ခဲ့ဘူးဗျ - -လောလောဆယ် ရပ်တည်စရာလည်းရ၊ ဆိုင်ခန်းပြန်ဆောက်ဖို့ သုံးနှစ်ကြာ အရစ်ကျဆပ်ရမဲ့ ငွေနှစ်သိန်းလည်း ရအုံးမှာဆိုတော့ မီးလောင်လို့ ၀မ်းနည်းရပေမဲ့ တဖက်က အားတက်စရာပေါ့ဗျာ” ဟု ပြောပြပါ၏။

သတင်းပို့သူ မင်းပြားမောင်(ဘင်္ဂလားဒေ့ခ်ျ)

No comments:

Post a Comment