4.26.2010

စိတ်ကြွဆေးပြားများနှင့် မြန်မာ၂ဦးအား ထိုင်းရဲထောက်လှမ်းရေးများက ဖမ်ဆီး

ဧပြီ ၂၆ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ထိုင်းနိုင်ငံအလယ်ပိုင်း အန်းထောင်းရဲစခန်းမှ ရဲအရာရှိ ဆူလစ်ချိုင်ဆူစို့က ယာဘစိတ်ကြွဆေးပြား အလုံးရေ ၁၉၀၀၀အပြင်၊ လက်ကိုင်ဖုန်း၂လုံးနှင့် ဘတ်ငွေငါးသောင်းတို့အား မြန်မာ၂ဦးထံမှ ဖမ်းဆီးရကြောင်း ထိုင်ရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

ဘန်ကောက်မြို့ မြောက်ဘက် ၁၀၅ကီလိုမီတာအကွာ အန်ထောင်မြို့အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှု စီမံချက်ဖြင့် ထိုင်းလူမျိုး ၁၅ဦးတို့အား စစ်ဆးခဲ့ရာ မြန်မာနိုင်ငံသားများဆီမှ ၀ယ်ယူသုံးစွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထိုင်းထောက်လှမ်းရေးက ကရင်လူမျိုး အသက် ၂၈ နှစ်အရွယ် လုံးချိုင်ထံမှ အလုံးရေ ငါးသောင်းအား ဘတ်ငွေ ငါးသိန်းဖြင့် ၀ယ်ယူရန် အန်ထောင်မြို့ ဈေးတစ်နေရာသို့ ချိန်းဆိုပြီး ဖမ်းဆီးလိုက်သည်။ ဆက်လက် ဖေါ်ထုတ်စစ်ဆေးချက်အရ အသက်၃၇နှစ်အရွယ် ဗမာလူမျိုး စန်းထွေးထံမှ ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထိုင်းထောက်လှမ်းရေးက ဘန်ကောက်မြို့တွင် နေထိုင်သည့် စန်းထွေးအား ဖမ်းဆီးနိုင်ရန် ဘန်ကောက်မြို့  ခေါင်တန်နယ်မြေသို့ လာရောက်ခဲ့သည်။ ထို့နောက် စိတ်ကြွးဆေးပြားအလုံး တစ်သောင်းခွဲ ၀ယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်။

စန်းထွေးက အဆိုပါ ဆေးပြားတစ်သောင်းခွဲတို့အား နေကြာစေ့အိပ်အတွင်းထည့်လျှက် လာရောက်ပို့ဆောင် စဉ် ဖမ်းဆီးလိုက်သည်။ ထို့ နောက် စန်းထွေး နေထိုင်သည့် အခန်းကို လိုက်လာပြီး ထပ်မံရှာဖွေရာ အလုံးရေ ၄၀၀၀ ကို ထပ်မံတွေ့ရှိ သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးမိသူ ၂ဦးက ကိုယ်ပိုင်ကားများမသုံးပဲ မဲဆောက်တွင်ရှိသည့် နိုင်စိုးထံမှ ၀ယ်ယူပြီး ၂ထပ် ခရီးသည်တင် အထူးကားများဖြင့် သယ်ယူခဲ့ပြီး အန်ထောင်သို့ ဖြန့် ဖြူးရောင်းချသည်ဟု ထွက်ဆို သွားကြ ကြောင်း ရဲအရာရှိက ၂၄ ရက်နေ့တွင် ထိုင်းရပ်သတင်းစာသို့ ပြောသည်။

No comments:

Post a Comment