5.02.2010

နာဂစ်(၂) နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ထိုင်းနယ်စပ်တွင်ကျင်းပ

Photobucket
Photobucket
၂ မေ ၊ ၂၀၁၀ 
နာဂစ်ဘေးဒဏ်ခံခဲ့ရသော ပြည်သူလူထုများအတွက်နှင့် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ကျဆုံး ခဲ့ရသော ရဟန်းရှင်လူပြည်သူများအတွက် ၁၃၆ ကြိမ်မြောက် ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့တွင် ယနေ့ ညနေကပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို ထိုင်းနိုင်ငံနယ်စပ်ရှိ လူထု အခြေပြု အဖွဲ့အစည်းများက စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ မယ်တော်ဆေးခန်း၏ တာဝန်ခံ ဒေါက်တာ စင်သီယာမောင်နှင့် လူထုအခြေပြု အဖွဲ့ အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ထို့အတူ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ကျဆံးခဲ့ရသော ရဟန်းရှင်လူ ပြည်သူလူထုများအတွက် အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲကို မပျက် မကွက် ကျင်းပခဲ့ကြသော မျိုးဆက်သစ် ကျောင်းသားလူငယ်များ အစည်းအရုံးမှ ကျောင်းသား လူငယ်များ လည်း တက်ရောက်ခဲ့ကြပါသည်။
မျိုးဆက်သစ်ကျောင်းသားလူငယ်များ အစည်းအရုံးနှင့်အတူ အပါတ်စဉ်ဆုတောင်းပွဲများကို ပါဝင် ဆောင်ရွက်ခဲ့သူ ရွှေ့ပြောင်းဒေသ ဆရာ ဆရာမများ အစဉ်းအရုံး၏ အထွေထွေအတွင်းရေးမှူးနှင့် အာကာဘီ မူတန်းကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဆရာမန်းဒေးဗစ်မင်းနိုင်က ယနေ့ အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပါတ်သက်၍ ပြောပြရာတွင် “ ကျွန်တော်တို့ ယနေ့လုပ်ရတဲ့ ရည်ရွယ်ချက်က နာဂစ်မှာ သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပေးရုံသာ မကပါဘူး ။ အဲဒီဒေသမှာ အသက်ရှင် ကျန်ရစ်သူတွေ အတွက်လည်း ဆုတောင်းပေးတာပါ။ ကျန်ခဲ့သူတွေမှာ သူတို့ရဲ့ ဆွေမျိုးသားချင်း ညီအကို မောင်နှမတွေ ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒုက္ခတွေတင်မက သူတို့ဘဝ ရပ်တည် ဆက်လက်ရှင်သန်နေရေး အတွက် အခက်အခဲ ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ရေအခက်အခဲကစပြီး အသက်မွေးဝမ်းကျောင်းဖို့ အခက်အခဲတွေ ရှိနေတာကိုပါ ပြေလည်နိုင်ကြပါစေကြောင်း ဆုတောင်းပေးတာပါ။ ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး နောက်ပိုင်းမှာ ကျဆုံးခဲ့ရတဲ့ ရဟန်းသံဃာနဲ့ ပြည်သူလူထုတွေအတွက် ကျွန်တော်တို့ ပုံမှန် တနင်္ဂနွေနေ့တိုင်း ဆုတောင်းပွဲတွေ လုပ်ခဲ့တာ ဒီတပါတ်ဟာ ၁၃၆ ကြိမ်မြောက် ဖြစ်ပါတယ် ” ဟု ပြောပြသွားခဲ့ပါသည်။ 
မနက်ဖြန်တွင် ၂ နှစ်ပြည့်မြောက်မည်ဖြစ်သော နာဂစ် ၂နှစ်ပြည့် အခမ်းအနားများကို ဂျပန်နိုင်ငံ တိုကျိုမြို့ နှင့် သြစတေးလျှနိုင်ငံ မဲဘုန်းမြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။ 
အောက်ပါလင့်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နာဂစ်(၂)နှစ်မြောက် အောက်မေ့ဘွယ် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား(တိုကျို)။

နာဂစ် (၂) နှစ် မြောက် ဆွမ်းသွပ် အမျှဝေ အလှူပွဲနဲ. ကဆုန်ညောင်ရေသွန်းပွဲ မှတ်တမ်းဓါတ်ပုံများ။ (Original Message)

No comments:

Post a Comment