5.09.2010

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် ယခင်တကြိမ်ကထက် အဆင့်နိမ့် အရာရှိများဖြင့်သာ တွေ့ဆုံခွင်ရ

ရန်ကုန်၊ မေ ၉။
ယနေ့နေ့လည် တနာရီ ဆယ့်ငါးမိနစ်က အထူးလေယာဉ်ဖြင့် နအဖ၏ အုပ်ချုပ်ရေးရုံးများစိုက်ရာ နေပြည်တော်သို့ သွားရောက်ပြီး တနာရီကျော် ဆွေးနွေးခဲ့ရာတွင် နအဖ၏ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟုလည်း ဆိုပါသည်။

ဗိုလ်ချုပ်ကျော်ဆန်းသည် မကြာသေးခင်ကပင် ကြံဖွံ့ပါတီနှင့်အတူ ရွေးကောက်ပွဲဝင်ရန်အတွက် သူ၏ စစ်ဘက်ရာထူးမှ နှုတ်ထွက်ထားပြီး ဖြစ်ပါသည်။ သူနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ဝင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးခင်အောင်မြင့် (၄င်းသည်လည်း စစ်ဘက်ရာထူးမှ ရွေးကောက်ပွဲဝင်ရန် နှုတ်ထွက်ထားပြီး ဖြစ်ပါသည်)။ ထိုကြံဖွံ့ဝန်ကြီး နှစ်ဦးကသာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ရှင်းလင်း ပြောပြခဲ့သည်ဟု နေပြည်တော်မှ အမည်မထုတ်ဖေါ်လိုသော အဆင့်မြင့် အရာရှိ တဦးက ပြောပြခဲ့ပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၃ရက် နှင့် ၄ရက်က မြန်မာပြည်သို့ ပထမအကြိမ် လာရောက်ခဲ့စဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် တွေ့ဆုံခွင့် ရခဲ့သော်လည်း ၊ ယခုတကြိမ်တွင် တဆင့်နိမ့် အရာရှိများသာမက အနာဂတ်၏ ကြံ့ဖွံ့ခေါင်းဆောင် တချို့ နှင့်သာ တွေ့ခွင်ရခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နှင့် သူ၏ အဖွဲ့သည် နေပြည်တော်တွင် တညနေထိုင်ပြီးနောက် ရန်ကုန်မြီု့သို့ပြန်လာပြီး မနက်ဖြန်နေ့လည် ၁နာရီတွင် အတိုက်အခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရန် စီစဉ်ထား ပါသည်။ ထို့အတူ ဦးတင်ဦးခေါင်းဆောင်သော NLD ပါတီ ဗဟိုကော်မတီ ၁၀ဦးနှင့်လည်း မနက်ဖြန်နံနက် ၁၁ နာရီတွင် သူတည်းခိုမည့် အမေရိကန်သံရုံး ဧည့်ဂေဟာတွင် တွေ့ဆုံရန် စီစဉ်ထားသလို အခြား ထင်ရှားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်လည်း ထိုနေရာတွင်ပင် ရန်ကုန်မှ ပြန်လည် မထွက်ခွာခင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားပါသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ရန်ကုန်မြီု့မှ မနက်ဖြန်ညနေ ရနာရီ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment