5.09.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Mr. Kurt Campbell in Bangkok talking to reporters before heading to Burma, May 08, 2010

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။

EU flag outside European Commission's Berlaymont building
A girl drinks water from a container as her homeless family eats donated food in Konegyangone township in the outskirts of Rangoon, 07 May 2008




more | audio




ရွှေလှပိုင်သည် ပင်လယ်ဓါးပြဗိုလ် ဖြစ်သည်။ ဆင်းရဲသားများကို ဒါးပြမတိုက်။ သူဋ္ဌေးများကိုသာ တိုက်သည်။ တိုက် ရာပါများကို ဆင်းရဲသားများသို့ဝေပေးကြောင်း နောင်မှသိရသည်၊ ပင်လယ်ဓါးပြအဖွဲ့များ တနင်္သာရီ...အပြည့်အစုံသို့

လူပျက်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ ထွန်းအောင်ကျော်.. Saturday, May 08, 2010
အပြစ်မဲ့သောပြည်သူ ထောင်ပေါင်းများစွာတို့ကို မည်သူတို့က သတ်ဖြတ်ခဲ့သနည်း၊ မည်သူတို့က ဖမ်းဆီးနှိပ်စက် ညှင်းပန်းခဲ့သနည်း? အဓိကတရားခံမှာ အကြမ်းဖက်သမား နအဖ သာ... အပြည့်အစုံသို့
သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ်သူ အေးလွင်နှင့် အပေါင်းအပါများ တားမြစ်ခြင်းခံရ
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ယခင်အပတ်က အေးလွင်နှင့် ရဲထွန်းညီအကိုတို့က ၂၀၁၀ စစ်အုပ်စုရွေးကောက်ပွဲကို ၀င်ရောက်ရန် ပါတီမှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသဖြင့် မြန်မာနိုင်ငံ၏ စာပေ၊ အနုပညာရှင်များ၊ ကျောင်းသားပြည်သူများနှင့် သက်ဝါကြီး လူပုဂ္ဂိုလ်ကြီးများ က စုပေါင်း လက်မှတ်ထိုး ကန့်ကွက်စာထုတ်ပြန်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့ ပေးအပ်ခဲ့သည်။
အပြည့်အစုံသို့ ...
 

ပဲခူး သောက်သုံးရေ ပြတ်၊ ကိုယ်ထူကိုယ်ရေအလှူရှင်တို့ အစွမ်းကုန် ဆောင်ရွက်နေကြ
သတင်းရင်းမြစ် - ဦးအေးမြင့်နှင့် လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ပဲခူး၊ သနပ်ပင်၊ ဝေါ၊ က၀ လေးမြို့နယ်တွင် ရာသီဥတုပူပြင်းမှု ပြင်းထန်သဖြင့် သောက်သုံးရေများ ပြတ်လတ်မှုများ ဖြစ်ပွားနေရာ မြို့နယ်တွင်းရှိ စေတနာ့ဝန်ထမ်း အစုအဖွဲ့များ၊ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး ရေဒုက္ခသည် ရွာသူ ရွာသားများထံအရောက် ကားကြီး ကားငယ်များ သုံးစွဲပြီး ရေကုသိုလ်ပြုလုပ်နေကြသည်ဟု သိရှိရသည်။
အပြည့်အစုံသို့ ...
 

ဂီတအနုပညာရှင်များနဲ့ နာရေးအနုပညာ - ၂ -
ကျော်သူ
မေ ၉၊ ၂၀၁၀
 Photobucket
နာရေးကူညီမှု၊ လူမှုရေးလုပ်ငန်းဟု ဆိုရာတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ထမ်းဆောင်ပေးဆပ်မှုတို့ကို လိုအပ်သည်။ လူမှုရေးလုပ်ငန်းကို မျိုးဆက်သစ်များ ပါဝင်လှုပ်ရှားလုပ်ကိုင်ခြင်းသည် တိုင်းပြည်အတွက် မင်္ဂလာရှိသော၊ အလားအလာကောင်းသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
အပြည့်အစုံသို့ ...
 

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံနေရာများတွင် အပူလှိုင်းကြီး၊ လူသေပျောက်မှုရှိ
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
၂၀၁၀ နှစ်ဆန်းကတည်းက ရန်ကုန်မြို့တွင် အပူချိန်မှာ မြင့်တက်လာခဲ့ရာ ယခု နွေရာသီ ကာလတွင် အဆိုးဝါးဆုံးဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။ မနက်ခင်းတွင် အပူချိန် ၁၀၀ ကျော်မှ နေ့လည် ၂ နာရီတွင် အပူချိန် ၁၁၀ မှ ၁၁၄ ရှိသည်ဟု သိရသည်။ ညနေဖက်တွင် အပူချိန်လျော့သွားသော်လည်း အေးမြသွားခြင်း မရှိဘဲ အပူချိန် ၉၀ နှင့် ၁၀၀ ကြား တန်းနေသည်။
        ရေချိုးခြင်း၊ ရေသောက်ခြင်းနှင့် အပူတွင်းမှ အအေးသို့ အကူးအပြောင်းကို ဆင်ခြင်မှုမရှိပါက အပူဟပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည်ဟု အများအားဖြင့် သိကြသော်လည်း အချို့မှာ မခံမရပ်နိုင်လွန်းသဖြင့် အနေအထိုင် မဆင်ခြင်မှုကြောင့် အသက်အန္တရာယ်များ ထိခိုက်ကြသည်ဟု ဆိုသည်။
အပြည့်အစုံသို့ ...
ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့အားခေါင်းဆောင်နေခြင်းကို သဘာဝမကျဟု ကော်မရှင်အား စာရေးသား တင်ပြ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၉၊ ၂၀၁၀
လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲ ကော်မရျင်ထံ ပါတီတည်ထောင်ခွင့် ပြုရေန် လျှောက်ထားခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင်များ နအဖ အစိုးရအဖွဲ့တွင်ရာထူး ဆက်လက်ရယူ ထားခြင်းနှင့် ကြံ့ဖွံ့ပါတီနှင့် အသင်းကွဲကွဲပြားပြား မရှိခြင်းအပေါ် ပြည်ထောင်စု ဒီမိုကရေစီပါတီမှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အပြည့်အစုံသို့ ...
မော်လမြိုင်-ရန်ကုန်အဝေးပြေးကားများကို လက်နက်ကိုင်တို့က ဆက်ကြေးတောင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၉၊ ၂၀၁၀
မော်လမြိုင်မှ ရန်ကုန် ညအဝေးပြေး ကားများအား သထုံအလွန် ဘီးလင်းမရောက်မီစပ်ကြား ဒုံးဝန်းအနီးတွင် လက်နက်ကိုင် လူစုက ကားကိုတားဆီးပြီး ကားပိုင်ရှင်ထံမှ တစီးလျင် ကျပ်ငွေ ၄သိန်း၊ ၅သိန်း တောင်းယူသည့် ဖြစ်ရပ် မေလ ၁ရက်နေ့ည ဖြစ်ပွားခဲ့သည်။
အပြည့်အစုံသို့ ...

No comments:

Post a Comment