

ရန်ကုန်၊ မေ ၂၄ ။ ၃နာရီ ၄၀ မိနစ်။
ရန်ကုန်မြို့၏ အကြီးဆုံးဈေး ဖစ်သော မင်္ဂလာဈေးတွင် ယနေ့ နံနက်ပိုင်းက မီးလောင်ကြွမ်းမှု ဖြစ်ပွါးခဲ့ရာ အထပ်လေးထပ်ရှိသော ဈေးအဆောက်အအုံ၏ အားလုံးနီးပါး လောင်ကြွမ်းသွားခဲ့ပါသည်။
မီးသတ်တာဝန် ရှိသူများက အပေါ်ဆုံးလေးထပ် အဆောက်အုံတွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကြွမ်းခဲ့သည်ဟု ဆိုပါသည်။
ယခုသတင်းရေးသားနေချိန် အထိ ကြိုးစားငြိမ်းသတ်နေဆဲ ဖြစ်သော်လည်း မီးမှာ ထိမ်းချုပ်၍ ရနိုင်သော အခြေအနေ မရှိသေးပါ။
တွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပမာဏမျှ ဆုံးရှုံးမှု ရှိမည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း မီးလောင်ကြွမ်းမှုကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးရလေ့ရှိပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
No comments:
Post a Comment