5.25.2010

မောင်းပြေးသည့်ကား တိမ်းမှောက် မြန်မာအလုပ်သမား ၉ဦး သေဆုံး

မေ ၂၄
ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ မှ ဘန်ကောက်မြို့သို့ ထိုင်းလူမျိုး နိုင်ချဖွန် မောင်းနှင်းလာသည့် နောက်အမိုးဖွင့် ဟိုင်းလတ်အမျိုးအစား ဘန်ကောက်လိုင်စင် ၈၆၈၃ ကားသည် ခြုံဘူရီမြို့ အနီး ကားလမ်းဘေး ဂျောက်ထဲထိုးကျသဖြင့် မြန်မာလုပ်သမား အချို့ သေဆုံးခဲ့ရသည်။
ယမန်နေ့  ညနေ ၅နာရီကျော်ခန့် က အဆိုပါကား၌ မြန်မာအလုပ်သမား လူကြီးနှင့် ကလေး ၂၈ ဦးတို့ အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဘန်ကောက်မြို့သို့ တင်ဆောင်လာစဉ် ဖက်ဘူရီမြို့ အဝေးပြေး လမ်းမပေါ်တွင် ရှိသည့် ရဲ စစ်ဆေးရေးဂိတ်မှ စစ်ဆေးရပ် ကားကိုရပ်နားခိုင်းခဲ့သည်။ သို့ ရာတွင် ကားမောင်းသူက ရပ်နားမပေးပဲ ကားကို အပြင်း မောင်းပြေးသဖြင့် ထိုင်းအရေးပေါ် ရဲကားဖြင့် လိုက်ခဲ့သည်။ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကားမှာ လမ်းကွေ့ တစ်ခု အရောက်တွင် ကားလမ်းဘေး ဂျောက်ထဲသို့  ထိုးကျသဖြင့် မြန်မာ ၇ဦးပွဲချင်းပြီး သေဆုံးပြီး ၂ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ ကျန်လူ၁၉ဦးစလုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် နီးစပ်ရာ ဆေးရုံတို့ တွင် ဆေးဝါးကုသမှုခံနေ ရကြောင်း ထိုင်းရုပ်မြင်သံကြား နံပါတ် ၇လိုင်းက ယမန် နေ့ ညက ထုတ်လွှင့်ပြသသွားသည်။
မြန်မာနိုင်ငံတွင် ရပ်တည်နေထိုင်ရေး၊ စားဝတ်နေရေး အထူးကျပ်တည်းခြင်းတို့ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ
သို့  ရရာလမ်းကြောင်းမှ ဖြစ်သည့် နည်းလမ်းပေါင်းစုံဖြင့် မြန်မာအများအပြား နေ့စဉ် ၀င်ရောက်လေ့ရှိသည်။ ထိုသို့ အလုပ်လုပ်ကိုင်ရန် ၀င်ရောက်လာစဉ်အတွင်း အချို့ မှာ ရောက်လို သည့်နေရာများသို့ ချောမောစွာ ရောက်ရှိခဲ့ကြသော်လည်း ယခုကဲ့သို့ ကြေကွဲဖွယ်ရာ သေဆုံးမှုများမှာ မကြာမကြာ ဖြစ်ပေါ်လေ့ရှိသည်။

No comments:

Post a Comment