5.30.2010

မြန်မာနိုင်ငံအေးချမ်းစေရေး မေတ္တာပို့ ဆုတောင်းပွဲနှင့် လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်

Photobucket

နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင် သံဃာတော်များနှင့် ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ဆုတောင်းပွဲနှင့် လမ်းလျှောက် ချီတက်ပွဲ တခုကို ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် ယနေ့နံနက် ၉နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုမေတ္တာပို့ဆုတောင်းပွဲနှင့် လမ်းလျှောက် ချီတက်ပွဲကို မြန်မာ၊ ထိုင်း၊ကမ္ဘောဒီယား၊ သြစတေလျ ၊ ဂျပန်၊မလေးရှား၊ဗီယက်နမ်၊ သိရိလင်္ကာ ၊ လာအို၊ မွန်ဂိုလီးယား၊ တိဘက်၊ ရုရှား၊ ကမီကီယာ (kalmykia) ၊ ထိုင်ဝမ်၊တရုတ်၊ ဘင်္ဂလားဒေ့ခ်ျ၊တောင်ကိုးရီယား၊ အိန္ဒိယတို့မှ သံဃာတော်များ၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၊ ထိုင်းနိုင်ငံသားများ၊ စိတ်ပါဝင်စားသူနိုင်ငံခြားသားများ စသည်ဖြင့် လူုတရာခန့်ပါဝင် ဆင်နွဲခဲ့ကြပါသည်။
Photobucket
ထိုင်းနိုင်ငံမှ သံဃာတော်
Photobucket
ရုရှားနှင့် ၊ကမ်မာကီးယားမှ သံဃာတော်များ
Photobucket
သိရိလင်္ကာ
Photobucket

တရုပ်နှင့် ထိုင်ဝမ်
ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် နံနက် ၉နာရီ တွင် စတင်စုဝေးစီတန်းပြီးနောက် နိုင်ငံအလိုက်သံဃာတော်များက ဆုတောင်း မေတ္တာပို့ကြရာတွင် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ၊ သိရီလင်္ကာ ၊ ထိုင်းနိုင်ငံ ၊ ဘင်္ဂလားဒေ့ခ်ျနှင့် အီန္ဒိယ စသည်ဖြင့် မိမိတို့နိုင်ငံ ဓလေ့ထုံးစံအရ မေတ္တာပို့ကြပြီး၊ မြန်မာနိုင်ငံမှ သံဃာတော်များ ရွေ့ပြောင်းအလုပ်သမားများက နမောတဿ သုံးကြိမ်ရွတ်ဆိုခြင်း ၊ မေတ္တာသုတ်တော်ကို ရွတ်ဖတ်ခြင်းတို့ ပြုလုပ်ပြီးနောက် “လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ” ဟု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဆုတောင်းပွဲကို ရုတ်သိမ်းခဲ့ပြီးနောက် UNHCR ရုံးရှေ့မှ စတင် ချီတက်လမ်းလျှောက်ခဲ့ကြပါသည်။
လမ်းဘေးဝဲယာတွင် ကြည့်ရှုအားပေးသူများဖြင့် စည်ကားစွာ ချီတက်ဆုတောင်း မေတ္တာပို့သည့် ခရီးစဉ်သည် မဲဆောက်မြို့ အထွက်နားရှိ ပန်းခြံတွင် ဆုတောင်းပွဲထပ်မံ ပြုလုပ်ပြီး အခမ်းအနား အစီအစဉ်များ ပြီးဆုံးမည် ဖြစ်ပါသည်။
ထိုကဲ့သို့ ဆုတောင်းပွဲတခုကို မနှစ်ကလည်း ထိုပန်းခြံတွင် ပြုလုပ်ခဲ့ပြီး ပန်းခြံမှ ချစ်ကြည်ရေး တံတားထိပ်အထိ လမ်းလျှောက်ခဲ့ကြပါသည်။

No comments:

Post a Comment