6.08.2010

မြေတူးအလုပ်သမားနှစ်ဦး မြေပြိုသေဆုံး၊ မြန်မာတစ်ဦးဒဏ်၇ာရ

မေ ၈

sie aye (RDJ)

ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့ နယ်၊ပထိုးမြို့ ပါသောင်ရွာ နာနိုင်လမ်းသွယ် (၁)ရှိ မြေလုပ်ငန်းခွင်တွင် မိုးရွာချ၍ မြေပြိုသဖြင့် ထိုင်းအလုပ်သမားတစ်ဦးနှင့် မြန်မာအလုပ်သမားတစ်ဦးတို့  သေဆုံးသွားပြီး မြန်မာတစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း ထိုင်းရုပ်မြင်သံကြားအမှတ် ၇ နှင့် ၃ တို့ တွင် ထုတ်လွှင့်ပြသ သွားသည်။

သေဆုံးသွားသူမှာ မကွေးတိုင်းပေါက်မြို့ နယ် တောင်ဘက်ရွာမှ အသက်၃၅နှစ်အရွယ် ကိုမင်းနိုင် ဆိုသူဖြစ်ပြီး အခြားဒဏ်ရာရရှိသူ၏ အမည်ကိုစုံစမ်းဆဲဖြစ်ကြောင်း အတူလုပ်ကိုင်သည့် အလုပ်သမားများက ပြောသည်။

ဖါးတိုက်နယ်ထုတ် စရံတိုက်သတင်းစာတွင် ဖူးခက်မြို့ နယ်သို့ အသစ်ရောက်ရှိလာသည့် စခန်းမှူးက မြေပြို သေဆုံးသည့် နေရာသို့ ရောက်ရှိလာပြီးလူများကို စစ်ဆေးခဲ့သည်။ မြေအောက်တွင် ပိနေသည့် အလုပ်သမားများအား စက်ကြီးများဖြင့် တူးဖေါ်ခဲ့သည်။ အသက်၃၅နှစ်အရွယ် ကိုမင်းနိုင် မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ မြေအောက်မှတူဖေါ်ရရှိသည့် ထိုင်းအမျိုးသားမှာ ဒဏ်ရာပြင်ထန်းသဖြင့် ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်။ နောက်မြန်မာတစ်ဦးအား နာရီဝက်ခန့်အကြာတွင် တူးဖေါ်ရရှိခဲ့သော်လည်း အသက်အန္တရာယ်မှလွတ်ကင်းပြီး ဒဏ်ရာအနည်းငယ်သာရရှိသွားခဲ့သည်။

ရဲအရာရှိက အယင်ကတည်းက မြေလုပ်ငန်းများအတွက် စိုးရိမ်းမိခဲ့ကြောင်း။သို့သော်လည်း မြေတူး လုပ်ငန်းနှင့် တောင်များရှိသည့် နေရာများတွင် တာဝန်မကျသေးသည့်အတွက် အကောင်အထည် မဖေါ်ရသေးကြောင်း ယခုသူ စိုးရိမ်မိခဲ့သည့် အန္တရာယ်ရှိသည့် မြေလုပ်ငန်းခွင် နယ်မြေအတွင်းသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မြေလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အလုပ်သမားများ ဘေးအန္တရာယ် လုံခြုံရေး အတွက် ညိနှိုင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ဒေသထုတ်သတင်းစာတွင် အကျယ်တ၀င့်ရေးထားသည်။

No comments:

Post a Comment