ဇွန် ၂၆
လာမည့် စက်တင်ဘာလခန့်တွင် ကျင်းပမည့် ဗီယင်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် Asean People Forum အစည်းတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့သော အချက်အလက် များကို တင်ပြကြမည်ကို ညှိနှိုင်းတိုင်ပင်ကြသည့် နိုင်ငံတကာအစည်းဝေးပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယနေ့ ကျင်းပခဲ့ကြသည်။
ယနေ့ တစ်နေကုန် ကျင်းပသည့် အကြိုစည်းဝေးပွဲတွင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၅ဖွဲ့ခန့်တက် ရောက်ခဲ့ပြီး လာမည့် အာဆီယံ အစည်းဝေးပွဲတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ အနေဖြင့် မည်သို့ သော အကြောင်းအရာများကို တင်ပြကြမည်ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဖန်ငအခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းမှ ကွင်းဆင်း ပညာပေး အရာရှိ ဦးကျော်လင်းဦးက “အယင်တုန်းကလို အာဆီယံခေါင်းဆောင်တွေနဲ့ ပြည်ပအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံခြင်း အစီအစဉ်တော့ မပါတော့ဘူး။ အယင်အာဆီယံပွဲတွေတုန်းက မခင်ဥမ္မာတို့၊ ကမ္ဘောဒီယားက အတိုက်အခံတို့ကို ၀န်ကြီးချုပ် တွေက မတွေ့လိုဘူးလေ။ သူ့တို့ဒီလူတွေကို မတွေ့ချင်ဘူး၊ အဲဒီလိုပြဿနာတွေ ရှိခဲ့တော့ ပြီးခဲ့တဲ့ အာဆီယံ ကတည်းက ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ပြောတာကတော့ အားလုံးလာနိုင်တယ်ပေါ့၊ ဒါပေမယ့် သက်ဆိုင်ရာနိုင်ငံ အစိုးရတွေရဲ့ ခွင့်ပြုမှုကို တောင်းကောင်းတောင်းရမယ်လို့တော့ ပြောပါ တယ်” ဟု ပြောသည်။
လာမည့် အာဆီယံအစည်းအဝေးတွင် ပြည်ပအခြေစိုက် မြန်မာအဖွဲ့အစည်းများ တက်ရောက်ခွင့်ရရှိရေးမှာ မသေခြာခြင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုများအနေဖြင့် ဖြစ်လိုသည့် ဆန္ဒများကို အကြိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ကိုကျော်လင်းဦးက ပြောသည်။
“ထုံးစံအတိုင်းပေါ့ဗျာ အာဆီယံဒေသတွင်း လူအခွင့်အရေး၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်တွေ၊ ဒေသတွင်း တစ်ခုလုံးပေါ့နော်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း တရားမ၀င်အလုပ် သမား ဘာညာဆိုပြီး ဖမ်းနေကြတာတွေ၊ လတ်တလော ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ခြားသား အလုပ်သ မားတွေကို ဖမ်းဆီးနေတာတွေဆိုတာ မလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
တရားမ၀င်တဲ့ အလုပ်သမားဆိုတဲ့ ဝေါဟာရဆိုတာ ရှိကိုမရှိသင့်ဘူး၊ လူတိုင်း ရွေ့ပြောင်း လုပ်ကိုင်နေ ကြတာတွေကို အဓိက စဉ်းစားကြပါတယ်”ဟု ပြောဆိုသွားသည်။
အစည်းဝေးတွင် လူ့အခွင့်အရေးအုပ်စု၊ အလုပ်သမားအရေး ဆိုင်ရာအုပ်စု၊ လူကုန်ကူးမှု ဆိုင်ရာအုပ်စု စသည်ဖြင့် သီးခြားစီလည်း ဆွေးနွေးကြပြီး အာစီယံအစည်းဝေးပွဲကြီး မတိုင်ခင်တွင် နောက်ထပ် ညှိနှိုင်းအစည်းဝေး လုပ်ကြအုံးမည်ဖြစ်ကြောင်း ဦးကျော်လင်းဦးက ဆက်လက်ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment