6.19.2010

ဘန်ကောက်မြို့ အနီး ထုံဘူရီရှိ မြန်မာနှင့်လော ရွှေ့ပြောင်းအလုပ်သမား ၁၅၄ဦးဖမ်းဆီးပြီ

ဇွန် ၁၉
ဒေလီနယူးသတင်းစာ
ထိုင်းဘာသာပြန် (ကိုတီး=ရခိုင့် တံခွန်ဂျာနယ်)
ဘန်ကောက်မြို့ အနီး ထုံဘူရီ နယ်မြေအမှတ်(၈)အတွင်းရှိ မြန်မာနှင့် လော နိုင်ငံသား ၁၅၄ဦးတို့အား ယမန်နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း သတင်းစာတွင်ရေးသားထားသည်။
ပြီးခဲ့သည့် ၁၆ရက်နေ့က တရားမ၀င်ရွေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးရန် ကော်မတီဖွဲ့မည်ဟု ထိုင်းဒုဝန်ကြီးချုပ်က လွှတ်တော်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာပြီးနောက် ယမန်နေ့က စတင် ဖမ်းဆီးခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးလုပ်ကိုင်သည့် ထိုင်းလူမျိုး၎ဦးလည်း သီးခြားပါဝင်သည်။ (စုစုပေါင်းဖမ်ဆီးမိသူ ၁၅၈ ဦး)

အမှတ်(၈)နယ်မြေရဲစခန်းက မြို့နယ်တရားရုံးသို့ သွားရောက်ပြီး ဖမ်းဆီမိန့် (၀ရမ်း)၁၄စောင် ကိုထုတ်ယူခဲ့ သည်။ အဆိုပါဖမ်းဆီးမိန့်တွင်၊ မူးယစ်ဆေး၊ လက်နက်နှင့် တရားမ၀င် အလုပ်သမားများ ဖမ်းဆီးရေးတို့ပါ ပါဝင်သည်။

ယခုကဲ့သို့  ထိုင်းအစိုးရက စီမံကိန်းချပြီး ဖမ်းဆီးလာခြင်းအား ထိုင်းအခြေစိုက် နိုင်ငံတကာအလုပ်သမား အဖွဲ့ အစည်းများ အင်ဂျီအိုများက ထိုင်းအစိုးရအား ဖမ်းဆီးခြင်းအား သက်ညှာစွာ စဉ်စားပေးပါရန် တောင်း ဆိုထားကြောင်း သိရှိရသည်။

No comments:

Post a Comment