6.19.2010

မြန်မာက IAEA သို့ တရားဝင် ဖြေရှင်းစာပေးပို့

ရန်ကုန် ၊ ဇွန် ၁၉။

IAEA ခေါ် ကမ္ဘာ့အနုမြူစွမ်းအင်အေဂျင်စီ၏ မြန်မာနိုင်ငံကို နျူကလီးယားလုပ်ငန်းများနှင့် ပါတ်သက်ပြီး စာပေးပို့ မေးမြန်းထားခြင်းနှင့်ပါတ်သက်ပြီး ပြန်လည် ဖြေရှင်းစာတစောင် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။
IAEA ၏ မြန်နိုင်ငံဌာနေကိုယ်စားလှယ်ဖြစ်သူ ဦးတင်ဝင်းက ထိုတုန့်ပြန်စာကို ပြီးခဲ့သော သောကြာနေ့က ပေးပို့ခဲ့ပါသည်။
ထိုစာတွင် နိုင်ငံခြားသတင်းဌာနများက မြန်မာနိုင်ငံအပေါ် နျူကလီးယားကိစ္စနှင့် ပါတ်သက်၍ ရေးသား ချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာ ဖြစ်သည်ဟု ဆိုပါသည်။
ယခင်က အသေးစာ ဓါတ်ပေါင်းထဖိုတခု ဆောင်လုပ်ရန် စီးစဉ်ခဲ့ဘူးခြင်းရှိသော်လည်း ယခုအခါ ယူရေနီ ယမ်သန့်စင်မှု ၊ အနုမြူ ဓါတ်ပေါင်းဖိုတည်ဆောက်ရန် စီမံကိန်းများကို လုံးဝဆောင်နေခြင်းမရှိဟု ဦးတင်ဝင်း က သတင်းဌာနများသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၅ခုနှစ် ကတည်းက Nuclear Non-proliferation Treaty ( NPT ) ၏အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ဆိုပါသည်။
ဦးတင်ဝင်း၏ တုန့်ပြန်စာတွင် မြန်မာနိုင်ငံသည် IAEA ၏ နျူကလီယား မပြန့်ပွားရေးဆိုင်ရာ သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ နျူကလီးယားနှင့် ပါတ်သက်သော လုပ်ငန်းများကို ဆောင်ရွက် မည်ဆိုလျှင် IAEA ကို အသိပေးမည်ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့ပါသည်။
ဦးတင်ဝင်းသည် IAEA ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဖြစ်သလို ဂျာမဏီနိုင်ငံ၏ မြန်မာနိုင်ငံ သံအမတ်လည်း ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment