6.18.2010

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲများ ပြည်တွင်း နေရာအနှံ့တွင် ကျင်းပမည်

ရန်ကုန်။ ဇွန် ၁၈ ။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ မွေးနေ့ကို အကျယ်ချုပ်ကျနေစဉ်အတွင်း ကျင်းပမည် မကျင်းပ မည်ကို မသိရှိကြသော်လည်း NLD ပါတီဝင် ၄၀၀ ကျော်ကမူ သူမ၏ မွေးနေ့ပွဲကို မနက်ဖြန်တွင် NLD အမျိုးသမီးခေါင်းဆောင်တယောက်၏ နေအိမ်တွင် ကျင်းပပြုလုပ်ပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပေးကြမည်ဖြစ်ကြောင်း သိရပါသည်။
NLD ၏ ပြောရေးဆိုခွင့်ရှီသူ ဦးဥာဏ်ဝင်းက ပြောပြရာတွင် NLD အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်မေနှင်းကြည် ၏ ရန်ကုန်လေဆိပ်အနီးရှိ နေအိမ်တွင် ပြုလုပ်ရန် ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ရွေးချယ်ခဲ့ သည်ဟု ပြောပြပါသည်။
တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံမည်ဟူလည်း ဆိုပါသည်။ မနက်ဖြန်အတွက် မွေးနေ့ပွဲ အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည် ဖြစ်ပြီး အဓိက ပြုလုပ်မည့်မြို့ကြီးများမှာ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတို့ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အကျယ်ချုပ် ကျခံနေရသူများနှင့်ပါတ်သက်ပြီး စာနာသူများကလည်း ရန်ကုန်မြို့ရှီ ရွှေတိဂုံဘုရား အပါအဝင် တန်ခိုးကြီး ဘုရားများတွင်ပါ အလျှင်အမြန် ပြန်လွတ်မြောက်စေ ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ကြမည်ဖြစ်ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင်သတင်းလွှာ)

No comments:

Post a Comment