7.26.2010

ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကား

Photobucket
ဇူလိုင် ၂၆
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကားနေသည်။
ယနေ့ နံနက်ပိုင်းက ဖက်ကဆင်၉၅ လမ်းရှိ မြန်မာ စက်ချုပ်အလုပ်သမားများ စုပေါင်း၍ မြန်မာ သင်္ဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ဘန်ကောက်မြို့ဖက်က ဆင်၆၀/၂လမ်းရှိ မြန်မာစာသင်သား သင်္ဃာတော်အများ စုဝေး သီတင်းသုံးတော်မူကြသည့် ၀တ်တစ်လုံး ဘုန်းတော်ကြီးကျောင်းတွင် မြန်မာပြည်မှ ခေတ္တ ကြွရောက်တော်မူသည့် (ဒယ်အိုးဆရာတော်) ဦးသုမင်္ဂလ အပါအ၀င် ကျောင်းနေ သံင်္ဃာတော်များအား မြန်မာအလုပ်သမားများက စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြသည်။
ဝတ်တစ်လုံးကျောင်းတွင် ကျင်းပသည့်ပွဲသို့ အလှူလာလုပ်သည့် မြန်မာအလုပ်သမား ၁၅ဦးခန့်အားထိုင်းရဲ အချို့က နယ်မြေကျော်သည်ကို အကြောင်းပြ၍ အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၅၀၀ တောင်းယူခဲ့သည်။
နောက်ပိုင်းတွင် အကျိုးဆောင် မြန်မာအလုပ်သမား ခေါင်းဆောင်များနှင့် ကျောင်းထိုင် ဆရာတော်ဘုရားတို့
မေတ္တာရပ်ခံချက်အရ ထိုင်းရဲများ ထွက်ခွာသွားခဲ့ကြသည်။
ယမန်နေ့က ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာအလုပ်ရုံအနီးတွင် ၄င်းနေရာ အခြေစိုက် ထေရ၀ါဒ ဗုဒ္ဓဘာသာ ယာယီစံကျောင်းအဖွဲ့မှ ဦးဆောင်လျှက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။ ဤပွဲသို့ နိုင်ငံတကာ သာသနာပြု phd ဒေါက်တာဘွဲ့ အလောင်းလျာ မြန်မာဆရာတော်တစ်ပါးက ကြွရောက်ပြီး တရားတော်ချီးမြှင့်ပါသည်။
ထို့အပြင် အယ်ကရှိုင် ၆၃လမ်းတွင်လည်း မြန်မာအလုပ်သမားများ စုပေါင်း၍ မြန်မာသံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်နှင့် အခြားမြို့ အတော်များများတို့တွင်လည်း ၀ါဆို သင်္ကန်းကပ်လှူပွဲများ ကျင်းပခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment