7.08.2010

မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီဆုကြီး ဘတ်၂၈ သန်းပေါက်

ဇူလိုင် ၈
ထိုင်း၇တ် သတင်းစာ
(ဘာသာပြန်=ကိုတီး ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်၊ လမ်းစံလမ်းစုံရွာ၊ ဟတ်ယိုင်မြို့နယ်၊ စုံခါခရိုင် နေ ထိုင်းအမျိုးသမီးတစ်ဦး ရောင်းချသည့် “မာလွေ” သူဌေးလာဖြစ်ပါ ထီဆိုင် မှ ထီနံပါတ်အတွဲ(၅၃-၅၄) ၄၈၀၂၃၉ ပေါက်သဖြင့် မြန်မာအလုပ်သမားတစ်ဦး ဘတ်သန်းချီပြီး ရရှိသွားကြောင်း သတင်းစာတွင် ရေးသားထားသည်။
မူရင်း ဆုကြေးငွေ ဘတ် ရှစ်သန်းအပြင် အတွဲအပိုဆုကြေးအဖြစ် ဘတ်သန်းနှစ်ဆယ်ပါ ၇ရှိသဖြင့် စုစုပေါင်း
ဘတ် ၂၈သန်း ရရှိသွားသည်။ ထိုင်းရတ်သတင်းစာမှ လိုက်လံစုံစမ်းသည့်အခါ ထီလက်မှတ်ရောင်းချသည့် ထိုင်းအမျိုးသမီးကို တွေ့ရှိခဲ့ရသည်။ နယ်မြေအတွင်းရှိ ဘဏ်များသို့ ထပ်မံစုံစမ်းသည့်အခါ ဇူလိုင်လ ၅ ရက်နေ့က ထနာခါခုံထိုင်းဘဏ်မှ ထိုင်းလူမျိုးတစ်ဦး ထုတ်ယူသွားပြီးဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ရေးသား
ထားသည်။
မြန်မာအလုပ်သမားတစ်ဦး အနေဖြင့် ထိုမျှများပြားသည့် ငွေကို ထုတ်ယူ၍ မရရှိနိုင်သဖြင့် ထီပေါက်သည့် မြန်မာအလုပ်သမား၏ အလုပ်ရှင်သူဌေးက ထုတ်ယူသွားကြောင်း ရေးသားထားသည်။ ထီလက်မှတ် ရောင်းချသည့် အသက်၃၇နှစ်အရွယ် ထိုင်းအမျိုးသမီး နန်ဖကာမ၀ိုင်းစုန်မ ကလည်း ရာခိုင်နုန်း အချိုးကျ ရရှိရန် မျှော်လင့်ချက်ဖြင့် လိုက်လံစုံစမ်းနေကြောင်း ရေးသားထားသည်။ ထီပေါက်သည့် မြန်မာ အလုပ်သမားနှင့် ထီဆုငွေထုတ်ယူသည့် ထိုင်းသူဌေးတို့၏ အမည်နှင့် နေရပ်လိပ်စာတို့ကိုမူ သတင်းစာတွင် ရေးသား ဖေါ်ပြထားခြင်းမရှိပါ။

No comments:

Post a Comment