7.02.2010

NLD ဒူဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုကော်မတီ ဦးဝင်းတင်တို့မှ နိုင်ငံရေးအကျဉ်းသား မိသားစုများကို တွေ့ဆုံအားပေး

Image0668

၂.၇.၂၀၁၀ ၊ ရန်ကုန်။
NLD ၏ ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင် ဦးဝင်းတင်တို့သည် နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသော မိသားစုဝင်များကို ယနေ့ လိုက်လံတွေ့ဆုံ အားပေးစကားပြောခဲ့ကြောင်း သိရပါသည်။

ရန်ကင်းရှိ ကိုဇာဂနာ၏ အိမ်သို့ ဦးစွာသွားရောက်ခဲ့ပြီး ထိုအိမ်မှာပင် ကြိုတင်ဖိတ်ထားသဖြင့် ကိုအံ့ဘွယ် ကျော်၏ မိခင်လည်းရောက်ရှိနေပါသည်။ ဦးဝင်းတင်က ၉ နာရီ မထိုးခင် ကတည်းက တစ်ယောက်တည်း အရင်ရောက်ရှိလာပြီး၊ ၉ ခွဲခန့်တွင် ဦးတင်ဦးတို့ ရောက်ရှိလာခဲ့ပါသည်။ ကိုဇာဂနာ မိသားစုနှင့် ကိုအံ့ဘွယ်ကျော်၏ မိခင်တို့အား အားပေးစကားပြောပြီး အကျဉ်းကျနေသည့် ကိုဇာဂနာနှင့် ကိုအံ့ဘွယ်ကျော် တို့အတွက် ကူညီထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့နောက် ကိုဇာဂနာရဲ့ ဖခင်ဖြစ်သူ ဦနန်းညွန့်ဆွေအား ဘဘဦးတင်ဦး ဘဘဦးဝင်းတင် တို့နှင့် လိုက်ပါလာသော NLD လူငယ်များမှ ကန်တော့ခဲ့ကြပါသည်။
ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြရာ ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစုနှင့် မမီးမီး၏ ခင်ပွန်း ကိုလှမိုး ၊ ဗကသမှ ဟန်နီဦး၏ အဖေ ဦးထွန်းဦးတို့နဲ့ တွေ့ဆုံကာ အားပေးစကားများ ပြောကြားပါခဲ့ပါသည်။ ရာဟု(ခ)ကျော်ကိုကို၏ အဖေကိုလည်း ဖိတ်ထားသော်လည်း ရောက်မလာကြောင်း သိရပါသည်။ အားပေးစကားပြောကြားပြီးနောက် အကျဉ်းကျ သူများအတွက် ကူညီထောက်ပံ့ ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းနှင့် ဓါတ်ပုံ (ကိုရွှေနန္ဒ) 

No comments:

Post a Comment