7.02.2010

ကိုကို စက်မှုတက္ကသိုလ်အား ၂၀၁၀ မိုဒယ် surf ကားကို နှစ်ရစ်ခွဲ ဝယ်ရန် ဦးကျော်ဆန်း ခွင့်ပြုခဲ့


Yangon Time ၊ Flower News Journal နှင့် 8days News Journal တို့ကို ပိုင်ဆိုင်သူ ကိုကို (စက်မူတက္ကသိုလ် ) ကို ပြန်ကြားရေးဝန်ကြီး ၀န်ကြီး ဦးကျော်ဆန်းက၊ သိန်း၄၂၀ တန် နောက်ဆုံးပေါ် ၂၀၁၀ မိုဒယ် surf အမဲရောင်ကြီးကို နှစ်ရစ်ခွဲပြီး ပေးရန် ခွင့်ပြုလိုက်သည်ဟု သတင်းရရှိပါသည်။ ၄င်း သိန်း၄၂၀ တန် နောက်ဆုံးပေါ် ၂၀၁၀ မိုဒယ် surf အမဲေ၇ာင်သည် စက်မူ( ၂ ) မှ ထုတ်သော ကားဖြစ်ပါသည်။
ကိုကို(စက်မှုတက္ကသိုလ်)သည် လက်ရှိ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ မွေးစားသား အဖြစ် စာပေသမားများ ကြားတွင် နာမည်ကြီး နေသူလည်း ဖြစ်ပါသည်။
ထို့အတူ ဒီပီအေ (Deutsche Presse-Agentur ) ၏ နိုင်ငံခြားသတင်းထောက် သတင်းထောက်အဖြစ် လည်း ဆောင်ရွက်နေသူဖြစ်ပြီး NLD ပါတီကွဲနေပြီဟု သဘောသက်ရောက်သော သတင်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် NLD ဗဟိုကော်မတီဝင် ဦးဝင်းတင်ကို ကိုးကားပြီး ဒီပီအေ သတင်းတွင် ရေးသားဖေါ်ပြခဲ့၍ ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းသို့ ကန့်ကွက်စာ တစ်စောင်ကို ရေးသားပေးပို့ခဲ့ဘူးပါသည်။ 
ထိုစဉ်ကလည်း မြန်မာစစ်အာဏာပိုင်များ၏ လက်ဝေခံ သတင်းဝက်ဘ်ဆိုက်များက ကိုကို (စက်မှုတက္ကသိုလ်) အား သတင်းထောက်အဖြစ်မှ ရပ်စဲလျှင် ဒီပီအေ၏ ဒေသခံ သတင်းထောက်အားလုံးကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်ရေးသားခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment