(ပြည်တွင်းမှ ပေးပို့လာခြင်းဖြစ်ပါသည်။)
နေပြည်တော်အာဏာသိမ်းပွဲကို ထောက်ခံတဲ့ ရဲမွန်ခံတပ်၊ ဗိုလ်ချုပ်ပုံပါတဲ့နေ့မှာဘဲ နေပြည်တော်က သိန်းစိန်ကို ၀န်ကြီးချုပ်ရာထူးကဖြုတ်ချလိုက် ပြီ။
ဗိုလ်ချုပ်အောင်ဆန်းပုံကို မနေ့က ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ပါလာတာကြောင့် မင်္ဂလာဒုံ တပ်နယ်ဈေးမှာ အထူးအလုအယက်ဝယ်ကြတယ်လို့ သိရတယ်။ မင်္ဂလာဒုံဆိုတာက လက်နက်ကိုင် တပ်ပေါင်းစုံရာ အခြေကျတဲ့မြို့ဖြစ်ပေမဲ့ ပညာတတ်လက်နက်ကိုင် စစ်သည်တွေ ပေါများတယ်. ။ အခုလဲ မြောက်ဥက္ကလာမှာ ၈၈ အရေးအခင်းက လက်နက်မဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွဲဖို့ လုပ်လို့ လေတပ်က လေယဉ်နဲ့ဗုံးကြဲဖို့အထိ ကြေညာပေးခဲ့ရတယ်။ အခုလဲ ငတ်လို့မသေ တိုက်လို့ အသေခံမယ် ဆိုတဲ့ ရဲမွန်ခံတပ် ( ၈ ) ရင်းက ရဲဘော်တွေဟာ ဘယ်လက်နက်ကိုင်ကိုမှ အ၀င်မခံဘဲ ကြံ့ ကြံ့ခံနေကြတာ အခုဆိုရင် တပါတ်၇ှိနေပြီ။ ကျိုက်က္ကလဲ့စေတီနဲ့ လေတပ်နဲ့ ကပ်ရက်နေတဲ့ အနမ်းပင်ရွာမှာ ရဲမွန်ခံတပ်ကို ကယ်တင်ကြဆိုပြီး စာတွေကပ်ထားနေကြတယ်။ ဗိုလ်ချုပ်ပုံနဲ့ တွဲလို့ ကပ်ထားတာဖြစ်တယ်။ အနမ်းပင်ရွာ ဆိုတာ လေတပ်ထဲက အိမ်ထောင်သည်ရဲဘော်တွေ နေကြတဲ့ ရပ်ကွက်ဖြစ်တယ်။
ပဲခူးဘက်က ဆင်းလာတဲ့ ထောက်ကြံ့လမ်းဆုံ ဈေးထိပ်မှာလဲ ရဲမွန်ခံတပ်မှာ အမိမြေအတွက် အငတ်မခံသူများအတွက် လေတပ်မှ ကယ်တင်ပေးပါ ဆြို့ပီး ပိုစတာတွေ ကပ်ထားတယ်။ ရဲမွန် တပ်၇င်းတွေထဲမှာ သူတို့ခင်ပွန်းများအတွက် ကယ်တင်မဲ့သူမရှိကြဘူးလားဆိုပြီး ထောက်ကြံ့ဈေးမှာ စာတွေ နေရာအနှံ့ကပ်ထားကြတယ်။ အစပိုင်းမှာ အင်အား ၄၀၀ လောက်နဲ့ ၀ိုင်းထားပေမဲ့ ရဲမွန်ခံတပ်က လက်နက်မချလို့ အခုဆိုရင် ရ၀၀ လောက်နဲ့ ၀ိုင်းထားတယ်။ နေပြည်တော်အထူးတပ်ရင်း။ အထူး ထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်းတပ်တွေက ၀ိုင်းထားတာဖြစ်တယ်။ မင်္ဂလာဒုံဈေးတပ်နယ်ဈေးမှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံပါတဲ့အတွက် အဲဒီဂျာနယ်ကို ထောက်ကြံ့ကနေတဆင့် အင်းတိုင်အထိ လိုက်လံ ဝေငှနေကြတယ်လို့ သိရတယ်။
ရဲမွန်ခံတပ်ကရဲဘော်တွေဟာ ဘဏ်စု ငွေက တဆင့် အရေးအခင်းဖြစ်လာခဲ့ရင် ဒီမိုကရေစီအရေးထိ တိုက်ပွဲဝင်သွားမယ် ။ ပြည်သူတွေအတွက် အသက်ကိုအသေခံသွားတာမြတ်တယ် ဆိုပြီး ဇနီးဖြစ်သူများကို ပြောပြကြတယ်လို့ သိရတယ်။ အခုဆိုရင် လေတပ်က အိမ်ထောင်သည်များရှိရာ အနမ်းပင်ရွာမှာလဲ ရဲမွန်ခံတပ်က ရဲဘော်တွေကို ၈၈ အရေးတော်ပုံကလို ကယ်တင်ဖို့ အရေးပေါ်အစည်းအဝေးတွေ လုပ်နေကြရပြီလို့ ပြောသံတွေထွက်နေတယ်။လေတပ်ကိုအကူအညီတောင်းခံစာတွေ ကပ်ထားကြတဲ့ အတွက် ပြုပြင်ထိမ်းသိမ်းစခမ်းထဲမှာရှိတဲ့ ဂိုဒေါင်ထဲက လေယဉ်တွေကို အထူးလုံခြုံရေးတွေ ချထားရတယ် လို့ သိရတယ်။
အိန္ဒိယနိုင်ငံက မကြာခင်ကပြန်လည်ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲ နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပါတယ်။ စက်တင်ဘာလမှာ ၄ လပတ်အစည်းအဝေးရှိပေမဲ့ ဗိုလ်ချုက်မှူးကြီးသန်းရွှေကို အာဏာသိမ်းမှူတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်ရပ်တွေကြောင့် ချက်ချင်းခေါ်ယူရတာဖြစ်တယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ အဲဒီအစည်းအဝေးမှာ နအဖ စစ်ကောင်စီဝင်များ၊ စစ်ဆင်ရေးကွက်ကွဲမူးများ၊ ဌါနချုပ်မှူးများ၊ဒေသကွပ်ကွဲမှူးများ၊ စစ်ဌါနချုပ်မှူးများ၊ တပ်မမှူးများ၊ စစ်ဘက်ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များနဲ့ ကက်ဘိနက် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမှူမှာပါဝင်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အခြားအရာရှိ ၁၂ ဦး- စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးထားခြင်းနဲ့ ပါတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချပေးတယ် လို့ သိရတယ်။ အခုဆိုရင် အဲဒီဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေဟာ သေဒဏ်ပေးခံရပြီ ၊ဒါမှမဟုတ် ကွက်မျက်ခံရပြီဆိုတာ မသိရသေးဘူးလို့ ပြောဆိုနေကြတယ်။
၁၉၇၆ ခုနှစ်က ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ မဆလအာဏာရှင် ဦးနေ၀င်းကိုလုပ်ကြံပြီး အာဏာသိမ်းရန်ကြံ့စည်မှူနဲ့ သေဒဏ်ပေးခံခဲ့ရတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီးသူရရွှေမန်းတို့ရဲ့ လှို့ ဝှက်အစီရင်ခံစာတွေကို အင်တာနတ်ကနေပြီး တဆင့် ပေါက်ကြားသွားတာနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၂၀ နှစ်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌါနက ကိုသူရကျော်ခေါ် ကိုအောင်အောင် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ၊ အရပ်သား ဂိုစိန်ပျံခေါ် အစီးကို ထောင်ဒဏ် ၁၅ နှစ်ချထားတာရှိတယ်။ အခုလဲဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာသိမ်းရန်ကြံစည်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေကိုလဲ အဲဒီအစည်းအဝေးမှာ သေဒဏ်ပေးမှာသေချာတယ်လို့ ပြောနေကြတယ်။
ရဲမွန်ခံတပ်ကို စစ်ဆင်ရေးလုပ်ရာမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သာအေး နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ကွပ်ကဲကြတယ်။ နေပြည်တော်စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က တာဝန်ယူဆောင်ရွက်တယ်။ ရန်ကုန်တိုင်းတပ်ရင်းတွေက တာဝန်ယူရပေမဲ့ နေပြည်တော်ကဘဲ ကိုင်တွယ်တယ်။ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသာအေးဟာ ကချင်ပြည်နယ်။စစ်ကိုင်းတိုင်း၊မနျွှလေးတိုင်းတို့ကိုတာဝန်ယူထားသူဖြစ်တယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကိုတာဝန်ယူထားရသူဖြစ်တယ်။ ဒါပေမဲ့ နေပြည်တော်ကနေ တိုက်ရိုက်ကိုင်တွယ် ရတဲ့အတွက်ကြောင့် ရဲမွန်ခံတပ်ဟာ ဗကပတွေ ရှိနေတယ်ဆိုပြီး နကန်းတလုံးမှ မသိတဲ့ စစ်သားတွေကို တောထဲက ဆွဲထုတ်လာတာဖြစ်တယ်။ ဒါဟာ ၈၈ အရေးအခင်းတုံးက ရန်ကုန်မှာ ဗကပတွေ ဆန္ဒပြနေတယ် ဆိုပြီး ပစ်သတ်ခိုင်းတာနဲ့ တူအောင် လုပ်အောင်လုပ်ရမယ်လို့ ဆွေးနွေးကြတယ်လို့ နေပြည်တော်က လာတဲ့ သတင်းအရသိရတယ်။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ၀န်ကြီးချုပ်သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးဟာ ဗိုလ်မှူးချုပ်ဝေလွင်ကို သေဒဏ်ပေးတာနဲ့ဘဲ ဆွေးနွေးနေကြတာမို့ သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်တာ မထွက်နိုင်သေးဘူးဖြစ်နေတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ကလဲဘဲ ၀န်ကြီးချုပ်ရာထူးကို ရသွားတဲ့ ဒုတိယ၀န်ကြီးချုပ်မြင့်ဆွေကို ကြားဖြတ်အစိုးရမှာ ၀န်ကြီးချုပ်အဖြစ် ဦးဆောင်မယ်ဆိုရင် နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထုတ်ပယ်လိုက်ပါဆိုပြီး အိပ်ဖွင့်ပေးစာတစောင် ထုတ်ပြန်တယ်။ ရန်ကုန်ဘူတာကြီးတ၀ိုက်မှာ သန်းရွှေကို ဖြုတ်ချ ကြားဖြတ်အစိုးရဖွဲ့ ဆိုတဲ့ စာတွေကို နေရာအနှံ့ကပ်ထားတာရှိနေတယ်။ သမတရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့လာတဲ့သူတွေဟာ သူတို့ လက်ခံရရှိသွားတဲ့ စာရွက်တွေကို ခါတိုင်းလို လူမြင်ကွင်းမှာ ဖတ်မနေကြဘဲ အိတ်ထဲမှာ ထည့်ယူသွားကြတယ်။
(လေ့လာသူ တစ်ဦး)
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။
ReplyDeleteလေးစားစွာဖြင့်
အားပေးသူ
do not write rumor and it is only dreaming.
ReplyDeleteဟုတ်မှလည်း ပြောပါဗျာ။ အဲဒီလို သတင်းမျိုးတွေက ဘယ်တော့မှလည်း မှန်တာမဟုတ်ပဲနဲ့။
ReplyDelete