8.25.2010

NLD ကိုသာ မဲပေးချင်သူတွေ မဲမပေးပဲ နေကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ အခြေခံ ဥပဒေအရ  ရွေးကောက်ပွဲပြုလုပ်ခြင်းသည် ပြည်သူလူထုများကို မထောက်ထားရာ ရောက်သလို ထိုရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် အစိုးရသည်လည်း ဒီမိုကရေစီကို ဖေါ်ဆောင်မည် မဟုတ်ပဲ စစ်တပ်ကရွေးချယ်ပေးမည့် သမ္မတကသာ ချုပ်ကိုင်ထားသည့် အစိုးရသာ ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်ဟု မနေ့က ဒေါ်အောင်ဆန်းကြည်နှင့် ၂ နီာကြာ သွားရောက် တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါသည်။ 

ထို့အတူ နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲကျင်းပမည်ကို သြဂုတ်လ ၁၃ ရက်နေ့မှ ကြေငြာခြင်းသည် အချိန်ကာလ လွန်စွာတိုတောင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ကြောင်း ပြောပြခဲ့ပါသည်။ 
လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်နှင့် သတင်းလွတ်လပ်ခွင့်များ မရှိသမျှ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုသည်ဟုလည်း သိရပါသည်။ 
ထိုအတူ သတင်းမီဒီယာများမှ ထုတ်လွှင့်နေသော သတင်းများအရ NLD ပါတီကိုသာ မဲပေးချင်သူများ ရှိနေသည်ဟု ကြားသိရပြီး NLD ရွေးကောက်ပွဲ မဝင်သည့် အတွက် မည်သည့်ပါတီကို မဲပေးရမည်မသိ ဖြစ်နေ သူများရှိနေသည်ဟု သိရကြောင်းနှင့် ထိုပြည်သူများအနေဖြင့် NLD မှတပါး အခြားပါတီကို မဲမပေးလိုလျှင် မဲမပေးကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ယနေ့နေ့လည်ပိုင်းတွင် သတင်းထောက်များကို ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ 

ထပ်မံအကျဉ်းချရန် အကြောင်းပြချက်များ မရှိတော့သဖြင့် လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေကြောင်း ရှေ့နေကြီးက ဆက်လက် ပြောပြခဲ့ပါသည်။
အသက် ၆၆ နှစ်ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ၁၉၈၈ ခုနှစ်မှ ဧပြီလ ၂ရက်နေ့မှ ယနေ့အထိ အကျဉ်းထောင်နှင့် နေအိမ်အကျယ်ချုပ် ကာလများဖြင့် နေထိုင်ခဲ့ရသည်မှာ ၁၅နှစ်နီးပါး ရှိပြီ ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment