8.25.2010

အကျဉ်းသား ၃၂၄ဦးပြန်လွှတ်ပေး

သြဂုတ် ၂၄။ ရန်ကုန် ။

ပြစ်ဒဏ်အမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသူ အကျဉ်းသား ၃၂၄ ဦး အင်းစိန်ထောင်မှ ယနေ့ပြန်လည် လွှတ်ပေး လိုက်သည်ဟု သိရပါသည်။ 
သီတဂူဆရာတော်ကြီး ပြုလုပ်ခဲ့သော တရားပွဲနှင့် ဒါနပြုပွဲ အပြီးတွင် ထိုကဲ့သို့ လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား ၈၀၀ အထိ လွှတ်ရန် အစီအစဉ်ပြုလုပ်ထားပြီး ဖြစ်သည်ဟု သိရပါသည်။ 
ဆရာတော်ကြီး တရားဟောစဉ်ကလည်း အကျဉ်းသားများကို အရိပ်အမြွက်ပြောကြားခဲ့သလို ထောင် အာဏာပိုင်များကိုလဲ ဆရာတော်ကြီးက တောင်းဆိုခဲ့သည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment