
ရန်ကုန် ၊ စက်တင်ဘာ ၂၇၊ ၂၀၁၀ ။
ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံမတင်သဖြင့် ပျက်ပြယ်ပြီဟု ကြေငြာထားသော်လည်း ရန်ကုန်မြို့ရှိ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး၏နေအိမ်တွင် ပါတီဝင် ၁၅၀ ခန့်က NLD ဖွဲ့စည်းခြင်း ၂၂ နှစ်မြောက် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် NLD ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင် ဦးဝင်းတင် တို့က ဒီမိုကရေစီရေး ကြိုးပန်းဆောင်ရွက်မှုများကို ဆက်လက်အားမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ ပါသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲကော်မရှင် အနေနှင့် NLD ပါတီကို ပျက်ပြယ်သွားစေရန် ပြုလုပ်နိုင်သော လုပ်ပိုင်ခွင့် မရှိကြောင်းပြောဆိုခဲ့သည်။
ထို့ကြောင့် ဦးဝင်းတင်နှင့် ပါတီခေါင်းဆောင်များသည် နိုင်ငံအနှံအပြားရှိ ပါတီရုံးများသို့ သွားရောက်ခဲ့ပြီး ပါတီဝင်များနှင့် NLD ကိုထောက်ခံသူများကို NLD ၏ဆိုင်းဘုတ်အောက်တွင် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု လည်းဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို ပယ်ဖျက်ပေးရန် ဗဟို တရားရုံးချုပ်သို့ လျှောက်ထားရန် ပြင်ဆင်နေသည်ဟု ဆိုပါသည်။
ထို့အတူ NLD ၏ ၂၂ နှစ်မြောက် အခမ်းအနားများကို ထိုင်းနိုင်ငံ မဲဆောက်နှင့် အခြားဒေသများတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)


China apology demand turned down



Today’s summit between US President Barack Obama and leaders from Southeast Asia is being heralded ...
Five youth organisations including the 2007-Generation All Burma Federation of Student Unions formed ...
The Burmese junta’s electoral watchdog has refused permits for at least three political parties seeking ...
Thai authorities accused an artillery sergeant, two civilian military contractors and two other ...

မှန်လုံ ကားကြီးတစီးသည် လွှတ်ရုံးတော် အမတ်မင်း လောင်းလျာများကို သယ်ဆောင်လျက် ကြပ်ပြေး နေပူတော်သို့ ချီတက်လျက် ရှိလေသည်။ ကိစ္စကား အခြားမဟုတ်။ နိုင်ငံရေးပါတီများမှ အမတ်လောင်းလျာများ
နအဖစစ်ရဟတ်ယာဉ် တစ်စီးသည် နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ ယမန်နေ့ညနေ ၃ နာရီခန့်က အကြောင်းမဲ့ ပျံသန်းလာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။










