9.25.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဓာတ်ပုံ ASSOCIATED PRESS

ရွေးကောက်ပွဲ မျှတဖို့ အမေရိကန်-အာဆီယံ တောင်းဆို

တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း တို့က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ခွေးခြင်္သေ့မှတပါး အခြားမရှိ

ခွေးခြင်္သေ့မှတပါး အခြားမရှိ မှန်လုံ ကားကြီးတစီးသည် လွှတ်ရုံးတော် အမတ်မင်း လောင်းလျာများကို သယ်ဆောင်လျက် ကြပ်ပြေး နေပူတော်သို့ ချီတက်လျက် ရှိလေသည်။ ကိစ္စကား အခြားမဟုတ်။ နိုင်ငံရေးပါတီများမှ အမတ်လောင်းလျာများ
ဆက်ဖတ်ရန် ...
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို

ဒေါ်အောင်ဆန်း စုကြည်ကို လာမည့် ရွေးကောက်ပွဲ အတွက် မဲပေးခွင့် ပြုလိုက်ခြင်းသည် ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စား လိုက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက
သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

ပဲခူးတိုင်း သာယာဝတီ မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့်

ရတပ ပါတီ၏ ရွေးကောက်ပွဲ ခရီးစဉ် နှောင့်ယှက်မူမျိုးစုံနှင့် ရင်ဆိုင်နေရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို စက်တင်္ဘာလ ၂၃ ရက်နေ့က စတင်နိုင်ခဲ့သော်လည်း နည်းလမ်းပေါင်းစုံနှင့် အာဏာပိုင်များကို နှောင့်ယှက်မူကို ခံနေကြရကြောင်း သတင်း ရရှိသည်။

နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ်သတိပေး

နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ်သတိပေး နအဖစစ်ရဟတ်ယာဉ် တစ်စီးသည် နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ ယမန်နေ့ညနေ ၃ နာရီခန့်က အကြောင်းမဲ့ ပျံသန်းလာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။‘ဝ’ ကို လက်နက် ခိုးရောင်းတဲ့ ထိုင်းလေးဦး ရဲဖမ်း
armထိုင်းတပ်ကြပ်ကြီး တဦး၊ စစ်ကန်ထရိုက် အရပ်သား နှစ်ဦးနှင့် အခြားအရပ်သား နှစ်ဦးကို
မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ...
နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့်ပေး ...ရွေးကောက်ပွဲဝင်မရ ပါတီဆုံး
ပါတီထူထောင်ခွင့်နှင့် ရွေးကောက်ပွဲ ဝင်ခွင့်မရသည့် အဆုံး  ကချင်ပြည်နယ် တိုးတက်ရေး ပါတီ ...

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more
2010-09-25

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး အိုဘားမား တောင်းဆို

2010-09-25
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
2010-09-24

နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်း အပယ်ခံရ

စစ်အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ ဟောပြောမဲ့ မဲဆွယ် မိန့်ခွန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေရာမှာ ဦးသိန်းဌေး ဦးဆောင်တဲ့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရော ၊ ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေ အပယ်ချခံရတယ်လို့ သိရပါတယ်။
2010-09-24

မဲရုံစောင့် သင်တန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲပေးနည်း သင်ပြ

မန္တလေးမြို့ပေါ်က ကျောင်းဆရာဆရာမတွေကို ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာမှာ ရွေးကောက်ပွဲ ပြုလုပ်တဲ့ အခါ မဲရုံတွေမှာ တာဝန်ပေးဖို့ ဆိုပြီး လတ်တလော သင်တန်းတွေ ပေးနေပါတယ်။
2010-09-24

မဲမပေးရေးကိစ္စ ရခိုင်ဒီမိုကရေစီအဖွဲ့ ရှင်းလင်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ခေါင်းဆောင် နှစ်ဦးဟာ စစ်အစိုးရကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်အကြောင်းကြောင့် မဲမပေးပဲ နေသင့်တယ်ဆိုတာ ရခိုင်ပြည်နယ်မှာ သွားရောက် ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
2010-09-24

NLD နယ်လှည့်ခရီးစဉ် နှစ်ခုပြီးဆုံး

စက်တင်ဘာ ၂၃ ရက် မနေ့က ရန်ကုန်ကို ပြန်ရောက်လာတဲ့ NLD ပါတီဗဟိုက သွားရောက်တဲ့ နယ်လှည့်ခရီးစဉ် နှစ်ခုလုံး အောင်မြင်ကြောင်း မိမိတို့ တွေ့ဆုံခဲ့ရတဲ့ NLD အောက်ခြေအဆင့်နဲ့ ပြည်သူတွေကလဲ အဖွဲ့ချုပ်က တင်ပြတဲ့ သဘောထားတွေကို လက်ခံကြောင်း အဖွဲ့ခေါင်းဆောင်နှစ်ဦးက RFA ကို ပြောပါတယ်။
2010-09-24

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မဲပေးခွင့်ပြုကြောင်း ပြောဆို

လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ဒေါ်ခင်ခင်ဝင်းတို့သားအမိနှစ်ဦး မဲပေးခွင့်ရမယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၂၄ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။
2010-09-24

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆို

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ၃ နှစ်ပြည့်အဖြစ် တောင်းဆိုလိုက်ပါတယ်။
2010-09-24

အမေရိကန်-အာဆီယံအစည်းအဝေးမှာ မြန်မာကိုဖိအားပေးဖို့ တိုက်တွန်း

အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ကျင်းပမဲ့ ထိပ်သီး အစည်းအဝေး အတွင်း တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေ အဆုံးသတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (Human Rights Watch) က စက်တင်ဘာ ၂၃ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
2010-09-24

အမေရိကန်သမတနှင့် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်သမတ အိုဘားမားနဲ့ စက်တင်ဘာ ၂၄ ဒီကနေ့ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါ အမေရိကန်နဲ့ အာဆီယံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စ၊ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
2010-09-24

နျူကလီယားလက်နက်အစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို

မြန်မာစစ်အစိုးရဟာ နျူကလီယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိတဲ့ လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ စစ်အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဦးတင်ဝင်းက ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို စက်တင်ဘာ ၂၃ ရက် မနေ့က ပြောလိုက်ပါတယ်။

No comments:

Post a Comment