9.04.2010

ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့်ပင် သန်းရွှေ တရုတ်နိုင်ငံသို့ သွားဦးမည်

ရန်ကုန် ၊စက်တင်ဘာ ၃ ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရုတ် သမ္မတ ဟူကျင်တောင်၏ ဖိတ်ကြားချုပ်အရ တရုတ်ပြည်သို့ ၅ ရက်ကြာ အလည် အပါတ်သွားလိမ့်မည်ဟု တရုတ် သံရုံး အသိုင်းအဝိုင်းမှ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု သိရပါသည်။
ထိုသို့ သွားရောက်သည့် အခါတွင် နအဖ ဥက္ကဌနှင့် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ဆက်လက်ကိုင်စွဲ၍ သွားရောက်မည်ဖြစ်ပါသည်။
ထို ငါးရက်ကြာ အလည်အပါတ် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့်သာမက တရုတ်ဝန်ကြီးချုပ် ဝန်ကြားပေါင်နှင့်ပါ ဆွေးနွေးရန် ရှိပါသည်။ ထိုသို့ ဆွေးနွေးရာတွင် မြန်မာနှင့် တရုတ်ကြား ပိုမို ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်၏ ထောက်ခံမှု ရရှိရေးကိုပါ ဆွေးနွေးလိမ့်မည်ဟု အဆိုပါ အသိုင်းအဝန်းမှပင် သုံးသပ်ပြောပြခဲ့ပါသည်။
တရုတ်နိုင်ငံတွင် ရှိနေစဉ်အတွင်း ဦးသန်းရွှေနှင့် အဖွဲသည် ၂၀၁၀ Shanghai ကုန်စည်ပြပွဲနှင့် တရုတ်ပြည် တောင်ပိုင်းရှိ Shenzhen မြို့သို့လည်း သွားရောက်လိမ့်မည်ဟု ဆိုပါသည်။
အသက် ၇၈ နှစ်ရှိနေပြီ ဖြစ်သော ဦသန်းရွှေနှင့် ဦးမောင်အေး ၇၃ နှစ်တို့သည် သူတို့၏ စစ်ရာထူးများမှ မကြာသေးခင်ကပင် နှုတ်ထွက်ခဲ့ပြီး နအဖ ဥက္ကဌနှင့် ဒုဥက္ကဌ ရာထူးကိုသာ ဆက်လက် ကိုင်စွဲထားပါသည်။
နအဖ စစ်ဖက် အရာရှိ တစ်ဦးက ပြောပြရာတွင် ၂၀၀၈ အခြေခံဥပဒေက နအဖ ၏ ရပ်တည်မှုကို အခြေခံဥပဒေ စတင် အသက်ဝင်လာ မချင်း ရပ်တည်နိုင်စေခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ၂၀၀၈ အခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော်ကို စတင်သည့် ပထမနေ့မှ စတင်အသက်ဝင်မည် ဖြစ်ပါသည်။
ထို့အတူ အခြားထိပ်ပိုင်းခေါင်းဆောင် ၄ဦးဖြစ်သည့် သူရရွှေမန်း၊ ဦးသိန်းစိန်၊ သီဟသူရ တင်အောင်မြင့်ဦးနှင့် ဦးတင်အေးတို့သည်လည်း သူတို့၏ စစ်ရာထူးများကို စွန့်လွှတ်ပြီး နအဖ အဖွဲ့ဝင်များအဖြစ်သာ ဆက်လက်ရပ်တည် နေကြပါသည်။ ထို့အတူ လွန်ခဲ့သော ဧပြီလမှ ဦးသိန်းစိန် ဖွဲ့စည်းခဲ့သည် ကြံဖွံ့ပါတီမှ ရွေးကောက်ပွဲ ဝင်ကြမည် ဖြစ်ပါသည်။
ယခုအခါ နောက်တက်လာမည့် ကြံဖွ့ပါတီ လက်ထဲသို့ အာဏာကို ချောမောစွာ လွဲပြောင်းနိုင်ရေး သည်သာ နအဖ၏ အရေးကြီးသော တာဝန်ပင် ဖြစ်သည်ဟု အထက်ပါ အရာရှိက ပြောပါသည်။
သူကပင် ယခုအခါတွင် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ်ကြီး ကိုကို တို့သည် သူတို့ဦး စစ်ဦးစီးချုပ် တာဝန်များကို စစ်ရုံးချုပ်တွင် စတင်ထမ်းဆောင် နေကြပြီဟု ဆိုပါသည်။
အခြားထိပ်ပိုင်း ခေါင်းဆောင်များအနေဖြင့် ကြံဖွ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ကြမည်မှာ သေခြာသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကမူ မည်သို့ဆောင်ရွက်မည်ကို သေခြာစွာ မသိသေးဟု ဆိုပါသည်။
စစ်ရာထူးကို စွန့်လွှတ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံတော် အာဏာကို ဆက်လက်ချုပ်ကိုင် ထားဆဲဖြစ်ပြီး စစ်တပ်၏ ရှေးကတည်းက လုပ်နည်းလုပ်ဟန်များအရ နောက်ထပ် လေးလခန့်အထိ ၄င်း၏ စစ်ရာထူးကို ဆက်လက်အသုံးပြုနေလိမ့်ဦးမည်ဟု ပြောပြသွားခဲ့ပါသည်။ 
ပြည်တွင်သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment