10.23.2010

ဂီရိ မုန်တိုင်း သတင်း

 အလံသစ်တင်တဲ့နေ့မှာ ဖြစ်လာတဲ့မုန်တိုင်း ဓါတ်ပုံနဲ့ အလံသစ်က အရောင်လေးတွေ ယှဉ်ကြည့်လို့ရအောင် တွဲဖေါ်ပြလိုက်ပါတယ်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂၊ ၂၀၁၀။
င်္ဘလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို အခြေပြုပြီးဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အရှေ့မြောက်ပိုင်းဒေသသို့ ဦးတည်ပြီး ရွှေ့လျှားခဲ့ရာမှ မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူမြို့နယ် အနီးမှ ဖြတ်သန်းခဲ့သည်ဟု မြန်မာနိုင်ငံ၏ သတင်းဌာနများက ကြေငြာခဲ့ပါသည်။

အရေးပေါ်ကြော်ငြာချက် ယနေ့ညနေ ၆နာရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသရှိ ကျောက်ဖြူ၊ မြန်အောင်၊ အန်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားဒေသများတွင် တနာရီလျှင် မိုင် ၈၀ မှ ၁၀၀ အတွင်းတိုက်ခတ် နိုင်သည်ဟုဆိုပါသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၂ ပေအထိ မြင့်မားသော လှိုင်းလုံးကြီးများ ရခိုင်ကမ်းရိုးတန်း တလျှာက် ဖြစ်ပေါ်လာနိုင်သည် ဟုလည်းဆိုပါသည်။
ထို့အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း တနာရီကို ၄၅ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်ဟုလည်း ဆိုပါသည်။ 
ဆက်လက်၍ မုန်တိုင်းသည် ချင်းပြည်နယ် ၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဘက်သို့ မိုးသက်မုန်တိုင်းအသွင်ဖြင့် ရွှေ့လျှားလာနိုင်သည်ဟု ဆိုပါသည်။ 
မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မေလက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ သေဆုံးခဲ့ရပါသည်။ ထိုအရေးပေါ်ကြော်ငြာချက်ကို ဆက်ကာဆက်ကာ ထုတ်ပြန်နေပြီး ရခိုင်နှင့် ဧရာဝတီတိုင်းရှိ လူထုများကို လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန် နှီုးဆော်နေပါသည်။
နောက်ဆက်တွဲ ။   ။ ယခုအခါမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာပြီး ပြင်းအား အဆင့်လေးမှ ပြင်းအား အဆင့်တစ်သို့ လျှော့ကျသွားပြီး ညောင်ဦးမြို့အနီးသို့ ဗဟိုပြုနေသည်ဟု ဆိုပါသည်။ 
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment