10.25.2010

ဂီရိလေဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေး ယာယီကော်မတီများ ပြည်ပတွင် ဖွဲ့ စည်း

Photobucket
အောက်တိုဘာ ၂၄
ပြီးခဲ့သည့် အောက်တိုဘာ ၂၁နှင့် ၂၂ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ခတ်ခဲ့သော ဂီရိ အမည်ရှိ လေမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံချင်းမိုင်၊ မဟာချိုင်မြို့နှင့် ဘန်ကောက်မြို့များအပြင် ဘန်ကောက်မြို့ နယ်မြေအတော်များများမှ မြန်မာလူငယ် ၃၀ ကျော်တက်ရောက်ခဲ့ကြပြီး ၁၇ ဦင်္းပါ ဦးဆောင်ကော်မတီတစ်ရပ်ကို ယမန်နေ့က ဖွဲ့စည်းခဲ့ကြသည်။
ယခုဖွဲ့စည်းလိုက်သော ဂီရိလေဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေး ယာယီကော်မတီအား ပြီးခဲ့သည့် ၂၀၀၈ခုနှစ်က ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သော နာဂစ်လေမုန်တိုင်း တိုက်ခတ်ခံခဲ့ ရသော ဒုက္ခသည်များအတွက် အကူအညီများ စုဆောင်းပေးခဲ့ဖူးသည့် အတွေ့အကြုံရှိသူများက ဦးဆောင် ဖွဲ့စည်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။တပြိုင်တည်းတွင် http://girirelief.blogspot.com/ ကိုလည်း
လွှင့်တင်ထားပြီး ရရှိသမျှသော သတင်းအချက်အလက်များကို တင်ပြလျှက်ရှိသည်။
အလားတူ ထိုင်းနိုင်ငံအတွင်း လာရောက် ပညာသင်ကြားနေကြသညိ့ ရခိုင်သံဃာတော်များကလည်း ရခိုင်ပြည် ဂီရိမုန်တိုင်း လေဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေးကော်မတီ ထိုင်းနိုင်ငံဟူသော အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ စင်္ကာပူနိုင်ငံမှ ရခိုင်လူငယ်တစ်ယောက်ကလည်း http://arakangiri.blogspot.com/
ဟူသော ဘလော့ကို လွှင့်တင်လျှက် ရခိုင်ဒေသမှ ရရှိသမျှသသော ဂီရိမုန်တိုင်း သတင်းအချက်အလက် များကို ရေးသားတင်ပြလျှက်ရှိသည်။
ရန်ကုန်မြို့အခြေစိုက် မြန်မာအင်ဂျီအိုများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများတို့က အရေးပေါ်အကူအညီများ ပေးပို့ နေကြောင်း သိရှိရသည်။ ရန်ကုန်မြို့ အခြေစိုက် ရခိုင်သဟာရအသင်းက ပေးပို့ လှူဒါန်းသော ဆန် အိတ် ၁၀၀မှာ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်ရှိကြောင်းသိရှိရသည်။
မြေပုံမြို့နယ် ကျွန်းသာယာ၊ငမန်းရဲကျွန်းနှင့် ကျေးရွာအတော်များများတို့လည်း လုံးဝ ပျောက်ဆုံးနေခဲ့ ကြောင်းနှင့် လူအသေအပျောက် စာရင်းများကိုလည်း အတိအကျမရရှိနိုင်သေးဟု သိရှိရသည်။
ယမန်နေ့က အစိုးရ လက်အောက်ခံ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ဝင် ၅၀ဦးခန့်တို့ ရခိုင်ပြည်နယ် ဂီရိ မုန်တိုင်းသင့်ဒေသသို့ ထွက်ခွာသွားကြကြောင်း စစ်အစိုးရ သတင်းများတွင် ဖေါ်ပြချက်များအရ သိရှိရသည်။
ယခင်ကျောက်ဖြူမြို့တွင် အပျက်အစီးများခဲ့သည်ဟု သိရှိခဲ့ရသော်လည်း ယခုမူ မြေပုံမြို့နယ်တွင် အပျက်အစီးများပြားကြောင်း ယနေ့ပြည်တွင်းထုတ် ဝိကလီးအလဲဗင်းဂျာနယ် အွန်လိုင်းစာမျက်နှာတွင် ရေးသား ဖေါ်ပြထားသည်။

No comments:

Post a Comment