11.06.2010

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ မြန်မာရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

Photobucket
နိုဝင်ဘာ၅
ယနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသည့် စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှုအဖွဲ့က နောက်နေ့ မြန်မာနိုင်ငံမှာကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။
ဒီအဖွဲ့မှာ ဘန်ကောက်အခြေစိုက် လှုပ်ရှားတက်ကြွတဲ့ အင်ဂျီအိုအဖွဲ့တချို့နဲ့ မြန်မာအဖွဲ့တချို့အပြင် အလုပ်သမားများပါ ပူးပေါင်းထားတဲ့အဖွဲ့  ဖြစ်သည်။
ယနေ့ ထူးခြားတာတစ်ခုမှာ မဲဆောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (ထိုင်း)တာဝန်ခံ အသျှင် ဇ၀နနဲ့ အသျှင်ကေသရတို့အပြင် ကရင်ပြည်နယ်ထဲက ကရင်ရဟန်းတော် အသျှင် အိန္ဓောဘာသတို့  ၃ပါးလည်း ကြွရောက်လာခဲ့ကြခြင်းဖြစ်သည်။
အသျှင်ဇ၀နက ရွေးကောက်ပွဲဟာ ယာသက်ပန်စစ်ကျွန်ဖြစ်ရမှာမို့ ဒီတကြိမ်မှာ မကြောက်မရွံ့ဆုံးဖြတ်ရဲ
ကြဖို့၊ မိမိတို့ရဲ့ အနာဂါတ်ကို ကောင်းစားစေချင်ရင် ရဲရဲရင့်ရင့်ဆုံးဖြတ်ကြဖို့ လိုအပ်တယ်။ အဲဒီလို မဆုံးဖြတ်ရဲရင် ကမ္ဘာဆုံးတိုင်အောင် စစ်အာဏာရှင် လက်အောက်မှာ နေရလိမ့်မယ်၊ ဒါကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု မိန့်တော်မူသည်။
အသျှင် ကေသရကလည်း…….. အကယ်၍ မဖြစ်မနေ မဲထည့်ရမယ်ဆို၇င် ပယ်မဲထည့်ဖို့နဲ့ ကြံ့ဖွံ့ပါတီကို မဲ
မထည့်ကြဖို့ တိုက်တွန်းပါတယ်။
ကရင်ပြည်နယ်က ကြွလာသော အသျှင် အိန္ဓောဘာသာက “တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူ
ရေး၊ လွတ်လွတ်ခွင့်တွေရနိုင်မယ့် ရွေးကောက်ပွဲမဟုတ်တာကြောင့် ကရင်ပြည်သူတွေကို မဲရုံကိုမသွားကြဖို့ 
လုံးဝသပိတ်မှောက်ကြဖို့ ” တိုက်တွန်းသွားပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာ့အရေးလှုပ်ရှားတက်ကြွသူ ဗြိတိသျှလူမျိုး မစ္စတာ ဂျူလီယံကတော့ “တရားမ၀င်တဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီစနစ်မဟုတ်တဲ့ ဖွဲ့ စည်းပုံကို မြန်မာပြည်သူတွေ ကန့်ကွက်ကြပါ” လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ကိုမျိုးနိုင်နဲ့ ကိုနေလင်းအောင်တို့ကတော့ လာမယ့် ၇ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ လာရောက်ဆန္ဒပြရခြင်းဖြစ်ပါတယ်လို့ ပြောပြသွားကြပါသည်။ ဆန္ဒပြပွဲမှာ လူ၄၀ ၀န်းကျင်လောက်ရှိပြီး၊ နိုင်ငံတကာသတင်းထောက်များ ထိုင်းလုံခြုံရေးများနဲ့၊ မြန်မာသံရုံးက ဓါတ်ပုံထွက်ရိုက်သော စစ်ထောက်လှမ်းရေးတွေနဲ့ပါဆိုရင် လူရာချီရှိကြောင်းသိရပါတယ်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment