11.11.2010

မဲသူခိုး ကော်မရှင်နှင့် ကြံဖွံ့ပါတီကို တရားဝင်ကန့်ကွက်မည်ဟု ပါတီများပြော

နိုဝင်ဘာ ။ ။ ၁၀ ၊ ၂၀၁၀
ကြိုတင်မဲများဖြင့် မဲလိမ်အနိုင်ယူမှုအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ကြံဖွံ့ပါတီတို့ကို မဲလိမ်ခံရသည့် ပါတီများက တရားဝင်ကန့်ကွက်သွားမည်ဟုဆိုပါသည်။
ကြံဖွံ့ပါတီကမူ သူတို့အနေဖြင့် ၁၁၅၈ မဲဆန္ဒနယ်တွင် ၈၇၈ နေရာရရှိပြီး ပြတ်သားစွာ အနိုင်ရခဲ့သည်ဟု ပြောဆိုခဲ့ပါသည်။ ကြံဖွံ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ထို ၈၇၈ နေရာတွင် ပြည်သူ့လွှတ်တော်အတွက် ၂၅၇ နေရာ ၊ အမျိုးသားလွှတ်တော်တွင် ၁၂၄ နေရာ နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၄၈၅ နေရာနှင့် တိုင်းရင်းသားလူမျိုးစုများမှ ၁၂နေရာ အနိုင်ရခဲ့သည်ဟု ဆိုပါသည်။
တစညပါတီ အမတ်နေရာမှာ အဝေးဒေသများတွင် ၅၄ နေရာမှ ၆၀နေရာ အထိ မြင့်တက်လာပြီး၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီကလည်း ၄၇ နေရာမှ ၅၇ နေရာအထိ မြင့်တက်လာနေပါသည်။ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ ပြောရေးဆိုခွင့်ရှိသူက သူတို့ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၁၈နေရာ၊ အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ တိုင်းကြီးဒေသလွှတ်တော်တွင် ၃၅ နေရာနှင့် လူမျိုးစုဒေသများမှ ၁ နေရာ ရရှိသည်ဟု ဆိုပါသည်။
NDF ပါတီနှင့် ဒီမိုကရေစီတို့ကမူ နဂိုမူလ အတိုင်း ၁၆ နေရာနှင့် ၃ နေရာသာရရှိပါသည်။
အတိုက်အခံ ပါတီခေါင်းဆောင်များက ယခုကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် လိမ်လည်မှုများဖြင့် ပြည့်နေသော အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည်ဟု ဆိုပါသည်။
နည်းလမ်းမကျသော ကြိုတင်မဲများဖြင့် လိမ်လည်အနိုင်ယူခဲ့သည့် ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ဖေါ် ကန့်ကွက်မည်ဟု NDF နှင့် ဒီမိုကရေစီ ခေါင်းဆောင်များက ပြောပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

နောက်ဆက်တွဲ သတင်း ။   ။ ၁၁ နိုဝင်ဘာ ည ၇း၄၀ နာရီ။ 
ယနေ့ညထပ်မံရရှိသော သတင်းများအရ NDF ပါတီင်္သည် လာမည့် ၁၃ ရက်နေ့ နေ့လည် (၁)နာရီတွင် မဲမသမာမှုများနှင့်ပါတ်သက်ပြီး ဒီမိုကရေစီပါတီနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဖျက်လိုက်ပြီဟု သိရပါသည်။ မည်သို့သော အကြောင်းပြချက်နှင့် ပြန်လည်ဖျက်သိမ်းခဲ့သည်ကိုမူ ရှင်းလင်းပြောပြခြင်း မရှိခဲ့ပါ။ 

No comments:

Post a Comment