11.13.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါပြီ 
Photobucket
Photobucket
ယခုဓါတ်ပုံများသည်  ရွှေဝါရောင်သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့သော ပုံများဖြစ်ပါသည် ကျေဇူးပြု၍ ဓါတ်ပုံကို အသုံးပြုလိုလျှင် ဤဘလော့၏ လင့်ကိုပေးပါ ။ 
ရန်ကုန် ၊နိုဝင်ဘာ ၁၃ ။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၅နာရီ ၁၀ မိနစ်က အင်းလျှားလမ်းရှိ သူမနေအိမ်တွင် ၁၈လကြာ အကျယ်ချုပ် ကျခံနေရရာမှ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါသည်။
ထောင်းပေါင်းများစွာသောသူမကို ထောက်ခံသူများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် အသက် ရာကျော်ရှည်ပါစေဟူသော ကြွေးကြော်သံများနှင့် အော်ဟစ်ကြိုဆိုနေချိန်တွင် ထရပ်ကား၆စီးဖြင့် အပြည့် အဓိကရုန်းနှိပ်နင်းရေး ပုလိပ်များပါဝင်သော ကားများက ဂီယာကြီးများထိုး၍ အမြန်မောင်းဝင်လာပြီး ဝင်တိုက်မည့်ပုံဖြင့် ခြိမ်းခြောက်ခဲ့ပါသည်။ ထိုနောက်မှ တဖြည်းဖြည်း အရှိန်လျှော့မောင်းနှင်ကာ ပြန်လည် ကွေ့ပြီး ထွက်ခွာသွားပါသည်။
သိပ်မကြာခင်တွင် ပန်းများပန်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် ဦးဥာဏ်ဝင်းနှင့်အတူ သူမနေအိမ် ဂိတ်ဝတွင် ပေါ်ထွက်လာခဲ့ပြီးနောက် လူထုများထံမှ ပိုမိုကျယ်လောင်သော ကြွေးကြော်သံများ ထွက်ပေါ် လာပါသည်။
သူမ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ကြွေးကြော်သံများပိုမို ကျယ်လောင်လာသလို ကမ္ဘာမကြေသီချင်း သီဆိုသံများလည်း ထွက်ပေါ်လာပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုများးကို တစ်နာရီခန့် စကားပြောဆိုသွားခဲ့သော်လည်း မိုက်ကရို ဖုန်း မပါသဖြင့်လည်းကောင်း လူထုများ၏ အသံများ ဆူညံနေသဖြင့်လည်းကောင်း လူထုများနှင့် လက်တွဲပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဆောင်ရွက်သားမည်ဆိုသော စကားကိုသာ ကြားလိုက်ရပါသည်။
ယနေ့ညနေ လေးနာရီသုံးဆယ်ခန့်က သတင်းယူရန် ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့သို့ လာရောက်သော သတင်းထောက်များကို အစောင့် စစ်တပ်များက ရှေ့ဆက်သွားလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်းထောက် တစ်ဦးက ပြောပြပါသည်။ “ကျွန်တော်တို့ကို တားပြီးတော့ ဆက်မသွားရဘူး ပြန်လှည့် ဆိုပြောတယ်။ ကျွန်တော်တို့က သတင်းထောက်တွေပါပြောပြီး ရှေ့ဆက်တိုးလာတော့ သေနတ် မောင်းတင်ပြီး ချိန်တယ်။ သူတို့မျက်နှာတွေက တကယ်ပစ်ဖို့ ဆုံးဖြတ်ထားသလိုပဲ ၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်လာတော့မှ သေနတ်ပြန်ချပြီး ရှေ့ဆက်သွားဖို့ မတားတော့ဘူးဟု ” သတင်းထောက် တစ်ဦးမှ ပြောပြပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းအတွက် အမေရိကန် သမ္မတ အိုဘားမားက အမေရိကန် သံရုံးမှ တဆင့် စတိတ်မန့် တစ်စောင်ကိုလည်း ချက်ခြင်း ထုတ်ပြန်ခဲ့ပါသည်။ ထိုစတိတ်မန့်ကို Burma’s News World’s News ၏ ပထမဆုံးသတင်းတွင် တင်ပြထားပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

နယ်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် မျှော်လင့်

နယ်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် မျှော်လင့်

လွတ်ရက် စေ့နေသည့် ဒေါ်အောင်ဆန်း စုကြည်ကို အခက်အခဲ အမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ ရန်ကုန်မြို့သို့ သွားရောက် မတွေ့ဆုံနိုင် သော်လည်း လွတ်မြောက်ရန် ဆုတောင်းနေပြီး သတင်းကို
ဒေါ်အောင်ဆန်းစုကြည် လွတ်လျှင် တိုင်းရင်းသားအရေး ဦးစားပေးစေလို

ဒေါ်အောင်ဆန်းစုကြည် လွတ်လျှင် တိုင်းရင်းသားအရေး ဦးစားပေးစေလို

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပါက တိုင်းရင်းသားများ အရေးကို ဦးစားပေး လုပ်ဆောင် စေချင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ယနေ့ ပြောဆိုလိုက်သည်။ကချင်

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်သူများပြားနေ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆို၍ ရန်ကုန်မြို့ ဗဟန်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်နှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်

ရွေးကောက်ပွဲအပြီး မီဒီယာလွတ်လပ်ခွင့် ပိုတင်းကျပ်

ရွေးကောက်ပွဲလွန် ကာလတွင်လည်း  မီဒီယာလွတ်လပ်ခွင့် ပိုတင်းကျပ်မှုများ ရှိနေကြောင်း ပြည်တွင်း သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။ “ဂျာနယ်အများစုက တပတ်ကို ၂ ခါ စိစစ်ရေး

ဒေါ်အောင်ဆန်းစုကြည်ကို လူအများ ဆက်လက်စောင့်မျှော်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယနေ့ လွတ်မြောက်ရန် မသေချာ သေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက

ဒေါ်အောင်ဆန်းစုကြည် နာရီပိုင်းအတွင်း လွတ်မည်ဟုပြော

ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေတွင် လွတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှ အဖွဲ့ဝင်များက ပြောသည်။ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ရောက်ရှိနေသော တောင်ငူမြို့နယ်

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်

ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော

ရွေးကောက်ပွဲ ထောက်ခံသူများ ရလဒ်ကြောင့် စိတ်ပျက်

ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် အတိုက်အခံ အင်အားစုများ အရေးနိမ့်ပြီးနောက် I Vote (မဲပေးရေး) လှုပ်ရှားသူများနှင့် ရွေးကောက်ပွဲ လိုလားသူများ အလွန်အမင်း စိတ်ပျက်နေကြောင်း
မင်္ဂလာနှင့် နိုင်ငံရေး ၁၄
မောင်လူရေး
နိုဝင်ဘာ ၁၃၊ ၂၀၁၀
အာရတိ ဝိရတိပါပ မင်္ဂလာ = မကောင်းမှုမှ ဝေးဝေးရှောင်တာ မင်္ဂလာ။
အာရတိပါပ = မကောင်းမှု၏ မလျော်မှုကိုမြင်၍ မကောင်းမှု၌ မပျော်တော့ခြင်း။
ဝိရတိပါပ = မကောင်းမှုမှာ စိတ်မပျော်သဖြင့် နှုတ်တစ်ရာရော စာတစ်လုံးပါမသုံး၊ လက်စွမ်းခြေစွမ်းမပြ မတော် မတရားမှန်သမျှ ဘာမှမလုပ်ဘဲနေခြင်းမင်္ဂလာဟု အဓိပ္ပါယ်ရသည်။
အပြည့်အစုံသို့ ...
 

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၃)

မောင်မောင်ဝမ်း

နိုဝင်ဘာ ၁၃၊ ၂၀၁၀

၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ (ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့) အန်တီစုရဲ့ နေအိမ်မှာ ကျနော်တို့ (တကသ) ကျောင်းသားတွေနဲ့ အန်တီတွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ် စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက် ရှိမယ်။ ဒီထဲမှာ ထူးထူးခြားခြား ကနေဒါနိုင်ငံသား ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင် စိတ်ရှည်စွာ ထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လို ကြေငြာချက်ကို ဦးဝင်းထိန်က ဖတ်ပြတယ်။ အဓိက အချက်ကို ထုတ်ပြပါဆိုရင်တော့ -
အပြည့်အစုံသို့ ...
 

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၂)

မောင်မောင်ဝမ်း

နိုဝင်ဘာ ၁၂၊ ၂၀၁၀

ကျနော့်ခေါင်းတွေ တော်တော်ကြီးသွားတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒါနဲ့ အိမ်ထဲကို ပြေးဝင်သွားတော့ အန်တီက ဒေါ်မြင့်မြင့်ကြွေနဲ့ စကားပြောနေတယ်။ ကျနော် ထပ်ပြောရကောင်း၊ မပြောရကောင်း စဉ်းစားနေရင်းက ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) က ဘေးနားရောက်လာတယ်။ အကြောင်းစုံကို ဘကြီးမိုးကို ပြောပြလိုက်တယ်။ ပြောလို့မှ မဆုံးခင် ကျောင်းသားအုပ်ကြီးက ဒေါ်မြင့်မြင့်ကြွေ အိမ်ရှေ့ကိုရောက်လာကြပြီး ဒေါသသံတွေ အော်ဟစ်သံတွေနဲ့ လုံးထွေးနေတဲ့ အသံတွေက မိုးမွှန်လို့ ထွက်လာလိုက်တာ --- ---။
အပြည့်အစုံသို့ ...
 
အိန္ဒိယအမတ် မြန်မာ ရွေးကောက်ပွဲကို ရှုံ့ချ


အိန္ဒိယ အတိုက်အခံ ပါတီကြီးဖြစ်သော ညီညွတ်သော ဂျာနက်တာဒါးပါတီ Janata Dal Party (United) ကလည်း မြန်မာ ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုံ့ချသည်။ ညီညွတ်သော ဂျာနက်တာဒါးပါတီ ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ် Sharad Yadav က ကုလသမဂ္ဂ ကြီးကြပ်မှုဖြင့် မြန်မာပြည်တွင် ရွေးကောက်ပွဲ အသစ်ကျင်းပရန် တောင်းဆိုလိုက်သည်။ မစ္စတာ Yadav သည် အိန္ဒိယ အတိုက်အခံ နိုင်ငံရေး မဟာမိတ်ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။









more









more









more

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ္ဘာက တောင်းဆို

အကျယ်ချုပ်သက်တမ်းစေ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ဖို့ ကုလအရာရှိတွေနဲ့ နိုဘဲလ်ဆုရှင်များ တောင်းဆို။
သတင်းအပြည့်အစုံ | နားဆင်ရန်
 

No comments:

Post a Comment