Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts

7.28.2011

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်

သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Photobucket
Photobucket

6.07.2011

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

၂၀၁၁-ဇွန်လ (၆)ရက်နေ့တွင် (၃၇)နှစ်မြောက် အလုပ်သမား အ ရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားများဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုအား ရန်ကုန်မြို့ရှိ ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ၁၉၇၄-အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄-ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း(ခေါ်) ရွှေတိဂုံ အရေးအခင်းနှင့် ၁၉၇၆-မတ်လ မှိုင်းရာပြည့်အရေးအခင်းသို့တွင် ဖမ်းဆီးထိမ်းသိမ်းခံ ခဲ့ရသည့် အလုပ်သမား/ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါ နှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံး ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိမ်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစုံညီစွာ တက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း-၅၀ နည်းပါးခန့်တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော နိုင်ငံရေးအကျဉ်းဟောင်းများက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများ၏ မေတ္တာရပ်ခံလွှာတွင် ပါဝင် စုပေါင်းလက်မှတ်ရေးထိုးကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွတ်ပေးရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊  အလေးအနက် ထပ်မံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် နှစ်စဉ် ဇွန်လ (၆)ရက်နေ့ကို ၇၄-၇၅-၇၆ အထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ နေ့အဖြစ် သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေး အကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ကို သင့်လျော်သည့် နေ့တစ်နေ့ သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြု တင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သ မားနိုင်ငံရေးအကျဉ်းသားဟောင်းကြီးများနှင့် အခြား နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးများအား ထောက်ပံ့ငွေများပေးအပ်ကြသည့်အပြင် လက်ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း (၅) ဦး၏ မိသားစုများအတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း

4.05.2011

ငုံမခံရဖို့ တုံ့ပြန်ကြစို့ (အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများ) သင်္ကြန်သံချပ်များ

Latest tracks by myolay1996

မကဒတဝက်ဆိုက်မှ

2.12.2010

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို NLD ဌာနချုပ်တွင် ကျင်းပခဲ့

အခမ်းအနား ကျင်းပစဉ် မှတ်တမ်း ဓါတ်ပုံများ
Photobucket
Photobucket
Photobucket
၆၃နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်ခဲ့သော NLD ၏ ထုတ်ပြန်ကြေငြာချက်
Photobucket
Photobucket
Photobucket
NLD ဌာနချုပ်တွင် ကျင်းပသော ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ တွင် ပြောကြားသော သဘာပတိ မိန့်ခွန်း
Photobucket
Photobucket
တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပမည်ဟု ဆိုသော်လည်း ရေရာသော အာမခံချက်များ ဘာမှ မပါသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာ
Photobucket
Photobucket

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

2.07.2010

ပညာပါရမီ ကူညီမှု အသင်း၏ နှိုးဆော်စာ

ပညာပါရမီ နှိုးဆော်လွှာ

ပါရမီရှင် သူတော်စင်အပေါင်းတို့ခင်ဗျား-

ပညာပါရမီ ပညာရေးကူညီမှုအသင်း-မှ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပန်လှရွာ ပုဗ္ဗာရုံ ဘုန်းတော်ကြီး ကျောင်း၌ ၅-၆-၇-၈ တန်း ကျောင်းသား/ ကျောင်းသူများကို အခမဲ့ ပညာဒါန ပြုလုပ်နေပြီ ဖြစ်ပါ၍ မိမိတို့ တတ်စွမ်းသမျှ ပညာပါရမီ ပညာဒါန ပြုလုပ်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

မေတ္တာဖြင့်
အရှင်ဓမ္မသာမိ

ပညာပါရမီ ပညာရေး ကူညီမှုအသင်း အတွက် ကူညီ ပါရမီပြုနိုင်သော နေရာများ

၁။ အရှင်ဓမ္မသာမိ။
Ashin Dhamma Sami
1708 Powder Mill Rd,
Silver Spring, MD 20903.
( U.S.A )
Phone: 240-277-6661.
Email: ashindhammasami@ yahoo.com ashin.dhammasami@ gmail.com

Check နှင့်ဆိုလျှင် Pay to the Order နေရာတွင် Ashin Dhamma Sami ဟု၎င်း၊
Note နေရာတွင် ပညာပါရမီ-ဟု၎င်း ရေး၍ ပါဝင်ကူညီ ပါရမီပြုနိုင်ပါသည်။
( မိမိ ပြုလိုသော ပညာပါရမီ အကြောင်းအရာကို တပါတည်း ရေးပေးရန် )

၂။ ဦးသောဘနာစာရ
U Sobhanacara,
Room No-71, K.B.P Boy's Hostel, kalina campus, Santacruz(E) ,
University of Mumbai, Mumbai-400098, India.
Phone: 0091-9930018411.
Email: usobhanacara@ gmail.com

၃။ ဦးဓမ္မဒိန္န
ပုဗ္ဗာရုံကျောင်း၊ လက်ပံလှရွာ၊ ခင်ဦးမြို့နယ် ၊ စစ်ကိုင်းတိုင်း ။
၎။ ဦးထွန်းငြိမ်း+ဒေါ်တင်မေ
ရွှေကိန္နရီ သင်္ကန်းပရိက္ခရာဆိုင်- ဈေးထိပ်-အပြင်တိုက်တန်း
ရွှေဘိုမြို့။
ဖုန်း-၀၇၅-၂၁၇၅၂

၅။ ဦးသောင်းညွန့်+ဒေါ်သဉ္ဇာဌေး
အမှတ် ၇ ၊ မြဇေယျာလမ်း
လှည်းတန်း၊ ကမာရွတ် ရန်ကုန်။
ဖုန်း-၀၁-၅၂၅၂၉၄


( ပညာပါရမီ ပညာရေး ကူညီမှုအသင်း( ၂၀၀၉-၂၀၁၀ စာသင်နှစ် )
ကျောင်းသား / ကျောင်းသူ စာရင်း

၁။ ၅-တန်း။ ကျောင်းသား-၂၀။ ကျောင်းသူ-၁၄။ ပေါင်း-၃၄။
၂။ ၆-တန်း။ ကျောင်းသား-၁၁။ ကျောင်းသူ-၁၀။ ပေါင်း၂၁။
၃။ ၇-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၈။ ပေါင်း-၁၇။
၎။ ၈-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၁၁။ ပေါင်း-၂၀။

ကျောင်းသား-၄၉။ ကျောင်းသူ-၄၃။ စုစုပေါင်း-၉၂ ။

( ပညာပါရမီ ပညာရေး ကူညီမှုအသင်းတွင် ပြုလုပ်နိုင်သော ပါရမီများ )
၁။ ပညာပါရမီ ထာဝရပဒေသာပင် တစ်ပင်
မြန်မာကျပ် - ၁၀၀၀၀
US $ ဒေါ်လာ - 10.
အိန္ဒိယ ရူပီး - ၅၀၀
၂။ ပညာရေး သင်ထောက်ကူ ပစ္စည်းများ
ကွန်ပြူတာ စသည်၊ (သို့) တန်ဘိုးငွေ ၊
၃။ ကျောင်းသား/သူ များ၏ ပြဋ္ဌာန်းစာအုပ် တစ်စုံ
( ၅-တန်း ) ၂၀၀၀-ကျပ်။ US 2.00(ပျမ်းမျှနှုန်း)
( ၆-တန်း ) ။
( ၇-တန်း ) ။
( ၈-တန်း ) ။
၎။ ဗလာစာအုပ်, ဘောလ်ပင်, ခဲတံ, ပေတံ, ခဲဖျက် စသည် ပစ္စည်း ( သို့ ) ၀တ္ထုငွေ ၊
၅။ ဆရာ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့( ကျောင်းအုပ် )
( ၁-လ-၄၀၀၀၀-ကျပ်။ $ 40.
( ၁-ယောက်, ၁-လ, ၄၀၀၀၀-ကျပ်၊ $ 40. )( ၁၀-လ ၄-သိန်း။ $ 400. )

၆။ ဆရာမ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့
( ၁-လ-၃၀၀၀၀-ကျပ်။ $ 30.
( ၄-ယောက်, ၁-လ, ၁၂၀၀၀၀-ကျပ်၊ $ 120. )( ၁၀-လ ၁၂-သိန်း။ $ 1200.)

၇။ အထွေထွေ ပညာပါရမီ
၈။ ပညာရည်ချွန်ဆု ပညာပါရမီ
၅-၆-၇-၈-တစ်တန်းလျှင် ပ,ဒု,တ ၃-ယောက် ရွေးချယ်၍ အထူးဆု ချီးမြှင့်မည်ဖြစ်ပြီး ။
ကျန် ကျောင်းသား/သူ များအားလည်း ပစ္စည်း ၀တ္ထုငွေကြေး အခြေအနေအရ သင့်တော်သလို ဆုချီးမြှင့် သွားမည် ဖြစ်ပါသည်။
ပစ္စည်း ( သို့ ) ၀တ္ထုငွေ လှူဒါန်းနိုင်ပါသည်။
(ကျွန်တော်တို့ တတ်စွမ်းသော သတင်း မီဒီယာ ဆိုင်ရာ ထပ်ဆင့် ဖြန့်ချီပေးခြင်းဖြင့် ကူညီ ပါရမီ ဖြည့်လိုက်ပါ သည်။)

Saffron News Letter Groups

2.02.2010

ဦးအောင်ဆန်းဦးအား သပိတ်မှောက် ကံဆောင်လိုက်ပြီဟု ထုတ်ပြန်ကြေညာ

ဖေဖေါ်ဝါရီ ၂။ ၂၀၁၀
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ ဦးအောင်ဆန်းဦးကို သပိတ်မှောက် ကံဆောင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ သွားခဲ့ပါသည်။
ဇန်နဝါရီလ ၂၄ရက်နေ့ နေ့စွဲဖြင့် ဦးအောင်ဆန်းဦးအား နအဖ၏ ကြိုးကိုင်မှုဖြင့် ညီမဖြစ်သူ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေးနေခြင်းကို ရပ်တန်းက ရပ်ရန်နှင့် ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဝိနည်းတော်နှင့် အညီ သပိတ်မှောက် ကံဆောင်မည်ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုက သတိပေး ပြောကြားခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်အထိ ဦးအောင်ဆန်းဦး ဘက်မှ တစုံတရာတုန့်ပြန်မှု ပြုလုပ်လာခဲ့ခြင်း မရှိသဖြင့် ထိုသို့ သပိတ်မှောက် ကံဆောင်လိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။
သံဃာတော် အရှင်မြတ်များသို့လည်း ဦးအောင်ဆန်းဦးကို သပိတ်မှေက် ကံဆောင်ထားပြီးဖြစ်၍ သာသနာနှင့် ပါတ်သက်သော ပါတ်သက် ဆက်ဆံမှုများ မလုပ်ပါရန် လျှောက်ထားချက်ကိုပါ ပူးတွဲထည့်သွင်းထားပါသည်။
ထို့အတူ မနေ့က သတင်းဌာနများသို့ အသိပေး အကြောင်းကြားချက် တစောင်ကိုလည်း သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်ခဲ့ပါသည်။
ထုတ်ပြန်ကြေညာချက်များကို ပူးတွဲဖေါ်ပြ ထားပါသည်။

သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး ကြေညာချက်

By abma | February 1, 2010

အသံလွှင့်ဌာနများ၊ ၀က်ဘ်ဆိုက်များ၊ သတင်းဌာနများအားလုံးသို့ အသိပေးအကြောင်းကြားခြင်း

By abma | February 1, 2010

ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ(၂၄-၁-၂၀၁၀)

By abma | January 24, 2010

1.04.2010

CAC BURMA ၏ အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၁၀

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၁၀ ကို ထုတ်ဝေ

အယ်ဒီတာ့အာဘော်

နိုင်ငံရေး အချိုးအကွေ့ အပြောင်းအလဲ များသော ၂၀၀၉ ခုနှစ်မှ သည် ၂၀၁၀ သို့ မကြာ မှီ ပြောင်းလဲပေတော့မည်။ ၂၀၁၀ သည်ကော မည်သည်တို့ကို ဆောင်ကျဉ်း လာမည်နည်း။

လမ်းကြောင်းနှစ်သွယ်ကိုတော့ ထင်ရှား ပီပြင်စွာမြင်နေရသည်။

ပထမလမ်းကြောင်းက နအဖ တို့ အလိုကျ စိတ်တိုင်းကျ ရေးဆွဲကာ မဲလိမ် အတည်ပြုထား သည့် ၂၀၀၈ စစ်ဗိုလ် တမတ်သား အခြေဥပဒေဖြင့် ရွေးကောက်ပွဲကို အဓမ္မ ကျင်းပကာ တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့် ထိပ်တိုက်ရင်ဆိုင်မည့် အလုံးစုံ ပျက်စီးရေး လမ်းကြောင်းဖြစ်သည်။

ဒုတိယ လမ်းကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည့် ဆွေးနွေး ညှိနိုင်း အဖြေရှာကြရေး လမ်းကြောင်းပင် ဖြစ်သည်။

နအဖ ကတော့ သူတို့ စိတ်တိုင်းကျ ဖြစ်သည့် ပထမလမ်းကြောင်းကို သာ ဆက်လျှောက် မည့် အရိပ်အယောင်နှင့် စကားများကို တွင်တွင် သုံးနေသော်လည်း တဖက် ကလဲ လိုက်လျှောမှု အချို့ကို ပြခဲ့သည်။ သို့ရာတွင် မီးစတဖက် ရေမှုတ်တဖက် လမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေဆဲပင်။

မည်သို့ပင်ဆိုစေ ရှောင်လွဲမရသည့် အချက်က ၂၀၁၀ တွင် လမ်းကြောင်းတခု ကိုတော့ ရွေးရ ပေတော့မည်။ ထို့အတူ အတိုက်အခံများ ဘက်ကကော ထိုလမ်းကြောင်း နှစ်သွယ် အတွက် ဘာများ ပြင်ဆင် ဆောင်ရွက်ထားကြပြီလဲ ဆိုသည့် မေးခွန်းတခု လဲ ပေါ်ပေါက်လာခဲ့ ပြန်ပါသည်။

စစ်တုရင်ကစား သည့် အခါ အနက်ရုပ်ကိုင်သူသည် ခံစစ် ကစားရသူဖြစ်၍ အဖြူသမား တိုက်စစ် ဆင်သည့် အပေါ် အဆက်မပြတ် ကာကွယ်ရင်း အကောင်းဆုံး ပြန်လည် တိုက်စစ် ဆင်နိုင်သည့် အကွက် သို့ တဖက်သား၏ မှားကွက်ကို ရှာဖွေကာ ကစားပွဲ ချိန်ခွင်လျှာ ကို ပြောင်းလဲရပါသည်။

နအဖ ရွှေ့ကွက်နောက်ကိုသာ တောက်လျှောက် လိုက်နေခဲ့ကြရသည့် အတိုက်အခံများ ကကော တိုက်ပွဲချိန်ခွင်လျှာကို ပြောင်းလဲစေမည့် နည်းဗျူဟာ သို့ သူတို့တိုက်စစ်ကို အကောင်းဆုံးရင် ဆိုင်နိုင်မည့် ခံစစ်နည်းဗျူဟာနှင့် အတူ လုံလောက်သော ပြင်ဆင်မှုများ တုန့်ပြန်နိုင်မည့် နည်းလမ်းများကို ကြိုတင်ဆောင်ရွက်ထားရန် အလွန်အရေးကြီး နေပေပြီ ။

ပို၍ အရေးကြီးသည့် အချက်မှာ တူညီသော ရည်မှန်းချက်ဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်မည့် စုစည်းအား အတွက် နားလည်မှု များစွာ ကြိုတင် တည်ဆောက်ထား သင့်ပြီ ဟု အမှန်တရား ဂျာနယ်မှ အလေးအနက် တင်ပြအပ်ပါသည်။


၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ နှစ်ပါတ်လည် အစီရင်ခံစာ

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ အဓိက ရည်မှန်းချက်မှာ ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ခိုက်သွားရန်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက် လာစေရေးနှင့် တရား မျှတမှု ကင်းမဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို တားဆီးနိုင်ရေးတို့ အတွက် လုပ်ငန်းစဉ် များ အနေဖြင့်- ညီညွတ်စွာ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည့် တခုတည်းသော နည်း လမ်းတခုဖြစ်ပေါ်လာစေရန်-
- တိုက်တွန်း နှိုးဆော်ပေးခြင်း၊ စည်းရုံး လှုပ်ရှားခြင်း၊ အားပေး ဆောင်ရွက်ခြင်း၊ အကြံ
ဥာဏ်ပေးခြင်း။
-ပြည်သူ လူထုများ အသိပညာ ရရှိစေနိုင်မည့် သတင်းများ၊ အချက်အလက်များကို နည်းမျိုး
စုံသုံး၍ဖြန့်ချီပေးရန်။
-ပြည်တွင်း ပြည်ပ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် အတူတကွ ပူးပေါင်း
လက်တွဲ ဆောင်ရွက်ကြရန်။ စသည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

ထို့အတူ နိုင်ငံရေးဦးဆောင် အဖွဲတခုဖြစ်သော NCGUB မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကို ညီညွတ်စွာ ဦးဆောင်မှု ပေးရန် အတွက် ပြည်သူလူထု ၅၀၀ကျော်၏ လက်မှတ်များနှင့် စာရေးသားတောင်းဆိုမှု ကမ်ပိန်းတခုကို ဆောင်ရွက်ခဲ့ပြီး ထိုတောင်းဆိုစာကို ယခင်ပြည်သူလွှတ်တော် ကိုယ်စားလှယ် ယခု NCGUB အလုပ်သ မားရေးရာ ဝန်ကြီး ဦးခွန်မြင့်ထွန်းမှ တဆင့်ပေးပို့ခဲ့ပါသည်။

ထို့အတူ ဇန်နဝါရီလ ၂၁နှင့် ဖေဖေါ်ဝါရီ ၉ရက်တို့တွင် အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ နှစ်စောင်ကို၎င်း ၊ မတ်လ ၇ရက်နေ့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရန် အွန်လိုင်း လက်မှတ်ရေးထိုးတောင်းဆိုမည့် ကမ်ပိန်း တခုကို လည်း ဆောင်ရွက်ခဲ့ပါသည်။ (ထိုကမ်းပိန်းမှာ သတ်မှတ်ထားသော လက်မှတ်အရေ အတွက် မရရှိသည့် အတွက် အောင်ဖြင်မှု မရရှိခဲ့ပါ။ ထိုသို့ ဖြစ်ရခြင်းမှာ အခြားသော နိုင်ငံရေး ဦးဆောင် အဖွဲကြီးများ၏ ၂၀၁၀ နှင့် ပါတ်သက်သော သဘောထားများ ရှင်းလင်းစွာ ထုတ်ပြန် ခဲ့ခြင်း မရှိသေးခြင်းကြောင့်လည်းကောင်း၊ အခြားသော ကမ်ပိန်းကြီးများနှင့် ဥပမာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြာက်ရေး တောင်းဆိုမှု ကမ်ပိန်း တို့နှင့် တိုက်ဆိုင် နေ ခဲ့ခြင်း တို့ကြောင့် ဖြစ်ပါသည်။)

ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဂျွန်ယက်တော ဝင်ရောက်သည့် ကိစ္စနှင့် ပါတ်သက် ၍ တရားစွဲဆိုနေစဉ်က မဲဆောက် ဒေသရှိ နိုင်ငံရေး အဖွဲ့ အစည်း၊ အလုပ်သမား အဖွဲ့ အစည်း တချို့နှင့် ပူးပေါင်းကာ Joint Action Committee ကိုဖွဲ့စည်းကာ မေလ ၂၄ ရက် နေ့က မဲဆောက်မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် ဆန္ဒပြပွဲ တကြိမ်၊ မေလ ၂၇ရက်က မဲဆောက်မြို့ UNHCR ရုံးရှေ့တွင်တကြိမ် ဆန္ဒပြ၍ မစ္စတာ ဘန်ကီမွန်းထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ပြီး၊ ဇွန်လ ၄ရက်နေ့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ တကြိမ်နှင့် ဇွန်လ ၇ရက်နေ့က မဲဆောက် ချစ်ကြည်ရေး တံတားရှေ့တွင် တကြိမ် ဆန္ဒပြခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အဘိဆစ်ကို အိတ်ဖွင့် ပေးစာ တစောင်ပေးပို့ခဲ့ပါသည်။ ထိုဆန္ဒပြပွဲ များသည် မဲဆောက်မြို့တွင် နှစ်နှစ်ဆယ် အတွင်း အဖမ်းအဆီး အနှောင့်အယှက် မရှိ ပဲ အောင်မြင် စွာ ပြုလုပ်နိုင်ခဲ့သော ဆန္ဒပြပွဲများဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲနှင့် ၈၈၈၈ ၂၁နှစ်ပြည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တို့ကိုလည်း ဆောင်ရွက် နိုင်ခဲ့ပြီး တခြားသော အဖွဲ့ အစည်းများ၏ လှုပ် ရှား ဆောင်ရွက်မှုများတွင်လည်း တတ်စွမ်းသမျှ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါတွင် ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ အနေဖြင့် ပြည်တွင်း ပြည်ပ အဖွဲ့ပေါင်း ၁၀၀ကျော်ဖြင့် ဖွဲ့စည်းထားသော GAB ခေါ် Global Action for Burma အဖွဲ့ ဝင် အဖွဲ့ တခု အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါသည်။

(မှတ်ချက်။ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီသည် ယုံကြည်ချက်တူသူများ စုစည်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မိမိတို့ ကိုယ်ပိုင် ငွေကြေးဖြင့် သာ စုစည်း ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ )

ကျေးဇူးစကား နှုတ်ခွန်းဆက်စကား

လာမည့် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ သက်တမ်း တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို အလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ထုတ်ဝေခဲ့သော အမှန်တရား ဂျာနယ်သည်လည်း ယခုလတွင် ၁၀ အုပ်မြောက်အဖြစ် ထုတ်ဝေ၍ ယခုနှစ် သက်တမ်း အတွက် အဆုံးသတ် တော့မည် ဖြစ်သည်။

နောက်ထပ်ထုတ်ဝေရန် မထုတ်ဝေရန်ကိုမူ လာမည့် အလုပ်အမှုဆောင် ကွန်ဖရင့်မှ ဆုံးဖြတ် မည် ဖြစ်ရာ အယ်ဒီတာ အဖွဲ့မှ ယခုနှစ်အတွက် ကျေးဇူးတင် နူတ်ဆက်စကားကို ပြောလို ပါသည်။

ဖန်ငွေဟူ၍ မရှိပဲ ယုံကြည်ချက်တူသူများ၏ စုစည်းမှုဖြင့် အမှန်တရားကို ဖေါ်ပြရန် ပြည်သူ လူထုများကို အသိပညာပေးရန်နှင့် ဖျော်ဖြေတင်ဆက်မှုပေးရန် အမှန်တရားဂျာနယ်ကို ထုတ်ဝေခဲ့ကြ ရာတွင် ငွေကြေးအခက်အခဲ၊ နည်းပညာအခက် အခဲတို့သာမက အမျိုးမျိုးသော အခက် အခဲပေါင်း များစွာကို ရင်ဆိုင်ခဲ့ ကြရသည်။

ထိုအခက်အခဲများကို ကြံ့ကြံ့ခံ လက်တွဲရင်ဆိုင်ခဲ့ကြသော စုစည်းလှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင် များကိုလည်း အယ်ဒီတာ အဖွဲ့မှ ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်း တင်လိုပါသည်။

အထူးသဖြင့် ကွန်ပြူတာ ဖိုင်ထုတ်ပေးလိုက်ပြီးသည့် အချိန်မှ စာအုပ် ဖြစ်မြောက်သည်အထိ မအိပ်မနေ ကူညီဆောင်ရွက်ပေးခဲ့သော ဦးဇနကနှင့် ABMA အဖွဲသားများကို၎င်း၊ ပံ့ပိုးထုတ်ဝေ ပေးခဲ့ သည့် ABMA အဖွဲ့ကြီးကို၎င်း၊ စိတ်ဓါတ်အား ငွေအား လူအားဖြင့် တတ်စွမ်းသမျှ ကူညီ အားပေး ခဲ့ သည့် ကိုမန်းမျိုးမြင့်၊ ဤဂျာနယ်၏ အခြေခံ ဒီဇိုင်းကို ရေးဆွဲပေးခဲ့သော ကိုစံနှင့် အမြဲ ဝိုင်းဝန်း အားပေး၍ စာနယ်ဇင်းအတွေ့အကြုံဖြင့် အကြံပြု ကူညီပေးသူ ဆရာနေမျိုးအေး (ရဲခေါင် မဲမောင်) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် လိုပါသည်။

ထို့အတူ ဤဂျာနယ်တွင် ဝိုင်းဝန်းပါဝင် ရေးသားပေးကြသည့် စာရေးသူများ၊ ခွင့်ပြုချက် ရယူနိုင် ခဲ့ခြင်း မရှိပဲ ပင်တိုင်နီးပါး ကူးယူသုံးစွဲခဲ့သည့် ဧရာဝတီ၏ ပင်တိုင် သရော်စာဆောင်းပါးရှင် ဆရာ ရန်ကုန်သား တာတေနှင့် အခြားသော စာရေးဆရာ ကဗျာဆရာကြီးများကိုလည်း အထူးကျေးဇူး တင်ရှိ ရပါကြောင်း ပြောလိုပါသည်။

နောက်ဆုံး အနေဖြင့် ကျွန်တော်နှင့်အတူ ကျောချင်းကပ် ရင်ချင်းအပ်၍ ဝိုင်းဝန်း လုပ်ကိုင်ခဲ့ ကြသော အယ်ဒီတာအဖွဲ့ဝင် အဟောင်းအချို့နှင့် လက်ရှိ အယ်ဒီတာအဖွဲ့ဝင်များကို၎င်း ဖတ်ရှု အားပေး ကြသည့် စာဖတ်သူ တိုင်းရင်းသား ပြည်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ရင်း အမှန်တရားဂျာနယ်မှ နူတ်ခွန်းဆက်သ အပ်ပါသည်။

Cac Volume 1 No 10 အွန်လိုင်းတွင် ဖတ်ရှုနိုင်ရန် ဤနေရာတွင်နှိပ်ပါ

GAB အဖွဲ့ကြီး၏ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲခေါ်သံ

Photobucket

12.12.2009

BNC ၏ ဖိတ်ခေါ်ချက်

Photobucket
Photobucket
BNC Manifesto