11.08.2010

မြ၀တီ တိုက်ပွဲ သတင်းများစုစည်းတင်ပြမှု

မြတီမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ နောက်ဆုံးသတင်းတွေကို ရှယ်ယာလုပ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အခြေအနေတွေရှိနေပြီး အတည်မပြုနိုင်တဲ့ သတင်းတွေအရ နအဖ တပ်တွေက လူထုတွေကို ထွက်ခွါခိုင်းနေပြီး လေယာဉ်သုံးဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။
ထိုင်းဘက်မှာတော့ လက်နက်ကြီး ကျည်ဆံကျရောက်မှုကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနှစ်ဦးခန့်သေဆုံးပြီး ၆ဦးခန့် မဲ့ဆောက်ဆေးရုံမှာ တက်ရောက်နေတယ်လို့ဆိုပါတယ်။ မြ၀တီ တံတားနဲ့ သိပ်မဝေးတဲ့ NEW LIGHT မိုက်ဂရန့်ကျောင်း ပေါ်ကို လက်နက်ကြီးကျည်တစ်ခု ကျရောက်ပေါက်ကွဲခဲ့ရာ ကံကောင်းထောက်မစွာဖြင့် သစ်ပင်ကိုထိမှန်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှုမရှိခဲ့ပါ။ အခုအခါမှာတော့ ကမ်းနားက ထိုင်းနဲ့ မြန်မာမိုက်ဂရန့်ကျောင်းတွေ ပိတ်ထားလိုက်ပြီး၊ CDC  ကျောင်းမှာ တက်နေတဲ့ မဲဆောက်ကမ်းနားဒေသ အနီးတိုက်မှာနေတဲ့ ကလေးတွေကို ကျောင်းကပဲ စောင့်ရှောက်ပေးထားရတယ်လို့ ဆိုပါတယ်။
ကမ်းနားဘက်က ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေကိုတော့ ထိုင်းအာဏာပိုင်တွေက လေဆိပ် အနားမှာပဲ ယာယီတဲတွေ ထိုးပြီး စောင့်ရှောက်ကူညီနေတယ်လို့ သိရပါတယ်။
တိုင်းရင်းသား အဖွဲ့အချို့ကလဲ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေရရှိပါတယ်။

မြ၀တီတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား (Breaking News)

ဆုံဆည်းရာ ၈ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်..... ၁ နာရီ ၄၅ မိနစ်၊
-----------------------------------------------------------------------
(၁ နာရီ ၅၆ မိနစ်) ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပစ်ခတ်နေတယ်။ စက်သေနတ် စက်တိုက်ပစ်သံတွေ ကြားနေရတယ်။ မြ၀တီ ကြံခင်းဂိတ်ကနေ ထိုင်းဘက်ကို ထွက်ပြေးဖို့စောင့်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပို့ဆောင်ပေးနေတဲ့ လှေက တစီးပဲရှိတယ်။

(၁ နာရီ ၄၅ မိနစ်)
ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။ဟု ပြောဆိုသည်။


(၁ နာရီ ၃၈ မိနစ်)
ပြန်ပစ်ပြီ.... မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။

(၁ နာရီ ၃၂ မိနစ်)
မြ၀တီမှ စစ်ပြေးဒုက္ခသည်များ ထွက်ပြေးလာနေကြပြီ။ မြ၀တီမြို့တွင်းမှ နအဖ စစ်တပ်မှ ထွက်ခွာချိန် ၄၅ မိနစ်ပေးထားရာ မိနစ် ၃၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။





(၁ နာရီ ၂၄)
ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲဝင်ပြီ


(၁ နာရီ ၂၀)
တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...


(၁ နာရီ ၁၅)
ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။

-----------------------------------------------------------------------
မြ၀တီ
(၁း ၁၀) တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။

(၁း ၀၅) နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ထသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

(၁ နာရီ) နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။

(၁၂း ၃၀) မြ၀တီတွင် ပစ်ခတ်မှုများကြောင့် လတ်တလောတွင် ၂ ဦးသေဆုံးကြောင်း မျက်မြင်သက်သေတဦး အပြောအရ သိရှိရသည်။ ဒဏ်ရာရှိသူ ၁၀ ဦးထက်မနည်းကြောင်း မျက်မြင်သက်သေတဦး ပြောကြားချက်အရ သိရှိရသည်။ အခြားထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်သေးလို့ ပြောဆိုသည်။ ၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။ (ကိုးကား - Spillover of fighting in Burma kills one Thai) တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်ငယ်အသုံးများ အဆက်မပြတ်ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။ မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။


DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ်














ကောဂရိတ်
ကောဂရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။


ဘုရားသုံးဆူမြို့နယ်

(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...
(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ဒီကေဘီအေတပ်များနှင့် မွန်ပြည်သစ်ပါတီကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက် တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မဲဆောက်
မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။ ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်း အရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာ တလုံးကျလာပါတယ်။ အောက်မှာ ဓါတ်ပုံ တင်ထားပါတယ်။ နောက် ၁ ဂိတ် ထိုင်းဘက်ရှိ ဟွေ့မှုတ်ရွာ (ထိုင်းရွာ)ကိုလည်း လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်။ ထိုလက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။

ထိုင်းစစ်တပ်မှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေး ဒုက္ထသည်များကို စစ်ဆေးနေစဉ် (ဓါတ်ပုံ -Reuters)

(ကိုးကား - Spillover of fighting in Burma kills one Thai) လက်နက်ကြီးကျရောက်တဲ့အတွက် ထိုင်းရွာသား အနည်းနယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ ထိုကဲ့သို့ မြ၀တီမြို့တွင်းမှာ ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပေးလာတဲ့ စစ်ပြေးဒုက္ခသည် ထောင်ကျော်ကြောင်းသိရှိရပါတယ်။ တဖြေးဖြေးနဲ့ စစ်ပြေး ဒုက္ခသည် များပြားလာကြောင်း ထပ်မံသိရှိရ။ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းတကျောင်းတွင် ထားရှိထားကြောင်းသိရှိသည်။ နောက်ဆုံး မဲဆောက်မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူ Mr.Kittisak Tomornsak ပြောပြချက်အရ ထိုင်းဘက်ကို ထွက်ပြေးလာသည် စစ်ပြေးဒုက္ထသည် ထောင်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

မြဝတီမှာ ပစ်ခတ်မှုတွေဖြစ်နေပါပြီ...


ထိုင်းဘက်ခြမ်း ၊ မဲဆောက် တံတားထိပ် ဘယ်ဘက်ခြမ်း ရဲစခန်းရှေ့တွင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်မှုကြောင့် ကားတစ်စီး.. ပျက်စီးနေသော ပုံ။ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..
မနေ့က မြဝတီတံတားအောက်က ဟန်ရေးပြနေတဲ့ လုံခြုံရေးတွေ တစ်ယောက်မှ မရှိတော့ပါဘူး..

မနေ့က မြဝတီမြို့ သတင်းတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်ခဲ့တဲ့ မြဝတီမြို့မှာ ယနေ့မနက်ပိုင်းက ပစ်ခတ်သံများ ပြန်လည် ကြားနေရတယ်လို့ ဆိုပါတယ်... မဲဆောက်နဲ့ မြဝတီမြို့များကို ဆက်သွယ် မေးမြန်းပြီး လက်လမ်းမှီသလောက် တင်ပြလိုက်ပါတယ်..

မဲဆောက်နေတစ်ဦး။....။ ယခုလက်ရှိ မဲဆောက်ဘက် အခြမ်းကမ်းနားမှာ မာရှယ်လောထုတ်ထားပါတယ်.. မဲဆောက်တံတားအနီးက ဖုန်းရုံနားမှာ RPG တစ်လုံးကျလာလို့ ဘုန်းကြီးတစ်ပါး..နဲ့ လူတစ်ဦးဒဏ်ရာရရှိကြောင်း မြဝတီမြိုထဲမှာ မီးခိုးလုံးများ သေနတ်သံများကြားနေရကြောင်း ပြောဆိုပါတယ်..။ မြဝတီမြို့မှ ချောင်းကို ဖြတ်ကူးလာသူများအား ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရန် သွားရောက်နေပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်း မဲဆောက်မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါတယ်..

မြဝတီမြို့ခံသံဃာတစ်ဦး.။ ...။ မနက်ကတည်းက RPG ၁၅လုံးလောက် ဘုန်းကြီးကျောင်းနဲ့ လမ်းမပေါ်ကျလာတယ်.. ဘုန်းကြီးတို့လည်းလမ်းပေါ် မထွက်ရဲဘူး... ခုမြို့ထဲမှာ စစ်တပ်နဲ့ DKBA ပဲရှိတော့တယ်.. ဘယ်သူက စပစ်တာလဲမသိဘူး...။ ခုတော့တံတားထိပ်က လုံခြုံရေး အစောင့်တွေ မရှိတော့ဘူး ဒဏ်ရာရ လူသေတာများတယ်ပြောတယ်. အပြင်ထွက်လို့မရကြတော့ဘူး. ထွက်တဲ့လူတွေ အပစ်ခံရတယ် ပေါ်တာလည်း စဆွဲနေပြီ အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ် ဈေးဆိုင်တွေလည်း ပိတ်ကုန်ပြီ... ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်...မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်
မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။
မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။


more



more



more



more

No comments:

Post a Comment