ရန်ကုန် ။ ဇန်နဝါရီ ၂၄။
ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယဉ် မတော်တဆမှုကြောင့် စနေနေ့ညတွင် သေဆုံးခဲ့ရသော ဂျပန်အမျိုးသားသွားဆရာဝန်၏ ရုပ်အလောင်းကို မိဘများက ဂျပန်နိုင်ငံသို့ ပြန်လည် သယ်ဆောင်ရန် လိုလားနေသည်ဟု ဂျပန်သံရုံးက ပြောဆိုကြောင်း သိရပါသည်။
ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက သူရဲ့ မိသားစုကတော့ သူကို ဂျပန်မှာပဲ င်္သဂြိုလ်ချင်တယ်။ ဒါပေမယ့် ပြန်သယ်ခွင့်ပေးမယ် မပေးဘူးတော့ မသိသေးဘူးဟု ဆိုပါသည်။ ၄င်းအရာရှိကပင် ထိုဖြစ်စဉ်တွင် အခြား ဂျပန်အမျိုးသား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ြ ပည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ နေရသည်ဟု ဆိုပါသည်။
ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီး၏ တောင်ငူမြို့ အနီးတွင် ပြီးခဲ့သော စနေနေ့ည ၁၁ နာရီ ၃၀ က ဖြစ်ပွါးခဲ့သော မော်တော်ယဉ် မတော်တဆမှုတွင် မြန်မာအမျိုးသား နှစ်ဦးနှင့် ဂျပန်လူမျိုးနှစ်ဦး ပါဝင်ပြီး မြန်မာအမျိုးသား တစ်ဦးမှာလည်း ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။ သေဆုံးသူမှာ မြန်မာ့မီးရထား ဝန်ကြီးဌာန မီးရထား ပို့ဆောင်ရေးဌာန၏ လက်ထောက် ဒါရိုက်တာဖြစ်သည်ဟု သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)


The date to convene Parliament is drawing near, but some political parties say they cannot buy ...
Newly elected members of Parliament have reportedly been asked by the Election Commission (EC) in ...



ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုး … ကြွပါ … ကြွပါ။ ဘာသောက်မလဲ … အပူလား အအေးလား။ အအေးဆိုရင်တော့ ရေခဲရည်ရမယ်၊ အပူကတော့ နေလှမ်းထားတဲ့ ရေသန့်ဘူးထဲက ရေရမယ်။ 










Egyptian to die for Copt murders


The chairman of the Chin National Party, Pu Zozam, said that its first parliamentary bills have been ...
The National Unity Party (NUP) said that there should be no bias in the privatisation of state-owned ...
Malaysia-based Maha Nan Restaurant will present a ‘Stars of the Century’ music festival in Malaysia and ...
Burma’s Supreme Court in Naypyidaw on Thursday agreed to hear the National League for ...
The National Unity Party (NUP), winner of the second highest number of parliamentary seats in ...
