2.01.2011

မူဆလင် လှေစီးဒုက္ခသည် ၃၃ဦး ထိုင်းတောင်ပိုင်းတွင်ဖမ်းမိ

Pic_145711


 ဖေဖေါ်ဝါရီလ ၁
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ဘင်္ဂလားဒေ့ခ်ျ မြန်မာနယ်စပ်မှ မလေးရှားသို့ ထွက်ခွာလာသည့် မူဆလင် လှေစီးဒုက္ခသည် ၃၃ဦးအား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းရေပိုင်နက်အထူး စောင့်ရှောက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း ထိုင်ရပ်အွန်လိုင်း သတင်းစာတွင် ဖေါ်ပြထားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်နေ့ ညဥ့် ၃နာရီ ၃၀မိနစ်ခန့်တွင် ဖူးခက်မြို့နယ် နယ်မြေအမှတ်(၄) လ၀ိုင်ကျေးရွာ သို့ ရောက်ရှိခဲ့ကြသည်။ ရွာသားများက နယ်မြေစောင့် ရဲတပ်ဖွဲ့အား ဖုန်းဆက် အကြောင်းကြားသဖြင့် ယနေ့နံနက် ၈နာရီခွဲတွင်နယ်မြေစောင့် အထူးရဲတပ်ဖွဲ့မှ ဒုတိယ ရဲဗိုလ်မှူးကြီး ချိုင်ဝပ် ဆူလမစ် ဦးစီးပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
  ဖမ်းဆီးရမိသည့် မူဆလင် လှေစီးဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ခ်ျ မြန်မာနယ်စပ်မှ လှေစီး၍ထွက် ခွာလာခဲ့သည်မှာ ၁လ ကြာပြီးဖြစ်သည်။ လှေပျက်သဖြင့် အစာရေစာငတ်ပြတ်နေစဉ်  ရေလယ်မှ မြင်နေရသည့် ကမ်းသို့ ကူးခတ်လာခဲ့ကြခြင်းဖြစ်ကြောင်း ၄င်းတို့ထွက်ဆိုချက်ကို သတင်းစာတွင် ကိုးကားထားသည်။ လှေစီးဒုက္ခသည်များမှာ အထူးဆာလောင်မွတ်သိပ်နေသဖြင့် ရဲတပ်ဖွဲ့မှ ထမင်းထုတ် များ ၀ယ်ယူ၍ ကျွေးမွေးထားကြောင်းနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ် ကြောင်း သတင်းစာကဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ၁၉နှင့် ၂၀ ရက်ဝန်းကျင်တို့ က ထိုင်းပင်လယ်ပြင်အတွင်းဖမ်းဆီင်္းရမိခဲ့သော မူဆလင် လှေစီးဒုက္ခသည် ၄၀၀  ကျော်တို့အား ဇန်န၀ါရီလ  ၂၇ ရက်နေ့က လှေမှစက်များကို ဖြုတ်ချပြီး ရွက်များတပ်
ဆင်ကာ ဆေးဝါးနှင့် အစာရေစာများ အပြည့်အစုံ ဖြည့်ဆည်း၍ အင်ဒိုနီးရှားနှင့် ထိုင်းရေပိုင်နက်များသို့ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းအရာရှိတစ်ဦးကပြောဆိုခဲ့သည်။

No comments:

Post a Comment