6.10.2011

ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ(၉၅)နှစ်ပြည့်မွေးနေ့ကျင်းပ

Photobucket
ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ခေါင်းဆောင်သခင်သိန်းဖေ(၀ါခယ်မ)၏ ၉၅နှစ် ပြည့် မွေးနေ့ပွဲကို သခင်သိန်းဖေ နေထိုင်သည့် အမှတ်(၃)ပါရမီလမ်း (ချော်တွင်းကုန်း လမ်း)နှင့် ဦးဘဟန်လမ်းထောင့် နေအိမ်တွင် ၉.၆.၂၀၁၁ ခု ကြာသာပတေးနေ့ နံနက် ၁၀နာရီ ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါမွေးနေ့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးတင်ဦး၊ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂-၇၄-၈၈ မျိုးဆက်အင်အားစုများနှင့် အခြားဒီမိုကရေစီအင်အားစုများ တက်ကြွလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်းသိရှိရသည်။
မွေးနေ့ပွဲတွင် မွေးနေ့ရှင် သခင်သိန်းဖေက နှုတ်ခွန်းဆက်အမှာစကားပြောကြား ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများ ကိုယ်စား ဦးခင်မောင်ကြည်က ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားကာ တက်ရောက်လာသူများထဲမှ ဦးတင်ဦးနှင့် ဦးသန်းတင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြကြောင်း သိရှိ ရသည်။
ထို့နောက် မွေးနေ့ပွဲ တက်ရောက်လာသူများအား ကြက်သားဒန်ပေါက် ထမင်း ဟင်း အအေးတို့ဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံကာ ``နောင်လာ နောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ လမ်းစဉ်ကို နိုင်ငံရေးသမားတိုင်း လိုက်နာကျင့်သုံးပါ’’ ဆိုသည့် သခင်သိန်းဖေ၏ သြ၀ါဒ လက်ရေးမူရင်းနှင့် မကြာသေးခင်က ရိုက်ကူးထားသည့် သခင်သိန်းဖေ၏ မတ်တက်ရပ်ဓာတ်ပုံပါရှိသည့် ပို့စကဒ်များကို တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်အဖြစ် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment