7.02.2011

ဂျပန်ပါလီမန် ဒုတိယဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၂၉။
ဂျပန် နိုင်ငံခြားရေးရာ ပါလီမန် ဒုတိယဥက္ကဌ Ms. Makiko Kikuta သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည်ပိုင်းက NLD ပါတီ ဌာနချုပ်တွင် တနာရီကျော် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးမှုနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှီသော်လည်း ဆွေ့ဆုံဆွေးမှုသည် ရင်နှီးမှုကို မြန်မာအစိုးရနှင့် ဂျပန်အစိရုးကြားတွင်သာမက ဂျပန်နှင့် မြန်မာပြည်သူများ ကြားတွင်ပါ တည်ဆောက် သွားနိုင်ရေးကို အလေးထားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။
ထို့အတူ မြန်မာနိုင်ငံသားများကိုယ်စား ဂျပန်ငလျှင်နှင့် ရေးဘေးဒဏ် ခံစားခဲ့သူများအတွက် စာနာ ထောက်ထားကြောင်း ပြောပြခဲ့သည်ဟုလည်း ဆိုပါသည်။ အခြားဆွေးနွေးသည် ကိစ္စများကိုမူ ဂျပန်ဘက်မှ အများပြည်သူ သိရန် ထုတ်ဖေါ်စေလိုခြင်း မရှိဟုလည်း ဆိုပါသည်။
Ms.Makiko Kikuta သည် မနေ့က နံနက်စောစောပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဂျပန်အစိုးက မြန်မာအစိုးရသို့ စားသောက်ကုန်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တဆင့် လွဲပြောင်းပေးအပ်သည့် အခမ်းအနား အစီအစဉ်ကိုလည်း တက်ရောက်ခဲ့ပါသည်။
ထိုအစီအစဉ်မှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅.၈ သန်း တန်ဖိုးရှိ စားသောက်ကုန် တန်ချိန် ၁၇၀၀ နှင့် စားသုံးဆီ ၁၆၂၅ တန်ကို လှူဒါန်းခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၁၀ နှစ်ဦးပိုင်းလည်း အမေရိကန်ဒေါ်လာ ၅.၄၈၉ သန်း တန်ဖိုးရှိ စားသောက်ကုန် ၁၀၀၀ တန်နှင့် ပဲ ၄၁၆၄ တန်ကို လှူဒါန်းခဲ့ဖူးပါသည်။ ထိုလှူဒါန်းပွဲတွင် Ms. Makiko Kikuta က ယခုလာရောက်ခြင်းသည် ဂျပန်နှင့် မြန်မာအကြား ဆက်ဆံမှုကဏ္ဍအသစ်တခု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုနောက် အထောက်အကူပစ္စည်းများ အတွက် စာရွက်စာတမ်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ဌာနေ တာဝန်ခံထံ ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို နယ်စပ်ဒေသရေးရာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ပြညန်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် အဆင့်မြင့် ဝန်ကြီးများ တက်ရောက်ကြကြောင်း သိရပါသည်။
သူမသည် ထိုနောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်သူလွတ်တော် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒကျော်စွာ တို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
သူမသည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု သတင်းရရှိပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment