7.02.2011

ရပ်ထားရသော ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကချင်ဒေသ စစ်ရေးတင်းမာလာနေ

ရန်ကုန်၊ ဇူလိုင် ၁။
တိုက်ခိုက်ရေးအင်အား ရှစ်ထောင်ခန့်ရှိသည့် အင်အားကြီးများသော KIA တပ်များ၏ ဆန့်ကျင်မှုကြောင့် ကချင်ပြည်နယ်အတွင်း ဆောက်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လုံခြုံရေး အခြေအနေအရ ရပ်တန့်ထားရသည်ဟု ကချင်ပြည်နယ်မှလာသော သတင်းပေးပို့ချက် များမှ သတင်းရရှိပါသည်။
ရေအားလျှပ်စစ် စီမံကိန်း ၇ ခုထဲမှ တရုတ်နိုင်ငံ Datang ( Yunnan ) United Hydropower Developing ( DUHD ) ကုမ္ပဏီနှင့် မြန်မာ့ အမှတ်(၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ Lashsa ရေအားလျှပ်စစ် စီမံကိန်းနှင့် ၂၀၀၉ ဒီဇင်ဘာ ၂၁ က စီမံကိန်းဖွင့်ပွဲ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းများကို ယခုအခါ ရပ်ဆိုင်း ထားလိုက်ရပြီ ဖြစ်ပါသည်။
မြစ်ဆုံရေကာတာကို တရုတ်နိုင်ငံမှ China Power Investment ( CPI ) ကုမ္ပဏီနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် Asia World ကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် စီမံကိန်းဖြစ်ပြီး ပြီးဆုံးခဲ့လျှင် မြန်မာ့ အကြီးဆုံးနှင့် ကမ္ဘာ့ ၁၅ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာမည် ဖြစ်ပါသည်။
ထိုသို့ရပ်ဆိုင်းထားရခြင်းကြောင့် ဦးသိန်းစိန်အစိုးရက အပစ်ရပ် KIA အဖွဲ့ကို တိုက်ခိုက်ရန်အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို မြစ်ကြီးနားသို့ အခုရက်များအတွင်း စေလွှတ် တင်ပို့ နေသည်ဟု သတင်းများက ဆိုပါသည်။
တချိန်တည်းမှာပင် ဆိုးရွားနေသော လက်ရှိအစိုးရနှင့် KIA တို့ကြား ပြေလည်စေရေး ကြိုးပမ်း အဖြေရှာ နေမှုအပေါ် ကချင်ပြည်နယ် ပါလီမန်နှင့် စစ်ကိုင်းဒေသကြီး ပါလီမန်တို့်တွင် ဆွေးနွေးချက်များကို ပယ်ချ လိုက်ပြီ ဖြစ်ပါသည်။
KIA တပ်ဖွဲ့များသည် ဇွန်လ ၁၄ ရက်နှင့် ၁၆ ၇က်များအတွင်းက တံတား ၂၅ စင်းကို ချိုးဖျက်ခဲ့သလို၊ မြစ်ကြီးနား မန္တလေးသွား ရထားလမ်းမှ ရထားကူး ပိန်ချောင်း တံတားကို ဇွန်လ ၂၁ ရက်နေ့က ထပ်မံ ဖေါက်ခွဲခဲ့ရာ ယခုအခါ မြစ်ကြီးနားနှင့် မန္တလေး ရထားလမ်း ရပ်တန့်နေပြီဟု မြစ်ကြီးနား မြို့ခံတဦးက ပြောကြောင်း  သတင်းပေးပို့ချက်က ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment