1.16.2011

မြန်မာ့သတင်း ကမ္ဘာ့သတင်း

မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီးယားသင်္ဘောကို ဆိုမာလီယာ ပင်လယ်ဓားပြ ပြန်ပေးဆွဲ

မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်တဲ့ တောင်ကိုရီးယား သင်္ဘောတစင်းကို ဆိုမာလီယာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

CB ဘဏ် ပြိုလဲတော့မလား

CB ဘဏ် ပြိုလဲတော့မလား

အပ်နှံထားသည့်ငွေများကို ပြန်လည်ထုတ်ယူသူ များပြားလာသောကြောင့် ပုဂ္ဂလိကနှင့် သမ၀ါယမ ၀န်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် CB ဘဏ် ပြိုလဲနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘဏ်
ရန်ပွဲများကြောင့် ညကလပ်တချို့ ပိတ်

ရန်ပွဲများကြောင့် ညကလပ်တချို့ ပိတ်

ရန်ကုန်မြို့ရှိ ညကလပ် (Night Club) တချို့ အထူးစီမံချက်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားခံရသည်။မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးရှိ JJ ကလပ်၊ Global Future ကလပ်

သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။

နာမည်ကြီး အနုပညာရှင်များ လူမှုရေးလုပ်ငန်းတွင် ပိုမိုစိတ်ဝင်စားလာ

ရုပ်ရှင်၊ ဂီတ အသိုင်းအ၀န်းမှ နာမည်ကြီး အနုပညာရှင်များသည် ယခုနှစ်ပိုင်းအတွင်း လူမှုရေးလုပ်ငန်းများကို ပိုမို စိတ်ဝင်စားလာပြီး တိုးတက် လုပ်ကိုင်လာကြကြောင်း တွေ့ရှိရသည်။

ဆက်သွယ်ရေးလုပ်ငန်း ရတနာပုံ တယ်လီပို့ ချုပ်ကိုင်မည်

၂၀၁၁ ခုနှစ်တွင် ဖုန်းသုံးစွဲမှု၊ အင်တာနက်အသုံးပြုမှု နှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို  ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ ဦးဆောင်လုပ်ကိုင်သွားမည်ဟု သိရသည်။

ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာပေစိစစ်ရေးတို့နှင့် တွဲဖက် လုပ်ဆောင်မည့် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဂျာနယ်ကိုယ်စားပြု ကော်မတီ Committee for Professional Conduct (CPC) မှ

ဒု - သမ္မတ ၁ ဦးကို တိုင်းရင်းသားပါတီများ စုပေါင်းအဆိုပြုမည်

ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသားပါတီများ စုပေါင်း၍ ပေါ်ပေါက်လာမည့် လွှတ်တော်၌ ဒုတိယ သမ္မတ တဦးကို ၎င်းတို့ ကိုယ်စားလှယ်များထဲမှ အဆိုပြုသွားမည်ဟု ပါတီခေါင်းဆောင်များက

HIV ဝေဒနာရှင်များကို အလှူရှင်များ ပိုမိုအာရုံစိုက်လာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လူမှုအထောက် အကူပြုအဖွဲ့မှ ကူညီဆောင်ရွက် ပေးနေသော HIV/ AIDS ဝေဒနာရှင်များအား ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့များက

စစ်မှု မထမ်းမနေရ

Beruma615








NLD အထူးအယူခံကို လက်ခံ
NLDsအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို တရားဝင်ပါတီတခုအဖြစ် တည်ရှိနေကြောင်း ...
ကရင်ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပြေလည်အောင် ဖလုံစဝေါ် ဆွေးနွေးမည်
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်ထွန်းရန်နှင့် အလုပ်လက်မဲ့ လျော့ပါးရေးအတွက် ...
မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း
uhanshwesပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက် ...

လူငယ်ကွန်ယက်များ ချိတ်ဆက်မှု အားနည်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ် ...
တကျော့ပြန် မိုးကြောင့် မွန်ဆားကွင်းများ ပျက်စီး
salt-fieldsဒုတိယအကျော့ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မွန်ပြည်နယ်ရှိ ဧကတသောင်းခန့်ရှိ ...

ဒီကေဘီအေမိုင်း လူ ၁၀ ဦး ထိ
dkba-soldiers-10တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော်၏ ဆွဲမိုင်းကြောင့် နယ်ခြားစောင့် ...


ပုဂ္ဂလိကပိုင်လွှဲရာတွင် ဘက်မလိုက်ဖို့ တစညပြော
UNPflatsနိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်း ခြင်းကို ထောက်ခံသော်လည်း လွှဲပြောင်း ...


အဆိုတော် ၅၂ ဦးပါ ဂီတပွဲ မလေးနှင့် စင်္ကာပူတွင် ကျင်းပမည်
lazyclub1sမြန်မာအဆိုတော် ၅၂ ဦး ပါဝင်မည့် ရာစုနှစ်၏ ကြယ်ပွင့်များ ဂီတပွဲတော်ကို လာမည့်လ ...
                                            
ငွေဇင်ယော်ဦးရဲ့ ဆုရစာအုပ်
 ဆုရ ကွယ်လွန်သူ မိုးဟိန်း (သားဂျာနယ်ကျော်) စာအုပ်

ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ ကျင်းပ
တာရာဝေယံ
ရန်ကုန်၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၁
            ယမန်နေ့ မနက် ၁၁ နာရီက ရွှေတိဂုံဘုရားလမ်းမှာ ရှိတဲ့ ကွယ်လွန်သူ တော်ဘုရားကလေးနေအိမ်မှာ ပဉ္စမအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ စာပေဆုပေးပဲါကို အခြားနေရာတွေမှာ ကျင်းပဖို့ ခွင့်ပြုမိန့် မရရှိခဲ့တာကြောင့် တတိယအကြိမ်ဆုပေးပွဲက စပြီး နေအိမ်မှာ ကြပ်ကြပ်တည်းတည်း ကျင်းပခဲ့ရတာပါ။
အပြည့်အစုံသို့ ...
 
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၈)
တင်မိုး
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
၁။
“အိပ်မက်ကိုအလှည့်ပေး၊ အတွေးပျံ့လွင့်စဉ်” တဲ့။ ဆရာမြို့မငြိမ်းက “မပြီးသေးသောပန်းချီကား” မှာ ၀ိုးတ၀ါးဆိုခဲ့တယ်။
ကျနော် ခရီးတွေသွားလာနေတုန်းက အိပ်မက်နဲ့ဝေးခဲ့တယ်။ အိပ်မက်မက်ချိန်မရ။ သွားခဏ၊ နေခဏ၊ ပြန်ခဏ။ အခုတော့ သမီးရှိရာ ဥရောပမှာ ခဏနားပြီ။ ညမှာ အိပ်မက်လေးတွေ တောင်ပံခတ်၊ မျက်လွှာကိုလှပ်ပြီး ဖျတ်ခနဲ ဖျတ်ခနဲ ၀င်လာကြတယ်။ အိပ်မက်တောင်ပံခတ်ချိန်။
အပြည့်အစုံသို့ ...
 
ဝဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ
ကျော်သူ
ဇန်နဝါရီ ၁၅၊ ၂၀၁၁
ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” သည် ၉ ရက်တိုင်တိုင် ဒေသစာရီ လှည့်လည် အပူဇော်ခံခဲ့ပြီးသည့်နောက် ယနေ့ ၉ ရက်မြောက်သော နေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် မေတ္တာချောင်းကူးရပ်ရှိ ဝဋ်ကြွေးတော်ပြေ စေတီတော်မြတ်ကြီး တည်ရှိရာ ရန်အောင်မြေကျောင်းတိုက်တွင် ပြန်လည်၍ သီတင်းမသုံးခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွချီကာ အပူဇော်ခံခဲ့ပါသည်။
အပြည့်အစုံသို့ ...
 
ငယ်စဉ်ကြီးလိုက်
ကျော်သူ
ဇန်နဝါရီ ၁၅၊ ၂၀၁၁
 
ငယ်    -         သူငယ်ချင်းတို့ . . .
                   မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
                   ကစားဖော်, ကစားဖက်
                   ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
                   ဆိုးဖော်, ဆိုးဖက်
                   ဆော့ဖော်, ဆော့ဖက်
                   ဘောလုံးကစားဖော်, ကစားဖက်
                   ဘာပဲလုပ်လုပ် တဖက်ဖက်နဲ့
                   မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
                   ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။
အပြည့်အစုံသို့ ...
 
လက်နဲ့ယက်တဲ့ကွန်ယက်
ကေ
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
“ကွန်ယက်တွေ ဖွဲ့ကြပါ …”
လို့  မကြာခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည် ။
အဲဒီ နောက် တော့ …
အပြည့်အစုံသို့ ...
 
မေ့ကွက်ကို (ရှာ) ကြည့်မိတော့
ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
ကော်ဖီတွေကလည်း
အေးစက်ပေါ့သက်နေတော့တာပဲ...

အခြေအနေအရ
ဦးနှောက်ထဲ ရေပြတ်နေလို့
အခန်းနှစ်ခန်းထဲက
နံရံတွေပေါ်မှာ ကပ်ငြိနေတဲ့ ဇယားတွေကို
တကွက်ချင်းစီ ဆွဲခွာရွှေ့  ကြည့်နေမိတယ်....

ဘယ်လို ဇယားအငွေ့အသက်တွေက
လွင့်စင်ရွေ့  ထွက်သွားခဲ့ကြပြီး
ဘယ်လို ဇယားအပိုင်းအစတွေက
ကပ်ကျန်နေခဲ့ကြသလဲတော့ မသိဘူး..
အပြည့်အစုံသို့ ...
 

more

 

more

 

more

 

more

 

more

 

more

 

more
2011-01-15

သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အစိုးရသစ် ပေါ်ပေါက်ရေး အင်ဒိုနီးရှား ပြောဆို

2011-01-15
အာစီယံအနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မယ့် အစိုးရသစ်တရပ် ပေါ်ပေါက်ရေးကို အခုနှစ်အတွင်းမှာ အပြီးအပြတ် ဖြစ်စေလိုကြောင်း အင်ဒိုနီးရှား နိုင်ငံက ပြောလိုက်ပါတယ်။
011-01-15

၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်း

၂ဝ၁ဝ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပြည်နယ် အသီးသီးက လွှတ်တော်သုံးရပ်မှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီ (၅) ခု စုပေါင်းပြီး ညီနောင် တိုင်းရင်းသားပါတီ Nationalities Brotherhood Forum ဆိုတဲ့ အဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2011-01-15

မြန်မာ့ စီးပွားရေးလွတ်လပ်မှု ကမ္ဘာမှာ အနိမ့်ဆုံးစာရင်းဝင်

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။
2011-01-15

ဗီဇာအတုနဲ့ မလေးရှားသွားမယ့်သူ ၈ဝ လေဆိပ်က ပြန်လွှတ်

မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါဝင် စာရွက်စာတမ်း အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။
2011-01-15

ပျဉ်မနားမြို့အနီး နေအိမ်တွေ နေပြည်တော်က အဓမ္မဖျက်သိမ်း

ပျဉ်မနားမြို့အနီး ဆိပ်နံတုန်းရွာက အိမ်တွေကို နေပြည်တော် စစ်တပ်၊ ရဲနဲ့ စည်ပင်သာယာအဖွဲ့က အဓမ္မ လိုက်လံဖျက်သိမ်းနေတာ အိမ်ခြေ ၁ ထောင် လောက် ရှိနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။
2011-01-15

တောဆင်ရိုင်းနင်းလို့ ကလေးတဦးသေဆုံး

ပဲခူးမြို့ အနောက်ဘက် ကျောက်ပုံကျေးရွာမှာ ဆင်ရိုင်းတအုပ် အနင်းခံရတဲ့အတွက် ၁ဝ နှစ်အရွယ် မိန်းကလေးငယ် တဦး မနေ့က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
2011-01-14

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

ဒီတပတ် ဇန်နဝါရီလ ၁၄ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ အစီအစဉ်မှာ ဦးခိုင်မြတ်သိန်း (အမေရိကန် ပြည်ထောင်စု)၊ ဦးသန်းဝင်း (ABSDF အထွေထွေ အတွင်းရေးမှူးဟောင်း)၊ ဓညဝတီသား ( ထိုင်းနိုင်ငံ ဘန်ကွင်းအကျဉ်းထောင်)၊ မမူဘန်း (ဗန်ကောက်)၊ ကိုသီရိစု (ရန်ကုန်) နဲ့ ကိုဇော်ပေါက် (အမေရိကန်ပြည်ထောင်စု) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများ၏ စုပေါင်းတောင်းဆိုချက်

Photobucket
Photobucket

သာဿနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့၏ ထုတ်ပြန်ချက်

Photobucket
Photobucket

1.15.2011

ရန်ကုန်မှ ထူးဆန်းသော စိတ်ဓါတ် မြှင့်တင် ရေး ဗုဒ္ဓဘာသာကပွဲ သင်တန်းကြီး

E-mail Print PDF
မြန်မာစစ်အစိုးရ မှ ငွေကြေးထောက်ပံ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီမှ မကြာမီက ထူးထူးခြားခြား ဖွင့်လှစ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ ကပွဲသင်တန်းကြီးတွင် သင်တန်းမှူး ဘုန်းကြီး  အိဒ္ဒိပါလရဲ့ ညွှန်ကြားချက်အတိုင်း စစ်တိုင်းမှုးကတော်များပါ ထူးထူးခြားခြား ကခုန်ကြတဲ့ ဗွီဒီယိုခြောက်ခု facebook အင်တာနက် ကွန်ယက်တွင် ပျံ့နှံနေသည်။

သင်တန်းမှူးဘုန်းကြီးအိဒ္ဒိပါလ
စစ်ဌာနချုပ် ဗိုလ်မှုးချုပ် ထွန်းသိန်းအပါအ၀င် စစ်အစိုးရ အရာရှိများ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သော သင်တန်းကြီး ဖြစ်သည်။ အဆိုပါ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာနှင့် မြို့နယ် အချို့ မှ အာဏာပိုင်အဖွဲ့ အစည်းဝင်များ၊ စစ်တပ်နှင့် နယ်ဘက်မှ အရာရှိကတော်များ၊ သားသမီးများ တက်ရောက် ကြသည်။ သင်တန်းကို ရန်ကုန် မြို့ Asia Plaza၊ MCC ခန်းမ နှင့် ဘုရင့်နောင်ခန်းမတို့တွင် ကျင်းပပြီး၊ မွန်ပြည်နယ် သထုံနှင့် မော်လမြိုင်၊ ပဲခူးမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့ များ တွင်လည်းကျင်းပခဲ့သည်။

အဆိုပါသင်တန်း တွင် သင်တန်းမှုး ဘုန်းကြီးက အဆိုးနှင့် အဆိပ်များကို  ခါချရန် ကကြဖို့ ပြောပြီး၊ သင်တန်း ဖွင့်လှစ်သည့် နေ့တွင် လာရောက် သြ၀ါဒ ပေးသူများက စိတ်ဓာတ်မြှင့်တင်ရန်နှင့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာရန် ဆရာတော်ရဲ့ အကညွှန်ကြားချက်များ လိုက်နာဖို့ ပြောကြားခဲ့သည်။

"စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာ စောင့်သိ ရိုသေတဲ့ စိတ်ဓာတ်၊ တိုင်းတစ်ပါးကို အထင်ကြီးသော မှီခိုအားထားလိုသော စိတ်ဓာတ်များ ကင်းဝေးပြီး မိမိကိုယ်ကိုယ် မိမိယုံကြည်မှု၊ မိမိတိုင်းပြည်ရဲ့ ပြည်တွင်းအားကို ယုံကြည်မှု၊ ... နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်လိုမှု စတဲ့ စိတ်ဓာတ် အင်အားတွေကို နိုင်ငံသားတိုင်းက ပိုင်ဆိုင်ထားဖို့၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီးစိတ်ဓာတ်နူးညံ့ သိမ်မွေ့တဲ့ မိမိလူမျိုးရဲ့ မွန်မြတ်တဲ့ ဓလေ့ စရိုက်ကို ဂုဏ်ယူနိုင်ကြဖို့အတွက် ထူးခြားတဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ အကသင်တန်းကြီး ရည်ရွယ်ချက်ကြီးကြီးဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" အဖွင့်စကားပြောသူမှ ပြောကြားသွားသည်။ အောက်တွင် အဖွင့်စကားနှင့် အကဗွီဒီယိုများကို ကြည့်ရှုနိုင်ပါသည်။
သတင်းကိုးကား။ FNG & Strange News blogspot