
မတ်လ ၂၅
ဘန်ကောက်မြို့ အနောက်ဖက် ကီလိုမီတာ၁၀၀ ခန့်အကွာ ရတ်ချဘူရီးပြည်နယ် ဘန့်ခါမြို့နယ် ရှိV&K နာနတ်သီး စည်သွတ်စက်ရုံတွင် ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့မှ လ၀ကများ ၀င်ရောက်ဖမ်းဆီးသဖြင့်
အလုပ်ရုံမှာ လုံးဝရပ်နားခဲ့ရကြောင်း အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။
နံနက်၅နာရီခန့်က ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆယ်ဘီးကားဖြင့်၂စီး၊ ခြောက်ဘီးကားဖြင့်၂စီး ဟိုင်းလတ်ကားဖြင့် ၂စီး စုစုပေါင်းအလုပ်သမား ၅၀၀ ထက်မနည်း ဖမ်းဆီးသွားသည်။ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်ရှိသည့် အလုပ်သမား ၁၀၀ ခန့် သာ ကျန်နေခဲ့သည်ဟု သူက ဆိုသည်။
စက်ရုံ အလုပ်သမားခေါင်းဆောင် ကိုခိုင်ဇော်နိုင်က “ အလုပ်သမားတွေဆီက ၁၅ ရက်တစ်ပတ်ကို ပုလိပ်ကြေး ဘတ်၂၀၀စီ ဖြတ်ပါတယ်။ တစ်လကို ဘတ်၄၀၀စီ ဖြတ်ပါတယ်။ ဒီလိုပေးနေတာ အယင်တုန်းက အေးဆေးပါ၊ ခု အာဏာပိုင်တွေနဲ့ အလုပ်ရုံနဲ့ အဆင်ပြေပုံမရဘူး။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ က ၂၁၆ ယောက် ပုလိပ်ဖမ်းသွားပါတယ်။ ဒီနေ့လည်း ငါးရာကျော်လောက် ရှိမယ်ထင်တယ်၊ အ လုပ်သမားတွေ ကုန်ပြီး၊ စက်ရုံပါ ပိတ်လိုက်ရပြီ ” ဟု ပြောသည်။
ပြီးခဲ့သည့် ၁၅ ရက်နေ့ က ပုလိပ်ဝင်ဖမ်းမည်ဟု သတင်းကြားသဖြင့် အလုပ်ရုံမှ ကားကြီးများဖြင့် ဘုန်းကြီး
ကျောင်းတစ်ကျောင်းသို့ ပို့ဆောင်ထားစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အလုပ်ရုံတွင် မြန်မာ အလုပ်သမား ၁၀၀၀ ခန့် လုပ်ကိုင်နေကြသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အလုပ်ရုံတွင်
အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများအား အလုပ်သမားများ အလုပ်မဆင်းပဲ တောင်းဆို ဆန္ဒပြခဲ့သဖြင့် အလုပ်သမားများ တောင်းဆိုချက်များအား အလုပ်ရုံမှ လိုက်လျှောခဲ့သည်။




Moment when quake struck school
Coastal town search for survivors
'Wall of water flattened town'
Tsunami sweeps away all in its path
Burma’s Inle Lake in Shan State might dry up again for a second year because of little progress on ...
London-based Burma Campaign UK announced on Thursday that Denmark and Latvia have joined 10 other ...
After students protested over electrical power cuts at night in Moulmein, the authorities have begun ...
Failed breaks on a dangerous stretch of road caused a fatal accident when a truck carrying passengers ...
(Business commentary) The Burmese people have heard it all before. Back during the era of ...
An estimated 150 houses were damaged by strong winds in three townships in Rangoon on Friday, ...
Nineteen houses were damaged and 80 people left homeless when a fire swept through the No.1 Karenni ...




ထိုင်းနိုင်ငံ မဲဆောက် မြို့အစွန်ရှိ ကျောင်းသားဆေးခန်းလို့ နာမည်ကြီးတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း ပရ၀ုဏ်မှာ မြန်မာနိုင်ငံသားတွေဟာ ပူပြင်းတဲ့နေရောင်ကို ရှောင်တိမ်ရင်း
ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မြန်မာပြည့်အနှံ့ ဘုရားဖူးရန် ခရီးထွက်လာကြသည်။ရုက္ခစိုး။ ။ ငါလည်း မင်းတို့နဲ့ ပေါင်းပြီး ပေါက်ကရ ရှစ်ဆယ် လိုက်လုပ်နေရတာနဲ့ တရားထိုင်တဲ့ အလုပ်လည်း ပျက်တာ ကြာပြီ။
အမိ စစ်တက္ကသိုလ်ကြီးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျနော်တို့ ဗိုလ်လောင်းအသစ်တွေကို ကြိုဆိုပွဲဆိုပြီး စီနီယာ ဗိုလ်လောင်းတွေက စီစဉ်ပေးမယ်လို့ ကျနော်တို့ကို ပြောကြပါတယ်။ ကြိုဆိုပွဲ 











