

မေလ ၂၂
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ယမန်နေ့ ညနေပိုင်းက ဘန်ကောက်မြို့သို့ တရားမ၀င်မြန်မာအလုပ်သမား ၁၀ဦး တင်ဆောင်လာသည့် အချုပ်ကားအမှတ် ၄၇၄၊ကားနံပါတ်၃၁-၈၇၅၆ကို တာ့ခ်ခရိုင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ် Ban Huai Hin တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာအလုပ်သမား အမျိုးသမီး၎ဦးနှင့် အမျိုးသား၆ဦးတို့မှာ အသက် ၁၇နှင့် ၂၀နှစ် အတွင်းရှိကြသူများဖြစ်သည်။ ကားခေါင်းခန်းအား ဆက်လက်ရှာဖွေရာ ဘတ်ငွေ ၃၄၂၀၀ ကိုလည်း တွေ့ ရှိ သိမ်းဆည်းလိုက်ကြသည်။
လူကုန်ကူးသူများနှင့်အတူ ထိုင်းရဲအရာရှိများ ကိုယ်တိုင် အချုပ်ကားဖြင့် တရားမ၀င် အလုပ်သမားများ ဘန်ကောက်မြို့သို့ တင်ပို့နေကြောင်း သတင်းအရ တာဝန်ရှိသူများက တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်ပရပ်ကွက် အနီးတွင်ရှိသော အဆိုပါ စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ နံနက် ၉နာရီခန့် က အချုပ်ကားတစ်စီး စစ်ဆေးရေးစခန်း အား ဖြတ်သန်းစဉ် စစ်ဆေးရန် တားဆီးခဲ့သော်လည်း စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့သည်။ ညနေ၅နာရီတွင် အလားတူ ကားတစ်စီး စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့ပြန်သည်။
ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးနိုင်ရန် ကားနှင့်ဆိုင်ကယ်တို့အား အဆင်သင့်ပြင်ဆင်ပြီး စောင့် ဆိုင်းနေခဲ့ကြသည်။ ညနေ၇နာရီတွင် အလားတူကားတစ်စီး မောင်းပြေးသွားပြန်သည်။ ညနေ၇နာရီ၂၀မိနစ်တွင် မောင်းလာသည့်ကားလည်း ထွက်ပြေးပြန်သည်။ တာဝန်ရှိသူများ လိုက်လံပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် ကားမောင်းသူမှာ ရိုးရိုးသာမန်ရဲသား ဗွီလာဆ၀န်ဆိုသူ ဖြစ်သည်။ မနေ့က သူတို့ မြန်မာအလုပ်သမား ၇၁ဦး ကို ခွဲပြီးသယ်ဆောင်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ ဖမ်းဆီရမိသည့် ကားမောင်းသူ ထိုင်းရဲသားနှင့် လူကုန်ကူး ခံရသူများအား ထိုင်းလူကုန်ကူးမှု ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။



First US Predator strike in Libya





(Feature) The sun was up high in the sky when our group of Danish students and teachers walked into ...
An outbreak of Porcine Reproductive and Respiratory Syndrome (PRRS) was reported in Naypyitaw in ...
If you want to carry your laptop computer or more than one camera on a train in Burma, if you forget to ...
The head of the popular Free Funeral Services in Rangoon says the Union Solidarity and Development ...
An appeal letter urging the new government to release all political prisoners will be sent to President ...
(Business) In a rare interview published in ‘The Future’ magazine in Rangoon, Burmese business tycoon Tay Za ...
The winners in the sixth Thuta Swesone Literary Award for a Burmese book published in 2009 were ... 















