12.03.2008

သတင်းပဒေသာ


ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

ရွေးကောက်ပွဲ မသမာမှုနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းကို နိုင်ငံရေးလုပ်ခွင့် (၅) နှစ် တားမြစ်လိုက်ပြီး ၎င်း၏ အာဏာရပါတီ ပီပီပီကိုပါ ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

အာဏာရပါတီ ပီပီပီပါတီနှင့်အခြား ညွန့်ပေါင်းပါတီ (၂) ခုကိုပါ ဖျက်သိမ်းရန် တရားရုံးက ဆုံးဖြတ်လိုက်သည့် အတွက် ၀န်ကြီးချုပ်ဆွန်ချိုင်း ရာထူးမှ ပြုတ်သွားသည့် အပြင် ဖျက်သိမ်းခံရသည့် ပါတီများ၏ နိုင်ငံရေး ခေါင်းဆောင်များပါ (၅) နှစ်ထိ နိုင်ငံရေးလုပ်ခွင့်ရတော့မည် မဟုတ်ပေ။ ဆွန်ချိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး (၃၆) ဦးအနက် (၂၂) ဦးမှာ အရေးယူခြင်းမခံရသည့်အတွက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ တားမြစ်မိန့်မှ ကင်းလွတ်သည့် အမတ်များက ပါတီသစ်ထောင်ခွင့်ရှိသည်။

ဆွန်ချိုင်း ၀န်ကြီးချုပ်ရာထူးမှထွက်ပေးသည်ထိ လေဆိပ် (၂) ခုတွင် ဆက်ပြီး ဆန္ဒပြမည်ဆိုသည့် ပီအေဒီ အဖွဲ့ဝင် များအနေဖြင့် ဆွန်ချိုင်းပြုတ်သွားပြီး ဘာဆက်လုပ်မည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ၀န်ကြီးချုပ် ဆွန်ချိုင်း ပြုတ်သွားသော်လည်း ပီအေဒီဆန္ဒပြသူများ အနေဖြင့် ခြေကုပ်ယူထားသည့်-အပြည့်အစုံသို့

အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့
ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂၀၀၈) new
နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ်တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။ ...အပြည့်အစုံသို့



Somchai Wongsawat, left, talks to reporters after court dissolves ruling party and bans him from politics, in Chiang Mai, 02 Dec 2008

ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်က သူ့ကို နိုင်ငံရေး ၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း သတင်းထောက်များကို ပြောကြားပါတယ်။

အပြောင်းအလဲများသည့် ထိုင်းနိုင်ငံမြင်ကွင်း
ဒီဇင်ဘာ ၂၊ ၂၀၀၈
အစိုးရအဖွဲ့ပြုတ်ကျသည့်သတင်းကြောင့် အောင်ပွဲခံ ပျော်ရွှင်နေသော ဆန္ဒပြသူများ။ သိမ်းပိုက်ထားသည့် လေဆိပ်မှ ဆုတ်ခွာပေးမည်ဟု ၎င်းတို့က ကြေညာလိုက်သည်။ (အပေါ်ပုံ)
ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့တော်တွင် တပ်မတော်သားတို့၏ သစ္စာခံ၊ အလေးပြုခြင်းကို ခံယူနေသော ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ (၈၁နှစ်)။ နှစ်စဉ် ဒီဇင်ဘာလဆန်းတွင် ပြုလုပ်မြဲဖြစ်သော စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သော ဘုရင်က မိန့်ခွန်းပြောရာတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိဟု www.chinapost.com.tw တွင် ရေးသားထားသည်။
အျပည့္အစုံသိုႛ ...
The Moon and 2 Stars Smiling over Burma


မြန်မာပြည်မှာ မနေ့ညက ကြယ်နဲ့လ သာပုံ ထူးဆန်း

မိုးမခ အထောက်တော် (ရန်ကုန်)

ဒီဇင်ဘာ ၂၊ ၂၀၀၈

ယမန်နေ့ည ရန်ကုန်အချိန် ၆ နာရီခန့်က ကောင်းကင်ယံတွင် လခြမ်းကွေးက ပြုံးနေသည့် နှုတ်ခမ်းဟန်၊ သောကြာကြယ်ကက လက်ဝဲနှင့် ကြာသာပတေးကြယ်က လက်ယာမျက်လုံးများသဖွယ် ကောင်းကင်က ငုံ့ကြည့်နေသည့် ပုံစံ ဖြစ်နေသဖြင့် မြန်မာတို့ အိမ်ပေါ် လမ်းမများပေါ်ထွက်ကြည့်ကြပြီး အံ့သြ ငေးမောကြသည် ဆိုသည်။ တချို့က ပြုံးနေသည့် မျက်နှာသဏ္ဍာနှင့် ကောင်းကင်ကို ကြည့်ပြီး ထိတ်လန့်ကြသလို တချို့က စိတ်ချမ်းသာမိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ အာရှတိုက်က နိုင်ငံကြီးတွေမှာ အပူမီးတွေ တိုက်နေတာ၊ ကပ်ဆိုက်နေတာကြောင့် ဒီ ၂၀၀၈ တခုလုံးကို ပြည်သူတွေ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြရတယ်လေ။ အိန္ဒိယမှာ အကြမ်းဖက်သတ်ဖြတ်ကြတယ်၊ ထိုင်းမှာ အာဏာပိုင်တွေနဲ့ လူထု ထိပ်တိုက်ရင်ဆိုင်ကြတယ်။ မြန်မာပြည်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထောင် နှစ် ၅၀၊ ၆၀ ချပစ်တယ်။ အခု ကောင်းကင်ကြီးက ကြယ်နဲ့လက ပြုံးပြနေတော့ - ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ ဆိုတဲ့ သီချင်းကို သတိရမိတယ်။ စိတ်ချမ်းသာမိတယ်။”

လို့ တယောက်က ပြောပါတယ်။

အျပည့္အစုံသိုႛ ...


“ဘယ်သူတွေ တားလို့မှ မနေနိုင်ပေါင် … ဆိုင်းကြိုက်တဲ့မောင်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ click
- အာဆီယံ ထိပ်သီးအစည်းအဝေး မတ်လသို့ ရွှေ့ဆိုင်း click
- စစ်အစိုးရ ပရီပိတ်ဆင်းကတ် ရောင်းတော့မည်၊ ဈေးအလွန်ကြီးမည်မှန်း click
- မြန်မာငါးနှင့် ပုစွန် ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း click
- အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များ စိုးရိမ်နေ click
- ထိုင်းတရားရုံးချုပ်က ထိုင်းဝန်ကြီးချုပ်၏ ပါတီကို ဖျက်သိမ်း click
- မလေးရှားမှ မြန်မာအလုပ်သမား ၃၀၀ ခန့် ပြန်ပို့ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ရပ်ကွက်အဆင့်သင်တန်းများ ပို့ချ click
- ရွှေလီမြို့တွင် ပထမဆုံးအကြိမ် ကျောက်မျက်ရတနာပြပွဲ ကျင်းပ click
- အဖြူရောင်သက်တံ ကဗျာရွတ်ပွဲ ဦးဆောင်သူမဲ့နေ click
- မြန်မာဘက်မှ မူးယစ်ဆေးကြောင့် အိန္ဒိယဘက်၌ အေအိုင်ဒီအက်စ် ပျံ့နှံ့ click
- မော်လမြိုင်အနောက်ဈေးကြီး မီးလောင်ပြာကျ click
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပ click
- လအနီး ကြာသပတေးဂြိုလ်နှင့် သောကြာဂြိုလ် ထွန်းလင်းမှုကြောင့် လူတဦးရယ်နေပုံ ပေါ်ပေါက်ခဲ့ click
- မော်လမြိုင် ဈေးကြီးမီးလောင်၊ ကျပ်သိန်းထောင်ချီ ဆုံးရှုံး click

No comments:

Post a Comment