12.03.2008

ထိုင်းငါးဖမ်းလှေမှ မြန်မာရေလုပ်သား (၉)ဦး ထွက်ပြေးလွတ်မြောက်

ဒီဇင်ဘာ(၃)ရက်

ယနေ့ နေ့လည်က ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းရေပိုင်နက် (ခနုန်နှင့်စူရ)တွင် အုပ်စုလိုက်
ထွက်သော လှေပေါ်မှ မြန်မာရေလုပ်သားများ ထွက်ပြေး လွတ်မြောက် လာခဲ့သည်။

ထွက်ပြေး လွတ်မြောက် လာသူများထဲမှ ကိုငယ်ဆိုသူက “ကျနော်တို့ ဘန်ကောက်မြို့ အနီး
မဟာချိုင်က စီလန်ကရို့  လှေနံပါတ်(၇)နဲ့ လွန်ခဲ့တဲ့ နှစ်လနဲ့၂၃ ရက်ကစပြီး ထွက်လာခဲ့ပါတယ်၊
လှေစထွက်တုန်းကတစ်လတစ်ကြိမ် ကမ်းကိုကပ်မယ် ပြောပေမယ့် ခုထိမကပ်ဘူး၊ လှေပေါ်မှာ ကျနော်တို့
တစ်နေ့ကို နာရီနှစ်ဆယ်လောက် အလုပ်လုပ်ရပေမယ့် ငါးရေလုံပြုတ်နဲ့သာ စားရပါတယ်၊ ကျနော်တို့နဲ့အတူ အလုပ်လုပ်တဲ့(တနင်္သာတိုင်း၊ ပလောမြို့ နယ်တိုးရွာမှ) အသက်၄၅နှစ်အရွယ်ခန့် ကိုယာဘန်းဆီ ဆိုသူကို
နေမကောင်းလို့ ခဏနားနေစဉ် ရေချူးက ခြေထောက်နဲ့ကန်သဖြင့် နှာခေါင်းသွေးယိုနေစဉ် အရှင်လတ်လတ်
ပင်လယ်ထဲသို့ ကန်ချခဲ့ပါတယ်” ဟုပြောပြပါသည်။

လှေစထွက်စက မြန်မာ၁၅ယောက် ပါခဲ့သော်လည်း လှေနံပါတ်(၁၂)သို့ ရေလုပ်သား(၄)ဦး လွှဲပြောင်း
လုပ်စေခဲ့သည်။ ယနေ့နံနက် (၁၀)နာရီက ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေဆိပ်ကမ်းသို့ လှေသမားများကို
တစ်ယောက် ဘတ်၅၀၀စီ ပေး၍ လိုအပ်သည်များ ဈေးဝယ်ရန်ခွင့်ပြုစဉ် ထွက်ပြေးလာခဲ့ကြ ခြင်းဖြစ်သည်။

ထွက်ပြေး လွတ်မြောက်လာ သူများမှာ ကိုမျိုးသက်၊ ကိုသန့်ဇင်၊ ကိုသိန်းအောင်(ပုလောမြို့နယ်
ရှန့်ပုန်ကျေးရွာ)ဦးငယ်၊ ထိုက်ငယ်၊ ကိုလှဦး(ပလောမြို့ နယ် ပလပ်ရွာ)၊ ကိုကျော်၊ ကိုဇေါ်(ဘုတ်ပြင်းမြို့နယ်
အလယ်မန်ရွာ) ပသျှူးလူမျိုးတို့နှင့် ကိုမြင့်ဝေ (ရန်ကုန်သာကေတ (၈)ရပ်ကွက်) တို့ဖြစ်ကြသည်။

ထွက်ပြေး လွတ်မြောက်လာသော မြန်မာရေလုပ်သားများတို့သည် အာဟာရချို့ တဲ့မှုများကြောင့် နေထိုင်မကောင်း
အနည်းငယ် ဖြစ်နေကြရကြောင်းနှင့် လှေအုပ်စုများ ပြန်လည်တွေ့ရှိသွားမည်ကို စိုးရိမ်နေကြသည့်အပြင် အတူတကွ လိုက်မပြေးရဲပဲ ငါးဖမ်းလှေတွင် ကျန်နေခဲ့သော လုပ်ဖေါ်ကိုင်ဖက် နှစ်ဦးတို့ အတွက်လည်း စိုးရိမ်နေကြကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံဧ။် ပင်လယ်အစားအစာ ထုတ်လုပ်မှု လုပ်ငန်းများသည် တိုင်းပြည်ဧ။် စီးပွားရေးတွင် အဓိက
လုပ်ငန်းတစ်ခု ဖြစ်သော်လည်း၊ တစ်ရက်ကို နာရီနှစ်ဆယ်ခန့် အလုပ်လုပ်ရသော၊ ပင်ပန်းဆင်းရဲစွာ
လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတွက် ရောင်းစားခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်းများ အမြဲရှိနေကြဆဲ ဖြစ်သည်။ မြန်မာရေလုပ်သား များအတွက် လုံလောက်သော အကာအကွယ် ယနေ့တိုင်မရှိသေးပေ။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment