12.09.2008

ဘန်ကောက်မြို့  ဖိနပ်စက်ရုံ တစ်ရုံ ထိုင်းပုလိပ် ၀င်ဖမ်း

ဒီဇင်ဘာ ၉

ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  စမူပါကန် ဘန်ဖိယိုင် ဘန့်ချလုံ ရှိ အဲရိုဆော့ aerosoft

ဖိနပ်စက်ရုံရှိ မြန်မာ အလုပ်သမားများကို ထိုင်းပုလိပ်များ ၀င်ရောက် ဖမ်းဆီးလိုက်သည်။

နံနက် ၁၀ နာရီခန့်မှ စ၍ ထိုင်းပုလိပ်မျာ; စီးနင်းဝင်ရောက် ဖမ်းဆီးသဖြင့် မြန်မာ အလုပ်သမား ၃၀၀ ခန့် အဖမ်းခံရသည်။အဖမ်းခံရ သူများထဲတွင် မိန်းကလေး အလုပ်သမား အများစုဖြစ်ပြီး အလုပ်လုပ်ကိုင် နေထိုင်ခွင့် (ဘတ်)ရှိသူ၂၀၀ နီးပါးကိုမူ ချန်ထားခဲ့သည်။

ဘတ်ရှိ၍ လွတ်မြောက် ကျန်နေခဲ့သူ အလုပ်သမား ကိုကျော်စိုးပိုင်က” ကျနော်က ညဆိုင်းဆင်းတယ် လူတွေရုန်းရင်းဆန်ခတ် ထွက်ပြေးသံကြားလို့ ကျနော်နိုးလာတာ ပုလိပ်ကားကြီး သုံးစီးနဲ့ ၀င်ဖမ်းတာ ထွက်ပေါက်ရှိတဲ့နေရာတွေ ကျနော်အော်ပြောလို့ မနည်းလွတ်သွားတယ်“ဟုပြောသည်။

ဘတ်မရှိသော်လည်း သစ်သား သေတ္တာထဲတွင် ပုန်းအောင်း၍ လွတ်မြောက် ကျန်နေခဲ့သော မွန်ပြည်နယ်မုပလ္လင်သူ မဝေမာ က’’ တောမော ပုလိပ်တွေ ၀င်လာတယ် ဘတ်ရှိတဲ့လူတွေကို ချန်ထားပြီ; ဘတ်မရှိတဲ့လူတွေကို ခေါ်ထုတ်တယ် ကျမလည်း အစောင့်ကို အကူအညီတောင်းပြီး သစ်သားသေတ္တာထဲ ၀င်ပုန်းနေလိုက်လို့ လွတ်သွားတာပါ၊ ကျမယောက်ျားလည်း သံဆူးကြိုးကို မပြီး ထွက်ပြေးလို့ လွတ်သွားတယ်။ ဒါပေမယ့် ခုကျမနဲ့ မတွေ့ရသေးဘူး ကျမထင်တယ် ပုန်းနေခဲ့တဲ့ သူတွေနဲ့ ခြံဖေါက်ပြီး ပြေးတဲ့လူတွေ ပါဆိုရင် ရှစ်ဆယ် ကိုးဆယ်လောက် လွတ်သွားတယ် ထင်ထယ်’’ဟုပြောသည်။

အလားတူ ပုန်းအောင်း လွတ်မြောက်ခဲ့ သူတောင်ကြီး ရှမ်းအမျိုးသမီး အန်တီငွေကလည်း’’ကျမတော့ စက်ခုန် တွေအောက်ကို ၀င်ပြီး ပုန်းနေလို့ လွတ်သွားတယ် ကျမတူမ တစ်ယောက် ပါသွားတယ် အဖမ်းခံရသူတွေက မွန် ကရင်နဲ့ ဗမာတွေ များတယ်ဆိုတော့ သူတို့တွေက မဲဆောက် မြ၀တီ နယ်စပ်ကို ရောက်ပေမယ့် ကိစ္စမရှိဘူး ပေါ့နော် ကျမ တူမကျတော့ အဲဒီမှာ အသိလည်းမရှိ မယ်ဆိုင် ဘက်ကို ပိုအောင် ဘယ်လို အကူအညီ ပေးနိုင်ကြမလဲနှော်’’ဟုပြောသည်။

ဘတ်မရှိပဲကျန်နေခဲ့သောအလုပ်သမားများရှောင်တိမ်းနိုင်ရေ;အတွက်ကူညီဆောင်ရွက်ပေးနေသူကိုကျော်စိုးပိုင်က’’နေ့လည် တစ်နာရီ လောက်မှာ ကျန်နေခဲ့တဲ့ အလုပ်သမားတွေကို စာရေးမတွေက အလုပ်ပြန်ဆင်းခိုင်းနေတယ် သူတို့တွေကို ဘယ်သူက တာဝန်ယူဖြေပေးမှာလဲ တစ်ချို့ ကို ကျနော်တားလို့ ရတဲ့သူတွေ မဆင်းပေမယ့် အချို့ ဆင်းသွားကြတယ် နှစ်နာရီလောက်မှာ ပုလိပ်တစ်ယောက် ဆိုင်ကယ်နဲ့ ရှေ့ ပြေးလာတယ် ၀င်ဖမ်းအုံးမယ် ထင်တယ်ဗျာ ကျနော်တို့ ညဆိုင်းသမား ကိုးဆယ်လောက်တော့ အဖမ်းမခံ လိုက်ရဘူး’’ ဟုပြောသည်။

ဖနပ်ရုံမှ အလုပ်သမားများ အားလုံး တစ်ပတ်စာ လုပ်အားခ မထုတ်ရသေး ကြောင်း ယခင်က ပုလိပ်ဖမ်းတာ မရှိဖူးကြောင်း ယခုဖမ်းဆီးခြင်းမှာ လုပ်ငန်းရှင်မှ တဖက်လှည့်ဖြင့် အလုပ်သမားလျော့ချခြင်းဖြစ်နိုင်ကြောင်း စက်ရုံ အလုပ်သမားများက ယူဆနေကြသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း (BAT) စည်းရုံးရေးမှူးဒေါ်သက်သက်ဦး က’’ ကျမတို့ အသင်းမှာ ကိုယ်ထူကိုယ်ထ Safe House အခန်းတစ်ခန်း ရှိတာပေါ့နှော်အဲဒီမှာ ဆန့်သလောက် ထားပေးမယ် ဘေးကအခန်းကိုလည်း အကူအညီတောင်းပြီး ထားပေးမယ် သူတို့အလုပ်အကိုင် အဆင်ပြေတဲ့ အချိန်ထိပေါ့ တတ်နိုင်သလောက်တော့ အကူအညီပေးမှာပါ’’ ဟု ပြောသည်။

ကမ္ဘာစီးပွားရေး ကျဆင်းမှုနောက်ပိုင်း ထိုင်းနိုင်ငံသည်လည်း စီးပွားရေးကျ ဆင်းလျှက်ရှိရာ ထိုင်းနိုင်ငံ အ၀ှန်းနေရာ အတော်များများတို့တွင် အလုပ်သမားများ အလုပ်ထုတ်ခံရခြင်း များကြားသိနေရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment