3.06.2009

Anti Adhamma Army ၏ ထုတ်ပြန်ကြေငြာချက်

အေသုံးလုံး အဓမ္မဆန့်ကျင်ရေး လျှို့ဝှက် တပ်ဖွဲ့များဖွဲ့စည်း

AAA

Your browser may not support display of this image.

Anti Adhamma Army

စတင်ဖွဲ့စည်းသည့်နေရာနှင့် နေ့ရက်

လုံခြုံလျှို့ဝှက်သည့် နယ်ခြားတစ်နေရာတွင် ၁၇-၀၂-၂၀၀၉ ရက်နေ့တွင် ဖွဲ့စည်းသည်။ ဤတပ်ဖွဲ့ဝင် များသည် လက်ရှိ နအဖတပ်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိ အရာခံ တပ်မတော်သားများလည်း လျှို့ဝှက်ပါဝင်သည်။

ရည်ရွယ်ချက်

လူထုအပေါ် မတရားအနိုင်ကျင့်သည့် အဓမ္မသမားများကို ရသည့်နည်းဖြင့် ဆန့်ကျင်ရန်

ဖွဲ့စည်းသည့်ပုံစံ

တပ်ဖွဲ့ဝင်များသည် အနည်းဆုံး တပ်ဖွဲ့လေးယောက်ရှိရမည်။မြန်မာပြည် နေရာ အနှံ့အပြား တောရော မြို့ပါ မကျန် တပ်ဖွဲ့ဝင်များ ဖွဲ့စည်းမည်။ မတရားမှု အဓမ္မကို ဆန့်ကျင်လိုသူ မည်သူမဆို တပ်ဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်သည်။

တစ်ယောက်ဆီတွင် အစွယ်အပွား လေးယောက်ရှိရမည် ဥပမာ….

Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.

Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.Your browser may not support display of this image.

စတင်ဖွဲ့စည်းသူများ

          ၁။ဗိုလ်သာကျော်

          ၂။ဗိုလ်ရန်နိုင်

          ၃။ဗိုလ်သံမဏိ

          ၄။ဗိုလ်ကျော်အောင်

မှတ်ချက်။ တိုးချဲ့ဖွဲ့စည်းသူများသည် နာမည်ပြောင်းရမည် ၄င်းနာမည်ရှေ့တွင် ဗိုလ်ထည့်ရမည်။ အင်္ဂလိပ် သခင်များကိုတိုက်ရန် မြန်မာသခင်များ ပေါ်ပေါက်လာပုံနှင့် ခပ်ဆင်ဆင်တူသည်။ ဗိုလ်များကိုတိုက်ရန် ဗိုလ် ထည့် ခြင်းဖြစ်သည်။ မိမိနာမည်ရွေးရာတွင် ထူးခြားသည့် နာမည်များရွေးရန် အကြံပြုသည်။ တပ်ဖွဲ့ဝင်များ၏ ကိုယ်ပိုင် အမှတ်များလည်း ပေးအပ်မည်။

အေသုံးလုံး လျှို့ဝှက်တပ်ဖွဲ့များ၏ အမှတ်အသား

Stop Sign ခေါ် လက်ဝါးအမှတ်အသားသည် ကျွန်ုပ်တို့ လှုပ်ရှားမှု၏ အမှတ်အသားဖြစ်သည်။ လက်ဝါးတံဆိပ် သည် လူထုအပေါ် အကြမ်းဖက်မှုများ၊ မတရားဖမ်းဆီး ဖိနှိပ်မှုများ၊ မတရား ဖမ်းဆီးထောင်ချမှုများ၊ ရုံးတော်များ တွင် မတရားဆုံးဖြတ်ထောင်ချသော ဥပဒေမဲ့လုပ်ရပ်များ ချက်ချင်းရပ်ဟူသော အဓိပ္ပါယ်ကို ဆောင်သည်။

လုပ်ငန်းစဉ်များ

၁။တပ်ဖွဲ့ဝင်များသည် ကြံ့ဖွတ် စွမ်းအားရှင်များ၏ နေရပ်လိပ်စာ မိသားစု သန်းခေါင်စာရင်း ၄င်းတို့၏ စီးပွား ရေး လုပ်ငန်းများ၊ ၄င်းတို့၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ ရအောင်စုဆောင်းရမည်။ ၄င်းတို့၏ သားစဉ်မြေးဆက် များအား သံဃာသတ် သာသနာဖျက်သူများ၊ နအဖစ်အုပ်စု၏ အလိုတော်ရိ ဖွတ်ကြားများ အဖြစ်နာမည် ပျက် စာရင်းဝင်များအဖြစ် အင်တာနက်မှလည်းကောင်း မြန်မာပြည် နေရာအနှံ့အပြားတွင် လည်းကောင်း ကြေညာ မည်။

၂။ အထက်ပါ နာမည်ပျက် စာရင်းဝင်များ၏ အိမ်ခေါင်မိုးများကို လစ်ရင်လစ်သလို ကျောက်ခဲများ အုတ်ခဲ ကျိုးများ လောက်လေးခွများဖြင့် တစ်ယောက်ချင်းဖြစ်စေ ၂ ယောက် ၃ ယောက် စသည်ဖြင့် တိုက်ခိုက်ရမည်။ ဤတိုက် ခိုက်နည်းကိုပုဏ္ဍကတိုက်နည်းဟု ခေါ်ဆိုရမည်။ ညအမှောင် မီးပျက်ချိန်သည် တပ်ဖွဲ့ဝင်များ အတွက် အကောင်းဆုံး လှုပ်ရှားရန်အကွက်ဖြစ်သည်။ မီးပျက်နေခြင်းသည် တပ်ဖွဲ့ဝင်များအတွက် အထူးအခွင့် အရေး ဖြစ်သည်။ မီးပျက်နေခြင်းသည် နအဖစစ်အာဏာရှင်က လူထုကို အခွင့်အရေးတစ်ခုပေးထားခြင်းဖြစ်သည်။ မီးပျက်နေ၍ စိတ်ပျက်မနေကြပါနဲ့။

၃။ ကျေးရွာများတွင် လူထုအပေါ်နှိပ်စက်သော ကျေးရွာ ရယကများအား ခေါင်းငုံ့မခံ ပြန်လည် တွန်းလှန် ကြရ မည်။

အဓမ္မသမားများကို ဆန့်ကျင်ရန်လူတိုင်းတာဝန်ရှိသည်ဟု မှတ်ယူရမည်။

တပ်ဖွဲ့ဝင်များအတွက်ဆောင်ပုဒ်များ

    ဓားရှိရင် ဓားသွေး၊ လှံရှိရင် လှံချွှန်၊

    ကြောက်စိတ်ပေါ်ရင် လောက်စလုံး လုံးပြီးဖြောက်။

    ဒူးလေးနဲ့မျှား အသင့်ပြင်ထား။

    စမုတ်တံ ဂျင်ကလိ အိမ်တိုင်းရှိရမည်။

    ဤဆောင်ပုဒ်များသည် ရွှေဝါရောင်လှုပ်ရှားမှု၏ အားနည်းချက်များကို အားဖြည့်သည့်ဆောင်ပုဒ်များဖြစ်သည်။

    လျှို့ဝှက်ဆက်သွယ်ရန်

    အေသုံးလုံးတပ်သို့ ၀င်လိုသူများ အောက်ပါ အီးမေးလ်အတိုင်း ဆက်သွယ်ပါ။ လက်ရှိ တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် ရှိကြောင်း အထောက်အထား အာမခံချက်များ လိုအပ်သည်။

အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘ၀က လွတ်မြောက်အောင် ငါတို့တိုက်ပွဲဝင်မည်

အီးမေးဖြင့် ပေးပို့လာသော ကြေငြာချက် ဖြစ်ပါသည်။ Saffrontoward.blogspot.com အနေဖြင့် ပြည်သူအများ ကို လက်ရှိဖြစ်ပေါ်နေသော အမှန်တရား ဖြစ်စဉ်များကိုသာ တင်ပြခဲ့သည့်အတိုင်း ယခုကြေငြာချက် ထုတ်ပြန် သော အဖွဲ့သည်...........
၁။အမှန်တကယ် ရှိသော အဖွဲ့အစည်းဟု ခိုင်မာသေချာစွာ သိရှိရခြင်း။
၂။ယခု ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားဆောင်ရွက်မှု အမျိုးမျိုး ပေါ်ပေါက်လာခြင်း စသည့် အချက်များကို ပြည်သူလူထုများသို့ အမှန်အတိုင်း တင်ပြလိုခြင်းကြောင့် တင်ပြပေး လိုက်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment