3.06.2009

ညအချိန် ဆယ်ကယ်စီး ထိုင်းလူမိုက်များ ဓါးဖြင့်လိုက်ခုတ် လူများသေဆုံး

Justify Fullထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ထက်အုန်းကန်၊ စဖန်ပါ နယ်မြေ အ တွင်း ဆိုင်ကယ်စီး ထိုင်းလူမိုက်များက ညမှောင်ချိန်တွင် ဓါးရှည်များ ကိုင်ဆောင်၍ တွေ့သမျှ လူကို လိုက်ခုတ်နေသဖြင့် လူအချို့ သေကြေ ကြပြီ်း အချို့  ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံကို တက်ရောက် ကုသခဲ့ ရသည်။

ဖေဖေါ်ဝါရီလ ( ၁ )ရက်ရက်နေ့ ညနေက သူငယ်ချင်းကို လိုက်ပို့၍ ပြန်လာစဉ် ဆိုင်းကယ်စီ်း လူမိုက်နှစ်ဦးက ခုတ်လိုက်သဖြင့် ဦ်းခေါင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ဆေးရုံကို တစ်ပတ်ကြာတက်ရောက် ကုသခဲ့ရသော ဒေါ်တင်ဝါက” ကျမဆေးရုံကဆင်းလာပြီ။ ခေါင်းမှာနှစ် ချက်ထိတယ်ရှင့်၊ ဘတ်တစ်သောင်းခွဲ ကုန်ခဲ့ပါတယ်။ ခုအလုပ်မလုပ်နိုင် သေးပါဘူး ဘာရန်ငြိုးရန်စမှ မရှိဘူးရှင့် ကျမနဲ့တရက်တည်းပဲ နောက် တစ်နေရာမှာ ထိုင်းတစ်ယောက် ဗမာတစ်ယောက်ဆိုင်ကယ် အတူတူ စီးလာတာ လိုက်ခုတ်လို့ သေသွားတယ်ရှင့်။ ကျမ ဆေးရုံမှာ သိရတာပေါ့နှော်၊ ကျမနဲ့ တစ်ရက်တည်းပဲရှင့်၊ နောက်တစ်ရက်မှာ အသက်၄၅နှစ် လောက်ရှိတဲ့ ဗမာ တစ်ယောက်လည်း အခုတ် ခံရလို့ သေတယ်ရှင့် သူ့ဇနီး မှာ ဗိုက်နဲ့ကျန်နေခဲ့တယ်၊

နောက်တစ်ယောက်ကတော့ ရက်ကို မမှတ်မိတော့ဘူးရှင့်”ဟု ပြောသည်။အသက် ၃၉နှစ်အရွယ်သားသမီး (၇)ဦးမိခင်ဒေါ်တင်ဝါသည် တနင်္သာရီတိုင်း ပုလောမြို့ နယ်မှဖြစ်ထိုင်းကို ရောက်ရှိသည်မှာ (၇)လသာ ရှိသေးသည်။ သားကြီး၃ဦးနှင့် အတူနေထိုင်ပြီး ငါးအသားလွှာ စက်ရုံတွင် တစ်ရက်ကို လုပ်အားခ (၁၆၀) ဘတ် ဖြင့် အလုပ်လုပ်နေသူဖြစ်သည်။အဆိုပါ နယ်မြေအတွင်း မြန်မာအလုပ်သမားများ ဖတ်ရှုလေ့လာနိုင်စေရန် ဖွင့်လှစ်ထားသော လူထုစာကြည့်တိုက်မှူး ကိုဦးက “မူးယစ်ဆေးသမားတွေလို့ ယူဆနေကြတယ်။ ဖေဖေါ်ဝါရီ လဆန်း ၁၁ရက်ကနေ ၁၅ ရက်အတွင်း နေ့တိုင်းလို အခုတ်ခံရပြီး ထိုင်းတစ်ယောက် နဲ့ မြန်မာ ၃ ယောက်သေ ဆုံးခဲ့ပါတယ်။ ကျနော်တို့အနားက ထားဝယ်က အစ်မ(ဒေါ်တင်ဝါ)ဆိုရင် ခေါင်းဦးခွံပွင့်ထွက်သွားတာ။

ခုမူးနောက်နောက် ဖြစ်နေလို့ အလုပ်တောင်မလုပ်နိုင်သေးဘူး။ ဓါတ်ခုတ်တဲ့နေ့ တွေကတော့ ပုလိပ်တွေ ကင်း လှည့်ပေးပါတယ်။ ခုမတ်လထဲမှာတော့ အခုတ်ခံရတာတော့ မကြားရတော့ဘူး။ အလုပ်အပြန် နောက်ကျတဲ့ လူတွေ ညဘက်တွေမှာ အထူးသတိထားပြီး သွားလာကြရပါတယ်”ဟု ပြောသည်။

ယမန်နှစ်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရာဘာခြံအတွင်း မြန်မာအလုပ်သမား လင်မယားနှစ်ဦးအား ငွေနှင့် ရွှေများကို လုယူပြီး လူကိုပါ သတ်ပစ်ခဲ့သော်လည်း အမှုနှင့် ပတ်သက်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ ပါ။သို့ရာတွင် ယခုအသတ်ခံရမှုတွင် ထိုင်းလူမျိုးတစ်ဦးပါ ပါဝင်နေသဖြင့် တရားခံကို ဖမ်းဆီးနိုင် လိမ့်မည်ဟု ဒေသခံများနှင့် မြန်မာအလုပ်သမား အသိုင်းအ၀ိုင်းက မျှော်လင့်နေကြသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment