3.09.2009

သတင်းပဒေသာ


အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

လျှပ်စစ်မီး မလာလို့  မနက်စောစော နေရောင်ခြည်အလာမှာ စာမေးပွဲအတွက် စာကျက်နေရတဲ့ ကျောင်းသား တစ်ဦးပါ။ ညဘက်မှာလည်း စားပွဲပေါ်မှာ ဖယောင်းတိုင် မီးလေး ထွန်းပြီး စာကျက်ရပြန်တယ်။


















နအဖအာဏာရှင်တွေ နေထိုင်တဲ့ အဆောက်အဦးတွေ၊ အိမ်တွေ လမ်းတွေမှာတော့ မီးတွေ အဆက်မပြတ် ထိန်ထိန်ညီးနေပြီး၊ ငွေရှင်ကြေးရှင် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေကလည်း မီးပြတ်ခဲ့ရင်တော့ ကိုယ်ပိုင်မီးစက်တွေနဲ့  မီးအမှောင်ဆိုတာ သူတို့ ဘ၀မှာ မရှိစေရဖူး။

ပြည်သူ့ ရင်သွေး သားသမီးတွေ စာမေးပွဲတွေ အောင်မြင်ပြီး ပညာတတ်ကြီးတွေ ဖြစ်မှာစိုးလို့  ဒုက္ခ အခက်အခဲတွေ အမျိုးမျိုးကြုံအောင် ဖန်တီးပေးထားတဲ့အနေနဲ့  စာမေးပွဲတွေ နီးချိန်မှာရော သာမန်အချိန်တွေ မှာရော လျှပ်စစ်မီး မပေးဘဲ အမှောင်ချထားတဲ့ နအဖရဲ့  ယုတ်မာချက်ကတော့ ရိုင်းစိုင်းလွန်းပါတယ်။






















ပြည်သူတွေ မှောင်မှောင်မဲမဲထဲမှာ နေနေ ချိန်မှာတော့ နအဖအာဏာရှင်တွေက မီးအလင်းရောင် ထိန်ထိန်လင်းနေတဲ့ အောက်မှာ ဇိမ်ခံမှုအမျိုးမျိုးနဲ့ နေ နေကြတယ်။ သူတို့ ရဲ့  သားသမီးတွေ ပျော်ရွှင်မြူးတူး သောင်းကျန်းကြတဲ့ နေရာတွေမှာလည်း မီးအလင်းရောင် စုံနဲ့ သာယာ မိန်းမောနေကြတယ်။ ပြည်သူတွေတော့ ညဘက်အမှောင်မှာရော ဘ၀ဒုက္ခအမှောင်မှာရော တစ်နေ့ ထက်တစ်နေ့  နက်ရှိုင်း နစ်မြုပ် နေကြရတယ်။

ဒီအမှောင်ကျနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ လျှပ်စစ်မီးတွေ ပေးပါလို့  တောင်းဆိုနေရုံနဲ့  အလင်းရောင် ပြည့်စုံမှာ မဟုတ်တဲ့အတွက်၊ အမှောင်ကိုခွင်းပြီး အလင်းဆောင်ဖို့  မီးမလာလို့ အမှောင်ထဲမှာ နေနေကြရတဲ့ မြို့ တိုင်း နယ်တိုင်းနဲ့  မီးမရှိတဲ့ဘ၀မှာ နေနေကြရတဲ့ ရွာတိုင်း ဒေသတိုင်းက ပြည်သူတွေအာလုံးက ဒီနအဖ အာဏာရှင်ကို စုပေါင်း တိုက်ထုတ်ပစ်ကြရမယ်။

အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

နစ်နေမန်းဘလော့မှ



အလဇ္ဇီရဟန်း နှင့် ပြည်ပသာသနာ

အလဇ္ဇီရဟန်း နှင့် ပြည်ပသာသနာ

"လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အဖြစ်အပျက် တခုဟာ အခုထိ အကောင်အထည် မပေါ်ဘဲ ဖြစ်နေလို့ နည်းနည်းတော့ ပြောချင်လာတယ်၊ စာရေးသူတို့ စကင်ဒီ နေဗီးယန်း နိုင်ငံတခုဖြစ်တဲ့ ဖင်လန်ကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က စတင် ရောက်လာကြပါတယ်။"

Read more...
မြန်မာ့အရေး အမြင့်ဆုံး ရောက်လုချိန် ကုလသမဂ္ဂ တုန့်ဆိုင်းဆိုင်း ဖြစ်နေဆဲ

မြန်မာ့အရေး အမြင့်ဆုံး ရောက်လုချိန် ကုလသမဂ္ဂ တုန့်ဆိုင်းဆိုင်း ဖြစ်နေဆဲ

"ပြီးခဲ့တဲ့ သီတင်းပါတ် အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန် အကျဉ်းထောင် အပါအဝင် တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။"

မိုး စုန်းစုန်းချုပ်နေတဲ့ ငါတို့ရဲ့ မနက်ဖြန်များစွာ

မိုး စုန်းစုန်းချုပ်နေတဲ့ ငါတို့ရဲ့ မနက်ဖြန်များစွာ

"ခြေကားယား လက်ကားယားနဲ့ ဟစ်ဟော့ တပုဒ် အော်သွားတဲ့ လူငယ်တသိုက်၊ ဘုံဆိုင်အထွက် အိမ်အပြန် ခေါင်းငိုက်စိုက်ချ ခြေလှမ်းယိုင်နဲ့နဲ့ အမူးသမား တယောက်၊ မီးတိုင်အို မှောင်မှောင်အောက်က ဈေးခေါ်နေတဲ့ ညဉ့်ငှက်လေးတွေ၊ တချက်တချက် အတင်း ဖြတ်မောင်းသွားတဲ့ တက္ကစီပေါ်က ခိုးခိုးခစ်ခစ် ရယ်မောသံတွေ..."

ဖြစ်မျိုးစုံလင် ဤတလတွင် ( ဖေဖေါ်ဝါရီလ )

ဖြစ်မျိုးစုံလင် ဤတလတွင် ( ဖေဖေါ်ဝါရီလ )

"ကမ္ဘာ့ ရာသီဥတုသည် နေရာ အတော်များများတွင် နှစ်များစွာမှ တကြိမ်သာ ဖြစ်တတ်သော စံချိန်တင် ကမောက်ကမ ရာသီဥတုဒါဏ်ကို လူတွေ အတော် ခံစားလိုက်ရ၏။"


- မြန်မာနိုင်ငံအမျိုးသမီးရေးလှုပ်ရှားသူများ ပိုမိုများပြားလာ click
- နောက်ထပ်အကူအညီပေးလုပ်သားများ တိုင်းပြည်မှ နှင်ထုတ်မည်ဟု ဆူဒန်သမ္မတ အကျပ်ကိုင် click
- ဆူဒန်သမ္မတအပေါ် ဖမ်းဝရမ်းထုတ်တာနှင့် ပတ်သက်၍ မြန်မာ့အမြင် click
- မြောက်အိုင်ယာလန် တိုက်ခိုက်မှုဂယက် click
- မြောက်အိုင်ယာလန် ပစ်ခတ်မှု click
- မန္တလေးတိုင်းအတွင်း လူငယ်တွေပြန်လည်ဖွဲ့စည်း click
- စစ်အစိုးရထောက်ခံသူ အဖွဲ့တွေရဲ့ သွေးစည်းညီညွတ်ရေးအစည်းအဝေး ကျင်းပမည် click
- မြန်မာပင်စင်စားတွေရဲ့ လစာအဆမတန်နည်းပါး click
- လျှပ်စစ်မီးမရတဲ့ ကျောင်းသားတွေနဲ့ လျှပ်စစ်ရုံး ပဋိပက္ခဖြစ် click
- လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ လယ်သမားတွေ မြေသိမ်းခံရ click

No comments:

Post a Comment