5.24.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

တရားနှင့် ဓား

မိုးချိုသင်း

မေ ၂၃၊ ၂၀၀၉

အခုတလော စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်နေတာပါ။ ကိုယ့်ဘလော့မှာ ခေါင်းစည်းတင်ထားတဲ့ “တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်” ဆိုတဲ့စာသားကို တော်တော်ဘ၀င်မကျ၊ သံသယ ဖြစ်နေမိတာပါ။

တရား နိုင်ဖို့အတွက် ဓားကိုတော့ ပစ်လို့ မရဘူးထင်တယ်လို့ မိတ်ဆွေတယောက်က ပြောဖူးတာကိုလည်း သတိရနေတယ်။ ဒါကြောင့် စိတ်လဲ မရွှင်တာမို့ စာရေးဖို့ အတော် တွန့်ဆုတ်နေမိပါတယ်။

အျပည့္အစုံသိုႛ ...
Scene in Peshawar, Pakistan after bombinh, 22 May 2009

ပါကစ္စတန်နိုင်ငံ Swat တောင်ကြားက အဓိကမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ တလမ်းဝင် တလမ်းထွက် သွားနေကြပြီးတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိ

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိ

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းတွင် အပြစ် မရှိ ကြောင်း သောကြာနေ့က တရားရုံးတွင် ဖြေကြားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က အဓိက ခေါင်းဆောင်တဦးအဖြစ် ရှိနေဆဲ”

“ဒေါ်အောင်ဆန်းစုကြည်က အဓိက ခေါင်းဆောင်တဦးအဖြစ် ရှိနေဆဲ” ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အဓိက ခေါင်းဆောင်းတဦးအဖြစ် ရှိနေဆဲဆိုသည်ကို မြန်မာအာဏာပိုင်များ၏ တုံ့ပြန်မှုများတွင် အထင်အရှားမြင်တွေ့ နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ
ဆက်ဖတ်ရန် ...

မြန်မာ့အရေး လုံခြုံရေးကောင်စီ စိုးရိမ်

လက်ရှိ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် မခိုင်မာသည့် စွဲချက်တင်ထားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများအနက် အင်အားအကြီးဆုံး နိုင်ငံ ၁၅ နိုင်ငံက မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နှောင်တည်းထားသည့် ရှုံ့ချည်နှပ်ချည် သားရေပင်ဥပဒေ

စစ်အစိုးရက နောက်ဆုံးတွင် ကိုယ့်လုပ်ရပ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်မှန်း မသိနိုင်သော အမေရိကန် လူမျိုးတဦး ထံမှနေ၍ ဒေါ်အောင်ဆန်း

more


more


more

နအဖအလိုကျ သတင်းရေးသားဖေါ်ပြနေကြသော သတင်းဂျာနယ်များအား သပိတ်မှောက်





24/05/2009

မေလ (၂၀) ရက်နေ့ က နအဖကနေ အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးကို ၀င်ခွင့်ပြုခဲ့တဲ့ ပြည်တွင်းသတင်းဂျာနယ်တွေက ယခုဖေါ်ပြထားတဲ့ သတင်းဂျာနယ် (၅) ခုဖြစ်ပါတယ်။

(၁) Weekly Eleven (ထုတ်ဝေသူ - ဒေါက်တာ သန်းထဋ်အောင်) ။

(၂) Myanmar Times (ထုတ်ဝေသူ - ဒေါက်တာတင်ထွန်းဦး) ။

(၃) Popular ပေါ်ပျူလာ (ထုတ်ဝေသူ - ဟိန်းလတ်) ။

(၄) Yangon Times ရန်ကုန်တိုင်းမ် (ထုတ်ဝေသူ - ကိုကို - စက်မှု) ။

(၅) Snap Shot လျှပ်တစ်ပြက် (ထုတ်ဝေသူ - မြတ်ခိုင်) ။

တို့ ဖြစ်ပြီး၊ နအဖဟာ သူနဲ့  ပလဲပနံသင့်တဲ့ သတင်းဂျာနယ်များကိုသာ ရွေးချယ်ခေါ်ယူပြီး တရားရုံးအတွင်းကို ၀င်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဂျာနယ်တွေက သတင်းထောက်တွေကို ဗန်းပြပြီး ထိုနေ့ က လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာသံတမန်များကို ပြည်တွင်းသတင်းထောက်တွေ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပြုတယ်ဆိုပြီး ပြယုဒ်သက်သက် လှည့်ဖြားတာ ဖြစ်ပါတယ်။

ထို့ အပြင် ဒီသတင်းဂျာနယ်တွေရဲ့  ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာ နအဖတွေနဲ့  အဆင်ပြေအောင် ပေါင်းပြီး အာဏာရူးတွေ အလိုကျ သတင်းများကို အသားပေးပြီး ရေးသားဖေါ်ပြနေကြတာတွေကို တွေ့ ရှိရပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ နအဖမှ မတရားအမှုဆင် တရားစွဲဆိုမှုနဲ့  ပတ်သက်ပြီး၊ သတင်းအမှန်အတိုင်း မရေးသားဘဲ နအဖအလိုကျ ဘက်လိုက်ပြီး သတင်းရေးသားလျှင်(သို့ ) ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိခိုက်နစ်နာစေသည့် ရေးသားမှုများ ရေးသားလျှင် ကျွန်ုပ်တို့  ပြည်သူလူထုအနေနှင့် အောက်ဖေါ်ပြပါ ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။

(၁) အဆိုပါ သတင်းဂျာနယ်များအား ပြည်သူများမှ လုံးဝ မ၀ယ်ယူ မဖတ်ရှူဘဲ သပိတ်မှောက်ခြင်း၊

(၂) အဆိုပါ သတင်းဂျာနယ်မှ သက်ဆိုင်ရာ ထုတ်ဝေသူများ၊ အယ်ဒီတာများ၊ သတင်းထောက်များအား ပြည်သူလူထုမှ ဒါဏ်ခတ်ခြင်း၊

(၃) အဆိုပါ သတင်းဂျာနယ်ဌာနများအား ပြည်သူလူထုမှ လိုအပ်သလို အရေးယူ ဆောင်ရွက်ခြင်း - တို့ ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကြိတင် သတိပေးအပ်ပါတယ်။
http://www.niknayman-niknayman.co.cc/

(နအဖအလိုကျ သတင်းဖေါ်ပြရေးသားနေမှုများကို ကန့် ကွက်သည့် ပြည်သူများ)။

No comments:

Post a Comment