6.30.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

“သတင်းစာ လွတ်လပ်ခွင့်ရှိမှ ရွေးကောက်ပွဲ တရားမျှတနိုင်မယ်”

မြန်မာနိုင်ငံတွင် သတင်းစာ လွတ်လပ်ခွင့် ရရှိနိုင်ရန် နိုင်ငံရေးလွတ်လပ်ခွင့် ပထမဦးဆုံး လိုအပ်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး တဦးဖြစ်သူ လူထုစိန်ဝင်းက ပြောကြားလိုက်သည်။

မြန်မာပြည်သို့ လက်နက်ပစ္စည်းတင်ပို့သည်ဟု ယူဆရသူ ၃ ဦး ဂျပန်တွင် အဖမ်းခံရ

တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းတမျိုး မြန်မာပြည်သို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသူဟု ယူဆရသော လုပ်ငန်းရှင် ၃ဦး ကို ဂျပန်ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်ကြောင်း

ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေး စီမံချက်ကြောင့် ဒေသခံများအခက်တွေ့

ချင်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရန် အစိုးရက စီမံချက် ဆောင်ရွက် နေခြင်းကြောင့် မိရိုးဖလာ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများ စားဝတ်နေရေး အခက်တွေ့

တလအတွင်း မြန်မာ ၄၀၀၀ ထိုင်းတွင် အဖမ်းခံရ

နေထိုင်ခွင့် လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည် ဆိုသည့် သတင်းကြောင့် မြန်မာနိုင်ငံသား အမြောက်အမြား ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်လျက်ရှိရာ ဇွန်လ တလ

တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတွင်း တူးဖော်

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အနီးတွင် မြန်မာ စစ်အစိုးရနှင့် ရှရှားနိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူးပေါင်း၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင်နေသည်ဟု

စံပြရွာသားများ နေအိမ်များကို စွန့်ခွာထွက်ပြေး

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး -နတလ အစီအစဉ်ဖြင့် တည်ဆောက်ထားသော စံပြကျေးရွာများရှိ ရွာသားများသည် စားဝတ်နေရေး ခက်ခဲသဖြင့် နေရပ်ရင်းသို့ ပြန်လည်ထွက်ပြေးမှုများ ရှိနေ ......

စစ်အစိုးရ၏ သတ္တုတူးဖော်ရေးစီမံကိန်းကြောင့်
ပြည်သူ့အိုးအိမ် (၇) ထောင်ကျော် ပျက်စီးဆုံးရှုံးကိန်းဆိုက်


ဝီရ / ၃၀ ဇွန် ၂၀၀၉

“ပြည်သူတွေရဲ့စိုက်ပျိုးမြေ ဧက (၁) သောင်းကျော် အသိမ်းခံလိုက်ရ တယ်။ လူဦးရေ (၇) ထောင်ကျော် ရွှေ့ပြောင်းခံရတော့မယ်။ မြေယာ အသိမ်းခံရတဲ့သူတွေကိုလည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးတာမဟုတ်ဘူး။ ၂၀၀၆ ခုနှစ်အစပိုင်းက ...” အပြည့်အစုံသို့
မယ်လဒုက္ခသည်စခန်း ပြာပုံဖြစ်ရမည်ဟု ဒီကေဘီအေတပ်ဖွဲ့ ကြိမ်းဝါး
NEJ / ၃၀ ဇွန် ၂၀၀၉ “ဒီကေဘီအေကလူတွေ အတော့်
ကို စိတ်ဆိုးနေကြတယ်။ သူတို့ တိုက်ခိုက်ခံရတဲ့...”အပြည့်အစုံသို့

မိုင် ၉၀၀ ခရီးစဉ်၏ ၂၈ ရက်မြောက်နေ့ 28th day of 900 miles for Long March

State Route 528 N လမ်းကြောင်းပေါ်မှာ

၂၈ ရက်မြောက်နေ့ (ဇွန်လ ၂၇ ရက်၊ ၂ဝဝ၉)၊ စနေနေ့



ဒီကနေ့ State Route 528 N နှင့် State Route 166 E တို့ဆုံရာလမ်းခွမှ State Route 528 N အတိုင်းမြောက်ဘက်သို့ ဦးတည် ချီတက်ကြ၏။ လေအေးတဖြူးဖြူးတိုက်နေသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်ပြေလေ၏။ လမ်းခွမှ ၁ဝ မိနစ်ခန့် လျှောက်ပြီးချိန်၌ သဲအကြီးအကျယ်ထုတ်လုပ်သော စက်ရုံတခုကိုတွေ့ကြရ၏။

ပေါ့ပ်တေးဂီတ အရှင်သခင် မိုက်ကယ်ဂျက်ဆင် ဈာပန

လန်ဒန် တေးဂီတပွဲ အတွက် ပြင်ဆင်နေတဲ့ မိုက်ကယ်

ပေါ့ပ်တေးဂီတ အရှင်သခင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပန ကို လာရောက် ဂါရ၀ပြုကြမဲ့ သန်းနဲ့ချီတဲ့ သူ့ရဲ့ ပရိသတ်တွေ၊ နိုင်ငံအသီးသီးက ပေါ့ပ်တေးဂီတချစ်မြတ်နိုးသူတွေ၊ ကမ္ဘာကျော်အဆိုတော်တွေ နှင့် တေးဂီတ ပညာရှင်တွေ ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိမ်ဂျဲလီးစ်မြို့ကို သွားရောက်နေကြပါပြီ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပန ဟာ ကမ္ဘာမှာ အများဆုံး စိတ်ဝင်တစားလာရောက်တက်ရောက်ဂါရ၀ပြု ကြည့်ရှု့ ကြတဲ့ Rock and roll အရှင်သခင်ကြီး အဲဗက်ပရက်စလေ၊ ဒိုင်ယာနာ တို့ထက် ပိုမိုစည်းကား မှာ ဖြစ်တာ ကြောင့် လော့အိမ်ဂျဲလီးစ်မြို့ ရဲတပ်ဖွဲ့တွေကတော့ ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါပြီ။ ဈာပန ကို မိသားစုဝင် တွေပဲ သီးသန့်ပဲလုပ်မလား၊ လူတွေအားလုံးဂါရ၀ပြုနိုင်အောင် လူသိရှင်ကြားပဲ ကျင်းပမလားဆိုတာကတော့ သူ့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက မကြာခင်မှာပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။

ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်အကြောင်း။

(၂၃-၆-၀၉) ရက်နေ့  နံနက် ၁၀း၁၅နာရီက ဦးမြင့်လွင် (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ရုံးအဖွဲ့မှူး) ဟာ စာပေဗိမာန်အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေခဲ့ပြီး ထိုသို့ပြုလုပ်ရခြင်းမှာ အထက်လူကြီး၏ ဖိအားကြောင့်ဟု သေတမ်းစာရေးခဲ့သည်ဟု သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖအထက်လူကြီးများကနေ သဘာဝဘေးအန္တရာယ်ကြောင့် ခုန်ချသွားခြင်းဖြစ်တယ်လို့ သတင်းလွှင့်ခိုင်းထားပြီး ပြည်တွင်းစာနယ်ဇင်းများကို သတင်းရေးသားဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်းသိရှိရပါတယ်။


ထိရောက်မြန်ဆန်သည့် သတင်းထုတ်ပြန်မှုမျိုး လိုအပ်နေ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၃၀၊ ၂၀၀၉

အစိုးရမီဒီယာဖြစ်သည့် တီဗီသတင်းနှင့် သတင်းစာတွင် မြန်မာနိုင်ငံတွင် ပထမဆုံး လူတုပ်ကွေး ကူးစက်ခံရသူ ဖေါ်ပြပြီးသည့် နောက်တွင် ပုဂ္ဂလိက မီဒီယာဂျာနယ်မှ သတင်းထောက် များအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ တုံ့ပြန်ချက်၊ လူထုသို့ အကြံပေးချက် စသည့် သတင်းအချက်အလက်များ ရအောင် ကျန်းမာရေး ဌါနမှ တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်ခဲ့ ကြသော်လည်း ပွင့်လင်းပြီး မြန်ဆန်သည့် သတင်း ထုတ်ပြန်မှုမျိုး မရှိကြောင်း သိရှိရသည်။
အျပည့္အစုံသိုႛ ...

မိုးမခ ရဲ့ ဇွန်လ စာကိုး စကားကိုး
ဇွန် ၂၉၊ ၂ဝဝ၉
အျပည့္အစုံသိုႛ ...

United Nations Secretary-General Ban Ki-moon, April 17 ,2009.AP

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေ ရှိလာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ လာမယ့် သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

People celebrate in Basra, Iraq's second-largest city, 550 kilometers (340 miles) southeast of Baghdad, Iraq, 29 Jun 2009

A Hungarian researcher checks the amount of a sample as part of the country's swine flu, H1N1 virus research in the lab of the Chief Medical Officer (ANTSZ) in Budapest, 27 May 2009

No comments:

Post a Comment