8.11.2009

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁နှစ်ခွဲ ချလိုက်ပြီ

ကြားဖြတ်သတင်း
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ်ချမှတ်ကြောင်း စီရင်ချက်ချလိုက်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် သက်ညှာသည်ဟု ဆိုကာ ထောင်ဒဏ်ကို ၁နှစ်ခွဲ ဟု လျှော့ချပေးလိုက်ပြီး ထိုထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ် အဖြစ် နေအီမ်တွင် ပင် အကျယ်ချုပ်နှင့် နေရမည်ဖြစ်သည်။ အတူနေသူ နှစ်ဦးကို လည်းထိုသို့ အလားတူ ပင် စီရင်ချက်ချ ခဲ့သည်။
ဂျွန်ဝီလျှံ ယက်တောကိုမူ ထောင်ဒဏ် ၇နှစ် ချမှတ်လိုက်ကြောင်း သိရပါသည်။
မည်သို့ပင်ဖြစ်စေ နအဖ စစ်အာဏာရှင်များအနေဖြင့် သူတို့ အလိုကျဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆောင်ရွက် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်ဖြင့်သာ ရှိစေလိုသည့် ဆန္ဒကို အကောင်အထည်ဖေါ် လိုက်ခြင်းဖြင့် မည့်သည့် ညှိနိုင်းမှုမှ ဆောင်ရွက်မည် မဟုတ်ကြေင်းထင်ရှားစွာပြလိုက်ခြင်းသာ ဖြစ်ပါတော့သည်။

No comments:

Post a Comment