8.12.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ယက်တောကို လွှတ်ပေးဖို့ ဗိုလ်သန်းရွှေ တွေ့ချင်တဲ့သူ

(ကိုဇာဂနာ ဖတ်ဖို့ ဟာသ)

ပျော်တော်ဆက် သာဂိ

သြဂုတ် ၁၂၊ ၂၀၀၉

ခင်ဗျားနဲ့ အဆက်ကပြတ်နေတော့ ပြက်လုံးတွေ မကြားရဘူး။ ကျုပ်တို့ဖက်ကပဲ ခင်ဗျား ရီရအောင် ပြက်လုံးတွေ လုပ်ကြံရတော့မှာပေါ့။ အခု ဒေါ်စုနဲ့ မိတ်ဆွေ ၂ ယောက်ကို အကျယ်ချုပ် ၁၈ လ ချလိုက်တယ်။ နေအိမ်ကို ပြန်နေကြဆိုပဲ။ နောက် လူစိမ်းတွေ ရေကူးပြီး မ၀င်နိုင်အောက် အင်းယားကန်က ရေတွေကို ဖောက်ထုတ်ပစ်ထားမယ်လို့လဲ အမိန့်ထုတ်ထားသော်လည်း ဟိုမျောက်လောင်းကလေး မော်တော်ဘုတ်စီးဖို့ ရေကန် မရှိမှာစိုးလို့ဆိုပြီး “ဆိုင်းငံ့” ထားသေးသတဲ့။
အျပည့္အစုံသိုႛ ...

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချတဲ့နေ့
ဓာတ်ပုံသတင်း
သြဂုတ် ၁၁၊ ၂၀၀၉
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဗြိတိသျှ သံရုံးတွင် ဗြိတိသျှ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နောက်ခံဖြင့် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဆွီဒင်နိုင်ငံ ၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချလိုက်သည်။ ဆွီဒင်သည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ယူထားသည်။

(photos: AP and Reuters)

ယနေ့ အင်းစိန်ထောင်ဝန်းကျင်မြင်ကွင်း။ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက နှိပ်ကွပ်ရန် လုံခြုံရေးယူထားသည့် လုံထိန်းများ၊ သံတမန် မော်တော်ယာဉ်တန်းကို လမ်းရှင်းပေးနေသည့် တပ်ထိန်းများ၊ အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းတခုရှိ စစ်ဆေးရေးဂိတ်။

ယနေ့ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမာခံ အဖွဲ့ဝင် ၂ ဦး။

တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးများရှေ့ မြင်ကွင်းများ။

ဗြိတိန် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့ရှိ မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြနေသူများ။ ဗြိတိန်ရှိ မြန်မာသံရုံးက ယာယီပိတ်ထားကြောင်း ဆိုင်းဘုတ် ချိတ်ထားသည်။




more


more


more

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ရန်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် အမိန့်အပေါ် NLD အဖွဲ့ဝင်များ အမြင်မတူကြ

ယနေ့ ချမှတ်သည့် အမိန့်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၏ သဘောထားမှာ တဦးနှင့်တဦး မတူဘဲ ကွဲပြားလျှက် ရှိကြောင်း တွေ့ရသည်။ “NLD အနေနဲ့

အာဏာရှင်စနစ် ဘယ်လိုနိဂုံးချုပ်မလဲ


ဦးအောင်ခင် / ၁၁ သြဂုတ် ၂၀၀၉
လွတ်လပ်ရေးအတွက် အနစ်နာခံရတဲ့ အတိုင်းအတာဟာ တနိုင်ငံနဲ့တနိုင်ငံ မတူကြဘူး။ ဒါပေမယ့် လွတ်လပ်ရေး ရအောင် ကြိုးပမ်းနေသမျှ အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အခွင့်အလမ်း အမြဲတမ်းရှိနေတယ် ...အပြည့်အစုံသို့
လုံခြုံရေးတိုးပြီ

ဒေါ်စုကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက် ......

No comments:

Post a Comment