9.09.2009

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှုးချုပ်ဖုန်းဆွေမှ ကိုးကန့်ဒေသတွင် သတင်းစာရှင်းလင်း

သတင်းစာရှင်းလင်းပွဲအား မနေ့က ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေမှ ဦးဆောင်ပြုလုပ် ခဲ့သည်။ လက်နက်ထုတ်သည်ဟု စွပ်စွဲထားသူ ဦးဖုန်ကြားရှင်ရဲ့သမီးအိမ်ကို အိမ်ကိုလည်း လိုက်ပြပြီး ထိုစက်ရုံကို ပြီးခဲ့သော သြဂုတ်လ ၈ရက်နေ့ သိမ်းဆည်း ရမိခဲ့ကြောင်း၎င်းက ဆက်လက်ပြောပြပါသည်။ ရဲ၁၄ ယောက်ကိုသတ်ခဲ့သော ကိုးကန့်အချုပ်ခန်း ကိုလည်း သတင်းထောက်များအားပြသခဲ့ကြောင်း သိရသည်။
ထို့အပြင် ကိုးကန့်တို့သည် တရားမဝင် မှုးယစ်ဆေးဝါး ရောင်းဝယ်မှုကို ပြုလုပ်ခဲ့ကြောင်းပြောခဲ့ပြီး ထိုလုပ်ရပ် များကို ဦးဖုန်ကြားရှင်နှင့် အတူပါဝင်သွားသူ ခေါင်းဆောင် ၃ဦးကသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောခဲ့ပါသည်။
ထိုအဖြစ်အပျက်များကြောင့် စစ်တပ်၊ ရဲတပ်သားများနှင့် ကိုးကန့်တို့ သြဂုတ်လ ၂၇ မှ ၂၉ထိ ၃ရက်ကြာ တိုက်ပွဲဖြစ်ပွါး ခဲ့ကြရသည်ဟု ပြောပြခဲ့ပါသည်။
ယခုအခါ ကိုးကန့် ယာယီအုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင် ပေဆောက်ရှိန် ဦးဆောင်သော လက်နက်လူအင်အား ၈၀၀-(ဖုန်ကြားရှင်နှင့် ထွက်ပြေးသွားသော လူ၁၇၀အပါအဝင်)က နယ်ခြားစောင့်တပ်လုပ်ရန် သဘော တူညီခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရန်လည်း သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်ဟု ပြောပြသွားခဲ့ကြောင်းသိရသည်။
ကိုးကန့်လက်နက်ကိုင် အင်အားစုများသည် ပြီးခဲ့သော ၁၉၈၉ခုနှစ် မတ်လ ၂၁ရက် ကတည်းက လူအင်အား ၂၀၆၇ယောက် လက်နက် ၁၃၄၅လက်ဖြင့် ပြန်ဝင်လာခဲ့ပြီး စစ်အုပ်စုနှင့် အစောဆုံး အပစ်အခတ် ရပ်စဲခဲ့သော အဖွဲ့ အစည်းဖြစ်သည်။ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်မှ နယ်ခြားစောင့်တပ်ဖွဲ့ရန် တရားဝင် ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး နောက် ကိုးကန့်ဒုတိယခေါင်းဆောင်မှ ယခု ကဲ့သို့ အာဏာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွါးခဲ့မှုကြောင့် ကိုးကန့် ဒေသတွင် နေထိုင်သူ ၃၀၀၀၀ ကျော်ခန့် နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရသည်။ ၄င်းတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်နေ့ ညနေ ၆နာရီအထိ ထွက်ပြေးခဲ့သူ ၁၅၆၀၇ ယောက် ပြန်လာခဲ့ပြီဟု ပြောခဲ့ပြီး ယခုအခါ ပုံမှန်အခြေအနေသို့ ရောက်ရှိနေပြီဟု ပြောဆိုခဲ့ပါသည်။

သတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment